မာတိကာသို့ ခုန်သွားရန်

အဝရှိမကျွန်း၊ နီးဂတ

ဝီကီပီးဒီးယား မှ
အဝရှိမကျွန်း
Native name:
粟島
Aerial photograph of Awashima in 1977
Geography
တည်နေရာSea of Japan
ကိုဩဒိနိတ်38°27′13″N 139°14′18″E / 38.45361°N 139.23833°E / 38.45361; 139.23833
ဧရိယာ၉.၈၆ km2 (၃.၈၁ sq mi)
အလျား၆၁၀၀ m (၂၀၀၀၀ ft)
အကျယ်၄၄၀၀ m (၁၄၄၀၀ ft)
Coastline၂၃၀၀၀ m (၇၅၀၀၀ ft)
Highest elevation၂၆၅.၆ m (၈၇၁.၄ ft)
Administration
Japan
Niigata
Iwafune
Awashimaura
Demographics
Population353 (October 2020)
Ethnic groupsJapanese
နွေရာသီကာလ အဝရှိမကျွန်း၏ ကောင်းကင်မြင်ကွင်း
ခမယဧရိယာ

အဝရှိမ (粟島 သည် ဂျပန်ပင်လယ်ပြင်ရှိ ကျွန်းတစ်ခု ဖြစ်သည်။ နီးဂတခရိုင်မြောက်ပိုင်း၊ မုရခမိမြို့၏ အနောက်ဘက် ခန့်မှန်းခြေ ၃၀ ကီလိုမီတာ (၁၉ မိုင်) အကွာတွင် တည်ရှိသည်။

ကျွန်းသည် နီးဂတခရိုင်၊ အိဝဖုနဲဒေသ၊ အဝရှိမရွာ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။ ၂၀၂၀ ခုနှစ် အချက်အလက်များအရ ကျွန်းတွင် လူဦးရေ ၃၅၃ ဦး နေထိုင်ကြသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

အဝရှိမကျွန်းတွင် အနည်းဆုံး ဂျောမွန်းခေတ်ကာလကတည်းက လူများနေထိုင်ခဲ့ကြသည်။ ရှေးဟောင်းသုတေသနပညာရှင်များသည် ကျွန်း၏ အရှေ့ဘက်ကမ်းခြေရှိ မတူညီသည့်နေရာငါးခုတွင် ဂျောမွန်းခေတ်အိုးခြမ်းကွဲများကို တွေ့ရှိခဲ့ကြသည်။ သို့သော်လည်း ယယောအိခေတ်နှင့် ခိုဖွန်းခေတ်ကာလတို့တွင် လူအခြေချနေထိုင်ခဲ့သည်ဟူသည့် အထောက်အထားကိုမူ တွေ့ရပေ။ မဲဂျိခေတ်ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ပြီးနောက်တွင် ၁၉၀၉ ခုနှစ်တွင် အဆဟိမုရရွာကို တည်ထောင်ခဲ့သည်။ ထိုရွာသည် နီးဂတခရိုင်၊ အိဝဖုနဲဒေသ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် တည်ရှိသည်။ ၁၉၆၄ ခုနှစ် နီးဂတငလျင်၏ ဗဟိုချက်သည် အဝရှိမကျွန်း၏ အနီးအနားတွင် ဖြစ်ခဲ့သည်။

အရေးကြီးသည့် ငှက်ဧရိယာ

[ပြင်ဆင်ရန်]

ကျွန်းသည် အရေးကြီးသည့် ငှက်ဧရိယာ (IBA) အဖြစ် BirdLife International ၏ သတ်မှတ်ထားခြင်းကို ခံရသည်။

ပိုမိုကြည့်ရှုရန်

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

Wikimedia Commons ရှိ Awashima နှင့်ပတ်သက်သော မီဒီယာများ

ကိုးကားး

[ပြင်ဆင်ရန်]