မာတိကာသို့ ခုန်သွားရန်

အသုံးပြုသူ:အောင်ဖြိုးဝေ

ဝီကီပီးဒီးယား မှ

ကျွန်ုပ်၏ အမည်ရင်းမှာ အောင်ဖြိုးဝေ ဖြစ်သည်။ ဇာတိမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ဇီးတောတောင်ရွာ ဖြစ်သည်။ ၁၆ရက် ဇန်နဝါရီလ ၁၉၉၄ ခုနှစ်ဖွားဖြစ်သည်။ စာဖတ်ခြင်းသို့ ဝါသနာနှစ်ခြိုက်သူဖြစ်သည်။ လွတ်လပ်စွာတွေးတောခြင်း၊ ကိုယ်ပိုင်ဟန်ပန် တည်ရှိခြင်းတို့ကို ကျွန်ုပ်သိပ်သဘောကျသည်။ သဘောထားကွဲလွဲမှုရေချိန်တိုင်းတွင် ကျွန်ုပ်၏ပေတံမှာ ကိုယ်ကျိုးမဖက်ခြင်း သာဖြစ်သည်။ လူတို့၏တစ်ဦးခြင်းစေတနာကောင်းများ နှင့် အများအတွက်ပေးဆပ်လိုစိတ် ရှိသူတို့ စုပေါင်းနေသော ဒေသကိုသာ ဒီမိုကရေစီ တိုင်းပြည်ဟု တွေးထင်သည်။ ကျွန်ုပ်သည် အရိုးရှင်းဆုံးတွေးတောခြင်းများမှ အဖြူစင်ဆုံးရလဒ်များကိုသာ မျှော်လင့်သူဖြစ်သည်။ ကျွန်ုပ်သည် လမ်းခရီးရှည်လွန်းသော်ငြား ဖြောင့်နေလျှင်လျှောက်မည့်သူသာဖြစ်သည်။