အသိဉာဏ်စစ်ဆေးခြင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ပညာသင်ကြားရေးတွင် စိတ်ပညာသည် အကျုံးဝင်နေခဲ့ရာ စိတ်ပညာပါရဂူများသည် ကျောင်းများ၌ ပညာသင်ကြားနေသော ကလေးများ၏စိတ်ဓာတ်ကို အထူးသဖြင့် ဝေဖန်စစ်ဆေး စုံစမ်းလျက် ရှိ၏။ အတန်းတစ်တန်းရှိ ကျောင်းသားများထဲ၌ အချို့ကျောင်းသားများသည် အတူတူစာသင်ကြားနေရသော်လည်း စာမလိုက်နိုင်ပဲ ရှိနေလေသည်။

ထိုကျောင်းသားများသည် အဘယ်ကြောင့် ထိုကဲ့သို့ စာ မလိုက် နိုင်သည်ကို စိတ်ပညာ ပါရဂူများက စူးစမ်းရှာဖွေလိုသောအခါ ကျောင်းသားတို့၏ စိတ်သက်နှစ်သည် အဆင့်အတန်း မမှိီသော ကြောင့် ဖြစ်သည်ကို တွေ့ကြရ၏။ ထိုအခါမှစ၍ ကလေးများ ၏ စိတ်သက်နှစ် အဆင့်အတန်းကို စစ်ဆေးရန် အသိဉာာဏ် စစ်ဆေးနည်းများကို စထွင်ခဲ့ကြလေသည်။ ယင်းတို့မှာ ကလေး ၏ ဉာာဏ်အရည်အချင်း မည်မျှလောက်ရှိသည်ကို စစ်ဆေး ခြင်းပင် ဖြစ်၏။ ကျောင်းများ၌ စစ်ဆေးသော ရိုးရိုး စာမေးပွဲ များနှင့် ဤ (ဉာာဏ်စွမ်းဉာာဏ်စ စစ်ဆေးနည်း၊ သို့မဟုတ်) အသိဉာာဏ် စစ်ဆေးပွဲများမှာ အလွန် ကွာခြားလေသည်။ အသိဉာာဏ်ကို စစ်ဆေးရသော စာမေးပွဲများ အတွက် မေးခွန်း လွှာကို ပြင်ဆင်ရသည်မှာ ရိုးရိုးစာမေးပွဲအတွက် မေးခွန်းလွှာကို ပြင်ဆင်ရသကဲ့သို့ မလွယ်ကူလှချေ။

အသိဉာာဏ် စစ်ဆေးနည်းများ။ ။ အသိဉာာဏ်စစ်ဆေးရန်ဖြစ်သော စာမေးပွဲ မေးခွန်းလွှာအတွက် စီစဉ်ပုံကို ပုံစံပြရသော် သုံးနှစ်အရွယ်တွင် ရှိသင့်ရှိထိုက်သော အသိဉာာဏ်ကို စမ်းသပ် စုံစမ်းရန် အသက် သုံးနှစ် အရွယ် ကလေးများကို စုရုံးကာ သုံးနှစ်နှင့် ထိုက်တန်သော မေးခွန်း အမျိုးမျိုးကို စစ်ဆေးရာတွင် ထိုသုံးနှစ် အရွယ်ကလေးများ ဖြေနိုင်ခဲ့သော် ထိုမေးခွန်းကို စိတ်သက်နှစ် သုံးနှစ်အတွက် ဉာာဏ်စမ်းမေးခွန်းများအဖြစ် အတည်ပြုလေသည်။ ယင်းတို့မှာ သင့်မျက်လုံးကို ညွှန်ပြပါ၊ သင့်နှာခေါင်းကို လက်ဖြင့် ထိုးပြပါ၊ သင့် ပါးစပ်၊ နားရွက်၊ ပါး စသောနေရာများကို လက်ည|ိုးနှင့် ထောက်ပြပါဟု လွယ်ကူသော မေးခွန်းကလေးများ ဖြစ်သည်။ နောက်မေးခွန်းပုံစံတစ်ခုမှာ ဂဏန်းနှစ်လုံးကို ကလေးအားလိုက်၍ ဆိုခိုင်းခြင်း ဖြစ်၏။ ဥဒါဟရုဏ် ဆောင်ရသော် စစ်ဆေးသူက သုံးဆဲ့ ခြောက် (၃၆)ဟု ဂဏန်းနှစ်လုံးကို ဆိုပြပြီးသည်နှင့် တစ်ပြိုင်နက် ကလေးသည် သုံးဆဲ့ခြောက်ဟု စာစစ်သူဆိုသည့် ဂဏန်း အတိုင်း လိုက်ဆိုရသည်။ ဂဏန်းနှစ်လုံးကို လိုက်ဆ ိုပြီးသော် တစ်ဆင့်တက်၍ ဂဏန်းသုံးလုံးဖြစ်သော နှစ်ရာတစ် ဆဲ့ငါး (၂၁၅)ကို စစ်ဆေးသူက ဆိုပြ ပြီးနောက် ကလေးအား ယခင် နည်းအတိုင်း လိုက်ဆိုစေသည်။ နောက်မေးခွန်းတစ်မျိုးမှာ အရုပ်ကား တစ်ခုကိုပြ၍ ထိုကားထဲ၌ မည်သည့်အရာများ ပါသည်ကို ကလေးအား ပြောခိုင်းခြင်း ဖြစ်၏။ ထိုမှတစ်ပါး ကလေး၏ ဖခင်အမည်၊ မိခင်အမည်နှင့် မောင်နှမ ဘယ်နှစ် ယောက်စသော မိသားစုနှင့်သက်ဆိုင်သည့် မေးခွန်းများကို လည်း မေးကြ၏။ ထိုပြင် စကာလုံး ခြောက်လုံးလောက် ပါသော ဝါကျတစ်ခုကို ကလေးအား လိုက်ပြောခိုင်း၏။ ထိုကဲ့သို့ သုံးနှစ်ကလေးတိုင်း ဖြေဆိုနိုင်သည့် မေးခွန်းများ၊ လေးနှစ်အရွယ်ကလေးတိုင်း ဖြေဆိုသည့်မေးခွန်းများ၊ ငါးနှစ် ကလေးအတွက် မေးခွန်းများ စသည့်ဖြင့် အသက်အရွယ် အမျိုးမျိုးအတွက် မေးခွန်းပုံစံများ တီထွင် ထားလေသည်။ အကယ်၍ သုံးနှစ်အရွယ် ကလေးအတွက် မေးခွန်းများကို သုံးနှစ် သားအား ဖြေကြားခိုင်းရာတွင် ကောင်းစွာဖြေဆိုနိုင် ခဲ့သော် ထိုကလေးဉာာဏ်မှာ သုံးနှစ်သားနှင့် ညီမျှသည်ဟု ဆိုရ ပေမည်။ တစ်နည်းကား ထိုကလေး၏ စိတ်သက်နှစ်မှာ သုံးနှစ် ဖြစ်သည်ဟု ဆိုရပေမည်။ ထိုကလေးသည် သုံးနှစ်သားအရွယ်၌ ရှိရမည့် ဉာာဏ်ရည်ကိုမှီသည်ဟု ဆိုလိုခြင်း ဖြစ်၏။ အကယ်၍ လေးနှစ်သား၊ ငါးနှစ်သား အရွယ်ကလေးများသည် လေးနှစ်၊ ငါးနှစ်သားအတွက် ထွင်ထားသော မေးခွန်းများကို မဖြေနိုင်ပဲ သုံးနှစ်သားအတွက်ဖြစ်သည့် မေးခွန်းများကိုသာ ဖြေကြားနိုင် လျှင် ထိုကလေး၏ အသက်သည် စင်စစ် ငါးနှစ်ရှိသော်လည်း သူ၏ စိတ်သက်နှစ်မှာ သုံးနှစ်မျှသာရှိသည်ဟု ဆိုရပေမည်။ အသိဉာာဏ်စစ်ဆေးပွဲများမှာ စာအုပ်ထဲမှ ကျက်မှတ်ထားသော ဗဟုသုတမျာကို ပြန်အံချလျှင်ပြီးနိုင်သည့် ရိုးရိုးစာမေးပွဲမျိုး မဟုတ်ဘဲ မွေးကတည်းက ပါလာသော နကိုဗီဇစွမ်းရည်ကို အမှန်အကန် သိရအောင် စစ်ဆေးနည်းမျိုးဖြစ်၍ ပညာသင် ကြားရေးဘက်တွင် အထူးအသုံးဝင် အကျိုးဖြစ်ထွန်းစေခဲ့ လေသည်။

အမေရိကန် အသိဉာာဏ်စစ်ဆေးနည်းများ။ ။ ယခုအခါ အမေရိကန်ပြည်ထောင်စုနိုင်ငံ၌ ဤအသိဉာာဏ် စစ်ဆေးပွဲများကို ပညာသင်ကြားရေးတွင်သာမက စစ်ဘက်၌ လည်း အထူးအသုံးပြုလျက် ရှိလေသည်။ ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့ စဉ်က စစ်ထဲသို့ ဝင်ရောက်အမှုထမ်းမည့် လူများစွာ လိုခဲ့၏။

ထိုသို့ စစ်ထဲဝင်မည့် လူများကို ပထမဦးဆုံး အသိဉာာဏ် စစ်ဆေးကြ၏။ စစ်ဆေးပြီးမှ သင့်တော်သည့်တပ်များသို့ပို့၍ စစ်မှုထမ်း စေသည်။ အမေရိကန် စစ်သားများအတွက် စတင် ခဲ့သော စစ်တပ်စာမေးပွဲများမှာ ဗီဇစွမ်းရည်၊ ကျက်မှတ်တတ် သည့် စွမ်းရည်၊ လျင်မြန်စွာ တွေးဆတတ်သည့် စွမ်းရည်၊ တိကျသေချာ စေ့စပ်စွာ လုပ်ကိုင်နိုင်သည့် စွမ်းရည်များကို စစ်ဆေးရန်အတွက် ဖြစ်လေသည်။ မေးခွန်းများမှာလည်း စာတတ်သူများနှင့် စာမတတ်သူများ အဖို့ ခွဲခြား ထွင်ထား၏။ စာမတတ်သူများအဖို့ မေးခွန်းများမှာ အရုပ်ကားများ၊ ဓာတ်ပုံများ၊ သရုပ်ဖော်ပုံများ၊ လက်ဖြင့် ရေးဆွဲသောပုံများ စသည်တို့ကို ကြည့်၍ နှုတ်ဖြင့် ဖြေဆိုရလေ သည်။ စာတတ်သူများကား စစ်နှင့်ဆိုင်သော စစ်ရေးစစ်ရာ စစ်ဆင်ပုံနည်းများ၊ တပ်ပေါင်းစုကို အုပ်ချုပ်ပုံနည်းများ စသည် တို့ကို ရေးဖြေရလေသည်။ ဖျတ်လတ်မှု၊ တိကျသေချာမှုတို့ကို စစ်ဆေးသော မေးခွန်းပုံစံများကို ပြရသော် မေးခွန်းတစ်ခုမှာ စာရွက်တစ်ရွက်ပေါ်တွင် စက်ဝိုင်းငါးခုကိုစီ၍ ဆွဲထားပြီးလျှင် ပထမစက်ဝိုင်းတွင်း၌ ကြက်ခြေခတ်တစ်ခုနှင့် ပဉ္စမစက်ဝိုင်း အတွင်း၌ ဂဏန်း(၁)ကို ရေးခိုင်းခြင်း ဖြစ်လေသည်။ စစ်ဆေး သူက နှုတ်နှင့် ပြော၍ ငါးစက္ကန့်အတွင်း၌ သူပြောသည့် အတိုင်း သေချာ မှန်ကန်စွာ ရေးခြစ်ရလေသည်။ အခြား မေးခွန်းတစ်ခုမှာ ၃၈၊ ၇၉၊ ၈၇၊ ၆၈၊ ၅၆၊ ၂၁၊ ၈၂၊ ၄၇၊ ၂၇၊ ၃၁၊ ၆၄၊ ၉၃၊ ၇၁၊ ၄၁၊ ၅၂၊ ၉၉ စသော ဂဏန်း တစ်ဆဲ့ ခြောက်လုံးခန့်ကို စီရေးထား၍ ခြောက်ဆယ်ထက်ပို၍ ခုနစ် ဆယ်အောက်လျော့သော ဂဏန်းများကို ခဲတံဖြင့် ခြစ်ပစ်ရန် ခိုင်း၏။ ထိုမေးခွန်း မှာ ၁၅ စက္ကန့်အတွင်း ပြီးအောင် ဖြေရ မည်ဖြစ်၍ ဤနေရာ၌ မျက်စိလျင်ပြီးလျှင် လျင်မြန် ဖျတ်လတ် စွာ မှန်မှန်ကန်ကန်နှင့် ပေးထားသော အချိန်အတွင်းပြီးအောင် လုပ်ရန်မှာ မလွယ်ကူလှပေ။ ဤသို့ မေးခွန်းများကို တစ်ခုပြီး တစ်ခု အဆင့်ဆင့် အနည်းငယ်စီ အဆင့်အတန်းမြှင့်ကာ လွယ် ရာမှ တဖြည်းဖြည်း ခက်သွားအောင် စီစဉ်ထား၏။ ဤမေးခွန်း မျိုးကို ထုတ်ဖို့ရန်မှာ ကြီးလေးသော တာဝန်တစ်ခု ဖြစ်နေ၏။ ရိုးရိုးစာမေးပွဲများမှာ မေးခွန်းထုတ်သည့်အခါ များစွာ မပင်ပန်း ပဲ အဖြေစာရွက်ကို ခြစ်သည့်အခါ၌သာ ပင်ပန်းလေသည်။ သို့သော် အမှတ်ပေးရာတွင် မတိကျလှချေ။ စာသားနှင့် စာစီ စာကုံးသဘော ဖြေဆိုထားရာ ခြစ်ရသူအဖို့ စာရွက်ပေါင်း များစွာ ဖတ်ရပြီးလျှင် ထိုစာသားအပေါ်၌ မိမိသဘောအတိုင်း အမှတ်ပေး ရလေသည်။ အသိဉာာဏ် စစ်ဆေးပွဲများမှာကား ဤကဲ့သို့ မဟုတ်ချေ။ မေးခွန်းထုတ်သည့်အခါ၌ များစွာ စဉ်းစားရပြီးလျှင် တစ်နာရီအတွင်း မေးခွန်းပေါင်း တစ်ရာမျှ စစ်မေးနိုင်၍ အဖြေကို ခြစ်သည့်အခါ၌ ဘာမျှ စဉ်းစားချင့်ချိန် နေစရာ မလိုတော့ဘဲ မှန်လျှင် အမှတ်ပြည့်ပေး၍ မှားလျှင် လည်း အမှတ်အလျှင်းမပေးသာရုံသာ ရှိလေသည်။ မေးထား သော မေးခွန်းများမျာလည်း အဖြေမှန် တစ်ခုတည်းသာ ထားရှိ သောကြောင့် ထိုအဖြေကိုရလျှင် အမှတ်ပေးလိုက်ရုံပင် ဖြစ်၏။ ဤသို့ အရည်အခြင်းအစစ်ကို စစ်ဆေး၍ တစ်ယောက်စီ တစ် ယောက်စီ၌ရှိသော ထူးချွန်မည့် ဗီဇစွမ်းရည်ကလေးကို သင့် တော်မည့်ဘက်၌ အသုံးချခြင်းဖြင့် ပညာသင်ကြားရေးဘက်၌ လည်းကောင်း၊ စစ်ဘက်၌လည်းကောင်း အထူးအကျိုးရှိစေ လေသည်။ လက်မှုပညာ ကျွမ်းကျင်သူ၊ စိတ်ကူးကောင်းသူ၊ ဖြတ်ထိုး ဉာာဏ်ရှိသူ၊ စဉ်းစားဆင်ခြင်တတ်သူစသောလူ အမျိုးမျိုးတို့ကို သူတို့နှင့် သင့်မည့်ပညာရပ်များကို သင်ကြား ပေးခြင်းဖြင့် လူရည်ချွန် ပုဂ္ဂိုလ်ထူးများ ပေါ်ပေါက်လာနိုင် လေသည်။

့ကျောင်းသားများအတွက် အသိဉာာဏ် စစ်ဆေးခြင်းသည် အကောင်းဆုံးနှင့် ခေတ်အမီဆုံးဖြစ်၏။ ပညာသင်ကြားရေး၌ ထိထိရောက်ရောက် သင်ကြားနိုင်ရန် လူတော်လူညံ့ ခွဲခြားသိဖို့ ဤနည်းသည် အကောင်းဆုံး ဖြစ်၏။ ကျောင်းသားတစ်ယောက် ၏ ပင်ကိုယ်အသိဉာာဏ်စွမ်းရည်အစစ်ကို စစ်ဆေးနိုင်ရန် အတန်းတန်း၌ အသိဉာဏ်စွမ်းရည် ညံ့သူကိုတစ်စု၊ တော်သူကို တစ်စု ခွဲ၍ထားလျှင် ကျောင်းသားများ အစုလိုက် တညီတည်း စာတတ်နိုင်မည် ဖြစ်လေသည်။ ဆရာနှင့်တကွ ကျောင်းသား များပါ အလုပ်တွင်၍ လုပ်ငန်း၌လည်း အချိန်မကုန်စေဘဲ တော်သူကလည်း ညံ့သူကို မစောင့်ရ၊ ညံ့သူကလည်း စာ မလိုက်နိုင် မရှိသဖြင့် အကျိုးနှစ်ပါး ပြီးစေသောနည်းပင် ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)