အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်းနှင့် မြို့တော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) မျက်နှာဖုံးပုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) အတွင်းမျက်နှာဖုံးပုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) မာတိကာ

အောက်ဖော်ပြပါ မှတ်စုဆောင်းပါးပါ အချက်အလက်များသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) စာအုပ် စာမျက်နှာ (၁၆၃-၁၆၄)၊ အခန်း(၁၃)၊ နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်း နှင့် မြို့တော် အခန်းပါ ဥပဒေ ပြဋ္ဌာန်းချက်များမှ အကြောင်းအရာပါအတိုင်း ထပ်ဆင့် ကူးယူတင်ပြထားခြင်း ဖြစ်ပါသည်။ ကွဲလွဲချက်ရှိလာပါက မူရင်း အခြေခံဥပဒေစာအုပ်နှင့် ညှိနှိုင်း တိုက်ဆိုင်ရန် ဖြစ်ပါသည်။

အခန်း ( ၁၃ )
နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်း နှင့် မြို့တော်


၄၃၇။
(က) နိုင်ငံတော်အလံသည် အောက်တွင်ဖော်ပြထားသည့်အတိုင်းဖြစ်သည်၊
Flag of Myanmar.svg
( ခ ) နိုင်ငံတော်အလံနှင့် စပ်လျဉ်း၍ ဥပဒပြေဋ္ဌာန်းရမည်။


၄၃၈။
(က) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်သည် အောက်ပါအတိုင်းဖြစ်သည်၊
State seal of Myanmar.svg
( ခ ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ ဥပဒပြေဋ္ဌာန်းရမည်။


၄၃၉။
(က) နိုင်ငံတော်သီချင်းအဖြစ် အောက်ဖော်ပြပါ လက်ရှိ နိုင်ငံတော်သီချင်းကို သတ်မှတ်သည်၊
နိုင်ငံတော်သီချင်း

တရားမျှတ-လွတ်လပ်ခြင်းနဲ့မသွေ
တို့ပြည်-တို့မြေ
များလူခပ်သိမ်း-ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ-ဝါဒဖြူစင်တဲ့ပြည်
တို့ပြည်-တို့မြေ
ပြည်ထောင်စုအမွေ-
အမြဲတည်တံ့စေ
အဓိဋ္ဌာန်ပြုပေ-ထိန်းသိမ်းစို့လေ။
(ကမ္ဘာမကျေ-မြန်မာပြည်တို့ဘိုးဘွားအမွေစစ်မို့-ချစ်မြတ်နိုးပေ)
ပြည်ထောင်စုကို-အသက်ပေးလို့-တို့ကာကွယ်မလေ။
ဒါတို့ပြည်-ဒါတို့မြေ-တို့ပိုင်နက်မြေ။
တို့ပြည်-တို့မြေ-အကျိုးကို ညီညာစွာ-တို့တစ်တွေ
ထမ်းဆောင်ပါစို့လေ-တို့တာဝန်ပေ
အဖိုးတန်မြေ။

( ခ ) နိုင်ငံတော်သီချင်းနှင့် စပ်လျဉ်း၍ ဥပဒပြေဋ္ဌာန်းရမည်။


၄၄၀။ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော် ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈)၊ စာမျက်နှာ (၁၆၃-၁၆၄)။

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]