အသုံးပြုသူ:မြင့်ထွန်းမောင်
ကျွန်တော့်အမည်မှာ မောင်မြင့်ထွန်းမောင်ဖြစ်သည်။ ပုဂံညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် တောင်တောကျေးရွာတွင် အဖ ဦးဘိုသန်း (ငယ်မည်-မောင်ကျော်သန်း)အမိ ဒေါ်ခင်ပု (ငယ်မည်-မပုခင်)တို့မှသာသနာနှစ် ၁၅၃၂ ခု ကောဇာသက္ကရာဇ် ၁၃၅၀ ခု ကဆုန်လဆုတ် ၅ ရက် ကြာသပတေးနေ့ ညနေ ၅ နာရီအချိန်တွင်မွေးဖွားခဲ့ပါသည်။သားသမီး (၃)ဦးအနက်အထွေးဆုံးသားဖြစ်သည် မွေးချင်းညီအကို (၂)ယောက်မှာ မောင်လှိုင်ဝင်း နှင့် မောင်မြင့်ထွန်းအောင် တို့ဖြစ်သည်။အခြေခံပညာမူလတန်းအဆင့်ကိုမွေးရပ်ဇာတိမြေ တောင်တောကျေးရွာတွင်သင်ကြားခဲ့သည်။အလယ်တန်းပညာကို ဖလန်ကန်ကျေးရွာတွင် ပဉ္စမတန်း နှင့်,ဆဋ္ဌမတန်း မှ အဋ္ဌမတန်း အထိ တောင်တောကျေးရွာတွဲဖက်အလယ်တန်းကျောင်း တွင်သင်ယူခဲ့သည်။အထက်တန်းကျောင်းပညာရေး ကို ငါ့သရောက်မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင်သင်ယူခဲ့သည်။ မြင်းခြံဒီဂရီကောလိပ်တွင် အဝေးသင်ပညာရေး မြန်မာစာအထူးပြုဖြင့် တက်ရောက်ခဲ့သည်။မြန်မာစာ BA (Myanmar)ဘွဲ့ကို လက်ခံရရှိခဲ့သည်။ 8/6/2018 ရက်နေ့ ကောဇာသက္ကရာဇ် ၁၃၈၀ ခုနှစ် နယုန်လဆုတ် ၁၀ ရက် သောကြာနေ့တွင် ဦးမြင့်ရွှေ+ဒေါ်ဝင်းကြည် တို့၏သမီးကြီး မယဥ်မျိုးနွယ် နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။