မာတိကာသို့ ခုန်သွားရန်

အသုံးပြုသူ:ရဲရင့်ကျော်

ဝီကီပီးဒီးယား မှ

အမည်ရင်း မှာ ကိုကျော်စိုးမိုး ဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားမှုများတွင် လူအများစုက ရဲရင့်ကျော် ဟု လူသိများသူဖြစ်သည်။ မိဘတွေက အဖ ဦးစိန်မောင် နဲ့ အမိ ဒေါ်ခင်စိန် ဖြစ်ပြီး ၁၉၇၂ ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၌ မွေးဖွားခဲ့ပါသည်။ မွေးချင်းရှစ်ယောက်ရှိပြီး နှစ်ယောက်က ကွယ်လွန်ခဲ့ပြီး ဖြစ်၍ ခြောက်ယောက် ကျန်ရှိသည် ။ မန္တလေး အမှတ် (၁၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ၁၀ တန်းအထိ သင်ကြားခဲ့သည်။


နိုင်ငံရေးတက်ကြွမှုနှင့် ပါဝင်ပတ်သက်မှု အကျဉ်းချုပ်


၁၉၈၈ (၈-၈-၈၈) အရေးတော်ပုံကာလ တွင် အမှတ်(၁၃) အထက ကျောင်းသားဘဝ ဖြစ်ပြီး ၊ မန္တလေးမြို့ သကျသီဟဘုရားဝင်းအတွင်း ဖွင့်လှစ်ထားသော ကျောင်းသားသမဂ္ဂအမာခံတပ်ဦးတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်သောအခါ မန္တလေးတိုင်းဒေသကြီး အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းခဲ့သည်။ အထက်တန်းကျောင်း။ ၁၉၈၉ ခု မှာ ဒုဥက္ကဌ တာဝန် နဲ့ ၁၉၉၀ ခုနှစ်မှာ ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ထိုသို့ နိုင်ငံရေးပတ်သက်မှုများကြောင့် ကျောင်းထုတ်ခံခဲ့ရသည်။

၁၉၉၀ တွင် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ၁၉၉၀ ခု မန္တလေးမြို့ မစိုးရိမ်တိုက်ဟောင်း တွင် ကျင်းပသော ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်) အလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းရာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (အထက်မြန်မာပြည်) ၏ ဗဟိုကော်မတီဝင် (၅)ဦးဝင် ဖြစ်ခဲ့သည်။

၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့ ည ၈း၀၀ နာရီခန့်တွင် စစ်ထောက်လှမ်းရေး(၁)၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ အရေးပေါ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၅ (ည) ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ၊ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး လှမြင့် ဦးဆောင်သော စစ်ခုံရုံး(၁) မှ ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့သည်။ ၁၉၉၂ ဒီဇင်ဘာ ၃၀ မှာ ပြစ်ဒဏ်လျှော့ပေါ့ဖြင့် မန္တလေး နန်းတွင်း ထောင်မှ လွှတ်မြောက်ခဲ့သည်။

၁၉၉၆ ခုနှစ် ကျောင်းသား အရေးအခင်း အတွင်းမှာ စစ်ထောက်လှမ်းရေး အမှတ် ၁၆ ၏ ယာယီ ထိန်းသိမ်း ခံခဲ့ရပြီး စစ်ကြောရေး အပြီး ပြန်လွတ်လာသည်။ ၂၀၀၇ ခုနှစ်တုန်းက ဆင့်ခေါ်ခံရသော်လည်း ရွှေဝါရောင် တော်လှန်ရေးတွင် အဖမ်းမခံခဲ့ရပေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့သည်။

၂၀၁၀ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရ စတင်တာဝန်ယူပြီးနောက် မန္တလေးနိုင်ငံရေးအဖွဲ့များ မှ ရဲဘော်များနှင့် အတူ ပရဟိတလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကလေးသူငယ်ချစ်သူများကွန်ရက် ထူထောင်ရေးတွင် ပါဝင်ခဲ့ပြီး ကချင်ပြည်နယ်ရှိ စစ်ဘေးသင့် ဒုက္ခသည်စခန်းများသို့ သွားရောက်၍ ကူညီထောက်ပံ့ရေးများ ဆောင်ရွက်ခဲ့သည်။

မန္တလေးမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေတဲ့ စိမ်းရောင်စို အဖွဲ့တွင် ပါဝင်ခဲ့ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သစ်ပင်စိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။ စိမ်းရောင်စို နဲ့ အတူ ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းတွေကို ဒုတိယအကြိမ်အဖြစ် အကူအညီတွေ ပေးခဲ့သည် ။ ကိုရဲရင့်ကျော် ၊ ကိုကျော်စိုးမင်း ၊ ကိုရှည်ရှည် ၊ ကိုလှိုင်ဘွား စသည့် သူငယ်ချင်းလေးယောက်နှင့်အတူ (ငြိမ်းချမ်းရေးနေ့သစ်များ) အမည်ဖြင့် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းတွေကို တတိယအကြိမ် အဖြစ် အကူအညီတွေ ပေးခဲ့သည် ။

၂၀၁၂ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်)တွင် ခေတ် အဆက်ဆက်က တာဝန်ယူ ထမ်းရွက်ခဲ့ကြသော နောင်တော်ကျောင်းသားကြီးများနှင့် ၈၈-ခုနှစ်မှ တာဝန်ထမ်းရွက်ခဲ့ကြသော ကျောင်းသား လူငယ်များသည် ကျောင်းသားသမဂ္ဂများ တရားဝင် ဖြစ်ထွန်း ပေါ်ပေါက်လာရေး အတွက် ဆွေးနွေး တိုင်ပင်ခြင်းကို (၈-၁-၁၂) နေ့၊နေ့လည် (၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်မြန်မာပြည်) တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီ ကို ၁.၂.၂၀၁၂ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်မြန်မာပြည်) တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီတွင် သတင်းပြန်ကြားရေးတာဝန်ခံ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အထက်ဗမာပြည် (မန္တလေး) နှင့် အောက်ဗမာပြည် (ရန်ကုန်) ရှိ စည်းရုံးရေး ကော်မတီ နှစ်ရပ်ပေါင်း၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ )(ABFSU - CWC) ကို ဖွဲ့စည်းခဲ့ပါသည်။ ABFSU.CWC တွင် စတင်ဖွဲ့စည်းချိန်မှ စတင်၍ ဗဟိုလုပ်ငန်း ကော်မတီ အသစ်သို့ လွဲပြောင်းချိန် (၂၃-၁၁-၂၀၁၆)ရက် အထိ ABFSU - CWC ၏ ပြန်ကြားရေးတာဝန် နှင့် ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဗဟိုလုပ်ငန်းကော်မတီမှာ တာဝန်ထမ်းဆောင်စဉ်အတွင်း သဘာဝဘေး ၊ မီးဘေး နှင့် ရေကြီးမြေပြိုမှုတွေအပါအဝင် လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို ခရိုင်အသင်းအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် စစ်ကိုင်းတိုင်း မုံရွာအနောက်ဘက်ကမ်း ဆားလင်းကြီးအနောက်ဘက် ဆားလင်းကြီးဒေသက လက်ပံတောင်း ကြေးနီစီမံကိန်းကြောင့် ထိခိုက်နစ်နာရတဲ့ တောင်သူလယ်သမားအရေးနဲ့ ပတ်သက်ပြီး မုံရွာခရိုင်ကျောင်းသားသမဂ္ဂနဲ့ ဆက်စပ်ဆောင်ရွက်ခဲ့ပါတယ်။ ပဲခူးတိုင်း သီကုန်းမြို့နယ် အောင်ကုန်းကျေးရွာတွင် မြေယာပြန်လည် ရရှိရေး အတွက် ဗကသအဖွဲ့ဝင်များနှင့်အတူ သွားရောက်ပါဝင်ခဲ့ကြသည်။ ထို့အတူ ဗကသများအဖွဲ့ချုပ် နှင့် လည်းကောင်း ၊ စိမ်းရောင်စို အဖွဲ့နှင့် လည်းကောင်း မြစ်ဆုံဆည် တည်ဆောက်ရေး အား ကန့်ကွက် လုပ်ရှားမှုများ ပြုလုပ်သည်။

၂၀၁၄ ခုနှစ်တွင် ဦးသိန်းစိန်-အစိုးရ ၏ အမျိုးသားပညာရေး ဥပဒေ (မူကြမ်း )ကို ဆန့်ကျင် ကန့်ကွက်ရန် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်ညီလာခံ တရပ် ကို ခေါ်ယူကျင်းပနိုင်ရန် ဗကသမှ (၁၀ )ဦး ၊ တကသ မှ (၁၀) ဦး နှင့် ဖြစ်မြောက်ရေးလုပ်ငန်း အဖွဲ့ ( NEMS ) ကို စတင် ဖွဲ့စည်းသူအဖြစ် ဆောင်ရွက်ခဲ့ပြီး ၊ ၂၀၁၄ ခု နိုဝင်ဘာလ (၂၃ ၊ ၂၄ ) နေ့ရက်များတွင် ရန်ကုန်မြို့ ရှိ လူမှုကူညီရေးအသင်း(ရန်ကုန်) ရုံးရှိ သုခ ခန်းမတွင် ကျင်းပနိုင်ခဲ့သည်။ ထိုကျောင်းသားထု အစည်းအဝေး မှ အမျိုးသားပညာရေး ဥပဒေ ကို အတိအလင်း သပိတ်မှောက်ကြောင်း ဆုံးဖြတ်ခဲ့ပြီး သပိတ်မှောက် ဆန္ဒပြပွဲများ ဖော်ဆောင်ခဲ့ကြသည်။ အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုများကြောင့် ၂၀၁၄ ခုနှစ်အတွင်း မုံရွာနဲ့ ပြည်မြို့ များတွင် ပုဒ်မ ၁၈၊ ၁၉ များဖြင့် တရားစွဲခံခဲ့ရပြီး တရားခံပြေးအဖြစ် ကြေညာခဲ့သည်။

ရက်ပေါင်း ခြောက်ဆယ်ကြာပြီးနောက် ကျောင်းသားသမိုင်းတွင် စတုတ္ထမြောက် ကျောင်းသားသပိတ် ဖြစ်ပေါ်လာခဲ့သည်။ မန္တလေးမြို့ အိမ်တော်ရာ ဘုရား မှ စတင်၍ ရန်ကုန်အထိ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အမည်ဖြင့် ချီတက်ခဲ့ကြပြီး ထိုသပိတ်စစ်ကြောင်းတွင် စစ်ကြောင်းထိန်းသိမ်းရေး အပါအဝင် ပြန်ကြားရေး တာဝန်ခံ နှင့် ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် လက်ပံတန်းမြို့ ကျွန်းကလေးလမ်းဆုံတွင် သပိတ်စစ်ကြောင်း အား ရဲတပ်ဖွဲ့ဝင် ၇၀၀ ကျော် မှ တားဆီး စီးနင်း၍ ကျောင်းသားအများအပြား ရိုက်နှက်ဖမ်းဆီးခံခဲ့ရသည်။ ထိုသို့ ဖြိုခွဲရိုက်နှက်ခံရမှုကြောင့် ဒဏ်ရာများဖြင့် လက်ပံတန်းဆေးရုံသို့ ပို့ဆောင်ခံခဲ့ရပြီး ဒေသခံများ အကူအညီဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထို့နောက် ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တဲ့အတွက် သာယာဝတီတရားရုံးတွင် တရားစွဲခံရပြီး တရားခံပြေးအဖြစ် ကြေညာခံခဲ့ရသည်။

ဒီမိုကရေစီပညာရေး သပိတ် ဖြိုခွဲခံရခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ (၂၀၁၆ မတ်လ -၁၀ ) တွင် စတုတ္ထအကြိမ် ကျောင်းသားသပိတ်မှတ်တမ်းစာအုပ်ကို ဓာတ်ပုံအယ်လ်ဘမ် အဖြစ် အချိန်မီ ထုတ်ဝေနိုင်ခဲ့သည်။

၂၀၁၈ ခုနှစ် တွင် မန္တလေးမှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆန္ဒပြမှုဖြင့် အမှတ်(၅) မြို့မရဲစခန်း မှ ပုဒ်မ ၁၉ ဖြင့် တရားစွဲခံခဲ့ရပြီး ၊ တရားရုံးက တရားခံပြေး အဖြစ် ထပ်မံကြေညာခံရသည် ။ ၂၀၁၉ ခု နိုဝင်ဘာလ (၁၈) နေ့တွင် ထိုအမှုဖြင့် အဖမ်းဆီးခံခဲ့ရပြီး မန္တလေးမြို့ အောင်မြေသာစံမြို့နယ် တရားရုံး မှ ထောင်ဒါဏ်(၃)လ အမိန့်ချခြင်း ခံရသည် ။ ၂၀၂၀ ခု ဖေဖော်ဝါရီလ(၁၃) ရက်နေ့တွင် မန္တလေး အိုးဘိုထောင်မှ ပြန်လည် လွတ်မြောက်လာသည် ။

၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းလှုပ်ရှားမှုများ ကို လုံခြုံရေး အရ ဖော်ပြနိုင်ခြင်း မရှိသေးပါ ။