မာတိကာသို့ ခုန်သွားရန်

အသုံးပြုသူ:ညီညီထွန်း(ဧရာမြေ)

ဝီကီပီးဒီးယား မှ

ရွှေမင်းဝံငှက်တွင်းဆရာတော်ဘုရား ကြီး၏ နမောတ ဿ ပဏာမာဒိ ပကိဏ္ဏကဒီပနီကျမ်းတွင် သဒ္ဓမ္မနိယာမ် ပုစ္ဆာစကားအဖြေပြခြင်း။

ဘုရားသုံးဆူတည်တော်မူ" ထီးဖြူ ဘယ်ကစိုက်ပမယ်" ထီးဖြူ စိုက်ငြား သံဃာအား တရားဘယ့်နှယ်ဟောပါတယ်

{{သီလလည်းယူ ' အလှူလည်းပေး၊ခရီးလမ်းထောက်' ဇရပ်ဆောက် —-- နိဗ္ဗာန်မရောက် ' (၃၆) ယောက် သုံးပျောက်လို့ ငါးကွယ်' (၆၄) လေး လူ့ပြည် နတ်ပြည် ဗြဟ္မပြည် စံမမြဲ၊ (၄) အောက်ကဆွဲ ကမ္ဘာကြေလည်း မသေမပျောက်'လူလေးယောက်၊ လူတို့ပြည်တွင်၊ထမ်းလေးပင် ရှင်စေလိုလျှင် ရေနွေးလောင်း၊ သေစေလိုလျှင် ရေအေးလောင်း}}

          " ရွှေမင်းဝံငှက်တွင်းဆရာတော်"

အဖြေစကား။ ။ ပညာဓိကဘုရားမှာ လေးသင်္ချေနှင့် ကမ္ဘာတသိန်းပြည့်မှ ' အရဟတ္တထီးဖြူ စိုက်တော်မူ၏' သဒ္ဓါဓိကဘုရားမှာ၊ ရှစ်သင်္ချေနှင့်ကမ္ဘာတသိန်းပြည့်မှ' ၎င်းနည်းထီးဖြူ စိုက်တော်မူ၏' ဝိရိယာဓိကဘုရားမှာ တဆယ့်ခြောက် သင်္ချေနှင့်ကမ္ဘာတသိန်းပြည့်မှ ၎င်းနည်းထီးဖြူ စိုက် တော်မူ၏ "

ပဉ္စဝဂ္ဂီရဟန်းသင်္ဃာတော်ငါးပါးတို့အား၊ တေဘုမ္မိကသင်္ခါရ ကုသိုလ်တရား ကံကတ္တား (၅၀-၆၀) မပြုမလုပ်အပ်ဟု ဟောတော်မူသည် "

ဒါနမယ (၃)ပါး သီလမယ(၃) ဘာဝနာမယ(၃) ဒိဋ္ဌိဇုကမ္မတစ်ပါး ပေါင်းဆယ်ပါး။ ၎င်း (၁၀)ပါးကို- ကာမ ရူပ အရူ သုံးပါး နှင့်မြှောက် ဒိဋ္ဌိအုပ်တဲ့ကံ (၃၀) ဆယ်'

ဒုစရိုက် (ဆယ်ပါးအပြား (၂၀) နှင့် အဓမ္မိက ကာမဒါန (၁၀) ပါးနှင်းပေါင်း မိစ္ဆာအုပ်တဲ့ကံ (၃၀) ဆယ်

ကာမတဏှာ — ရူပတဏှာ —--- အရူပတဏှာ သုံးပါးကိုတည်၊ အာရုံခြောက်ပါးနှင့်မြှောက် (၁၈) ဖြစ်၏။ ၎င်း (၁၈) ကိုတည် မိန်းမ ' ယာင်္ကျားသဏ္ဍာန်နှစ်ပါးနှင့် မြောက်ခန္ဓာ ငါးပါးဇရပ်ဆောက်၍ ၊ နိဗ္ဗာန်မရောက် (၃၆) ယောက်ဖြစ်၏

သရဏဂုံ နိဂ္ဂဟိတန္တတ သဒေါစ၊ ကရိုဏ်းကိုနှိပ် နှုတ်ခမ်းကိုပိတ်၍ နှာခေါင်းသို့လေထွက်အောင်ရွတ်ခြင်း'

(မရွက်တက်လျှင်သရဏဂုံမတည်) သရဏဂုံကို လျှာပျက် အာပျက်ရွတ်ဆို၍ သရဏဂုံ မတည်သူဖြစ်၏ ' ၎င်းသရဏဂုံသုံးပါးမတည်သည်ကို သုံးပျောက်သည်ဟုဆိုသည် " (သရဏဂုံ)

ပဉ္စင်္ဂ ဂရုဓမ္မတရား ငါးပါးမတည်သည်ကို ငါးကွယ်သည်ဟုဆိုသည်" ပဉ္စင်္ဂ ဂရုဓမ္မ (၅) ပါးသီလဟူသည်ကား

ကာယကံ (၃) ပါး အင်္ဂါတစ်ပါး ဝစီကံ (၄) ပါး အင်္ဂါ တစ်ပါး မနောကံ (၃) ပါး အင်္ဂါ တစ်ပါး ဒုစရိုက် (၁၀) ပါးမှာ အင်္ဂါ သုံးပါးရ၏ မိစ္ဆာအာဇီဝ (၂) ပါးက တစ်ပါးလျှင် တစ်အင်္ဂါ ကောက်ရ၏ နှစ်ပါးဆိုတော့ နှစ်အင်္ဂါ အားလုံးပေါင်းသော် အင်္ဂါ ငါးပါးနှင့်ပြည့် စုံ ငါးပါးသီလကိုရည် ညွန်းပါသည် ၎င်းငါးပါးသီလ ပျောက် မပျောက်ဆိုတာကတော့ မိမိကိုယ်ကို ပြန်ဆန်းစစ်ကြည့်လျှင်သိနိုင်ပါသည် မကျင့်သုံးမဆောက်တည်းဖူးသ၍ ငါးပျောက်တဲ့အထဲမှာပါနေဦးမည် ။

သုဒ္ဓါဝါသကြဉ်သော ဗြဟ္မပြည် ၁၅ဘုံ၌၊ တိဟိတ် ပုထုဇဉ်တယောက် ' အသင်္ညသတ်ဘုံ၌၊ သုဂတိအဟိတ် ပုထုဇဉ် တယောက် နတ်ပြည်ခြောက်ထပ်၌ ' ဒွိဟိတ်ပုထုဇဉ်တစ်ယောက် ' တိဟိတ်ပုထုဇဉ်တစ်ယောက် သုဂတိအဟိတ်ပုထုဇဉ်တစ်ယောက်' ဆိုတော့ ၄ ယောက်

မနု ဿလူဘုံ၌ ၎င်းနည်းပုထုဇဉ် ၄ ယောက် ' ပေါင်း ၈ ယောက် ၎င်းရှစ်ယောက်ပုထုဇဉ်ပုဂ္ဂိုလ်ကို ၊

လောကဓံတရားရှစ်ပါးနှင့်မြှောက်'
လူပြည်၊နတ်ပြည်၊ဗြဟ္မပြည်မှ

လျောကျ၍ လေးအောက်ကဆွဲသော'

(၆၄) ယောက်သောပုဂ္ဂိုလ် ဖြစ်၏ "

၎င်း (၆၄)သောပုဂ္ဂိုလ်တို့သည် ပုထုဇဉ် ချည်းဖြစ်လို့ ဘဝမမြဲပါမိမိတို့ ကုသိုလ်ကုန်လျှင် အပါယ်သိ့ု ကျရောက် စေတက်ကြောင်းကို မြတ်ဗုဒ္ဓဘုရားရှင်က

{{ ဥက္ခိတ္တာ ပုညတေဇေန' ကာမ 'ရူပ 'ဂတိ ံဂတာ " ဘဝဂ္ဂတမ္ပိ သမ္ပတ္တာ၊ ပုန ဂစ္ဆန္တိ ဒုဂ္ဂတိ ံ'တာဝ ဒီဃာယုကာ သတ္တာ' စဂန္တိ အာယုသင်္ခယာ' နတ္ထိ ကောစိ ဘဝေါ နိစ္စော' ဣတိဝုတ္တံ မဟေသိနာ ' }} ဟူသော

ဓမ္မဟဒယဝိဘင်း(အဘိဓမ္မာ) ပါဠိတော် ၄၄၁-တွင်ပြဆိုထား၏ ။

၁။ ကာမုပ္ပါဒါန် ' ၂။ ဒိဋ္ဌုပ္ပါဒါန် ' ၃။ သီလဗ္ဗ္ပတုပ္ပါဒါန်' ၄။ အတ္တဝါဋ္ဌုပ္ပါဒါန်' ဤဥပါဒါန်တရားလေးပါးသည်' ကမ္ဘာကြေလည်း မသေမပျောက်။ လူလေးယောက်ဆိုသည် ။

၁။ ကာမုပ္ပါဒါန် ဆိုသည်ကား'

ကာမာဝစရကုသိုလ်၊ ရူပါဝစရ ကုသိုလ်၊
အရူပါဝစရကုသိုလ် သုံးပါးစွဲ

လန်းခြင်းသည်၊ ကာမုပ္ပါ ဒါန်ဆိုသည် ။

၂။ ဒိဋ္ဌုပ္ပါဒါန် ဆိုသည်ကား' ၎င်းကုသိုလ်သုံးပါးသည်နိဗ္ဗာန် မျက်မှောက်ပြုနိူင်သည်ဟု မှားသောအယူ ယူခြင်း ။

၃။ သီလဗ္ဗတုပ္ပါဒါန် ဆိုသည်ကား ' ကာမာဝစရကုသိုလ်ငါးပါးသီလ ' ရူပဝစရကုသိုလ် ရှစ်ပါးသီလ ' အရူပဝစရကုသိုလ် ဆယ်ပါးသီလ သုံးပါးကိုသာ မိရိုးဖလာအသိလောက်နဲ့ စွဲလန်းပြုလုပ်ခြင်း။

၄။ အတ္တဝါဋ္ဌုပ္ပါဒါန် ဆိုသည်ကား၊ ၎င်း ငါး၊ ရှစ်၊ ဆယ်ပါးသီလ

များကြောင့်လူ၊နတ်၊ဗြဟ္မာ ဖြစ်၍ 

မမြဲသည်ကို သိပင်သိကြသော်လည်း အင်္ဂါငါးပါးနှင့်သီလကိုပြောင်းလွဲ၍

မဆောက်တည်ပဲ 

၎င်း ငါး ' ၈ ' ဆယ်ပါးကိုပင် ပြန်လည်၍ခံယူခြင်းသည် ၊ အတ္တဝါဋ္ဌုပ္ပါဒါန် ။

ဤ ဥပါဒါန်တရားလေးပါးသည်၊ ကမ္ဘာကြေလည်း မသေမပျောက်၊ လူလေးယောက်ဟုလိုဆိုသည် ' ၎င်းဥပါဒါန်တရားတွေရှင်စေလိုလျှင် ရေနွေးလောင်း ။ ရေနွေးဆိုသည်မှာ ကံ(၆၀)ဆယ် သမုဒယသစ္စာကိုဆိုသည်'

၎င်း ဥပါဒါန်တရားတွေ" သေစေလိုလျှင် ရေအေးလောင်း ရေအေးဟူသည်မှာ (မဂ္ဂင်ရှစ်ပါး)