အလုပ် (ရူပဗေဒ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Work
Baseball pitching motion 2004.jpg
A baseball pitcher does positive work on the ball by applying a force to it over the distance it moves while in his grip.
ယေဘုယျ သင်္ကေတ
W
SI ယူနစ် joule (J)
In SI အခြေပြု ယူနစ်များ 1 kgm2s−2
Derivations from
other quantities

W = Fs

W = τ θ

Template:Classical mechanics

ရူပဗေဒတွင် အားသည် အလုပ်လုပ်ရန်အတွက် ဖြစ်၏။ ထိုအားသည် အရာဝတ္ထုပစ္စည်း၏ နေရာတစ်ခုသို့သက်ရောက်ပါက သက်ရောက်သည့်လားရာအတိုင်း ရွေ့လျားမှုသည် ဖြစ်ပေါ်၏။ ဥပမာအနေဖြင့် ဘောလုံးတစ်ခုကို မြေပြင်အထက်နားတွင်ကိုင်ထားကာ အောက်သို့ ချလိုက်ပါ။ ထိုဖြစ်ရပ်တွင် ဘောလုံး၏ အောက်သို့ကျခြင်း သို့မဟုတ် ဘောလုံးရှိ အလုပ်သည် ဘောလုံး၏ အလေးချိန်နှင့် မြေပြင်မှအကွာအဝေးတို့၏ မြှောက်လဒ်နှင့် တူညီသည်။

အလုပ်သည် စွမ်းအင်ကို နေရာတစ်ခုမှ တစ်ခုသို့ (သို့မဟုတ်) ပုံစံတစ်ခုမှတစ်ခုသို့ ပြောင်းစေသည်။

အလုပ်ဟူသော ဝေါဟာရကို ပြင်သစ်လူမျိုးသင်္ချာပညာရှင်တစ်ဦးက ၁၈၂၆ ခုနှစ်တွင် စတင်သုံးနှုန်းခဲ့ခြင်း ဖြစ်၏။ အလုပ်၏ SI ယူနစ်သည် ဂျူးလ် (J) ဖြစ်သည်။

ယူနစ်များ[ပြင်ဆင်ရန်]

အလုပ်၏ SI ယူနစ်သည် ဂျူးလ် (joule) ဖြစ်သည်။ သင်္ကေတမှာ J ဖြစ်သည်။ ဂျူးလ်သည် တစ်မီတာရွေ့လျားမှုတွင် သုံးစွဲလိုက်သည့် အား (၁) နယူတန်တို့၏ အလုပ်ပင် ဖြစ်သည်။

ဂျူးလ်သည် နယူတန်မီတာ (N⋅m) နှင့်လည်း အတူတူပင် ဖြစ်၏။ တစ်ခါတရံ အလုပ်၏ ယူနစ်ကို တိုင်းတာသည့်အခါတွင် သုံးသည်။ သို့သော် ဤနယူတန်မီတာဟု သုံးခြင်းသည် ရှုပ်ထထွးမှုများ ဖြစ်လာနိုင်၏။ အဘယ်ကြောင့်ဆိုသော် လိမ်အား (torque) ၏ အတိုင်းအတာယူနစ်သည်လည်း နယူတန်မီတာ (N⋅m) ပင် ဖြစ်သည်။ နယူတန်မီတာ (N⋅m) ကို အသုံးပြုမှုအား SI အာဏာပိုင်အဖွဲ့တို့က အားပေးခြင်း မရှိပေ။ ထိုသို့အသုံးပြုပါက လိမ်အားကို တိုင်းတာရာတွင်ဖော်ပြသည့် နယူတန်မီတာ (N⋅m) နှင့် အလုပ်ကို ဖော်ပြသည့် နယူတန်မီတာ (N⋅m) တို့အကြား ရှုပ်ထွေးမှုတို့ ဖြစ်လာနိုင်သည်။[၁]

SI ယူနစ်မဟုတ်သည်များတွင် အလုပ်၏ ယူနစ်များမှာ erg, foot-pound , the foot-poundal , the kilowatt hour , the litre-atmosphere နှင့် the horsepower –hour တို့ ဖြစ်ကြသည်။ အလုပ်သည် အပူကဲ့သို့ ရုပ်ပိုင်းဆိုင်ရာရှုထောင့်ရှိသဖြင့် ရံဖန်ရံခါ အတိုင်းအတာယူနစ်များသည် အပူ သို့မဟုတ် စွမ်းအင်တို့၏ ယူနစ်တို့နှင့် ပြောင်းပြန်ဖြစ်နေသည်။ ဥပမာ therm, BTU နှင့် ကယ်လိုရီ တို့ ဖြစ်ကြသည်။


အလုပ်နှင့် စွမ်းအင်[ပြင်ဆင်ရန်]

အမှတ်တစ်ခုသို့ ကိန်းသေအားပမာဏ သည် သက်ရောက်၍ ရွေ့လျားမှု သည် သက်ရောက်လိုက်သောအား၏ လားရာသို့ မျဉ်းဖြောင့်အတိုင်း ရွေ့လျားသွားသည့်အလုပ် သည် အောက်ပါအတိုင်း ဖြစ်သည်။

.

ဥပမာအနေဖြင့် အား 10 N သည် အမှတ်တစ်ခုသို့ သက်ရောက်လိုက်သည့်အခါ ထိုအမှတ်သည် 2 m ရွေ့လျားသွားသည် ဆိုပါဆို့။ ထိုဖြစ်ရပ်တွင် အလုပ်သည် (10 N)(2 m) = 20 N m = 20 J ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် အလေးချိန် ၁ ကီလိုဂရမ်ရှိသည့် အရာဝတ္ထုကို မြေပြင်အထက်သို့ မတင်ပါက ကမ္ဘာမြေ၏ ဆွဲငင်အားကို ဆန့်ကျင်ရပေမည်။ ထိုအခါတွင် အလုပ်သည် အကွာအဝေးခြင်းတူညီသော်လည်း အလေးချိန်သည် နှစ်ဆဖြစ်နေသည့်အခါတွင်လည်ကောင်း၊ အလေးချိန်တူညီသော်လည်း အကွာအဝေးသည် နှစ်ဆဖြစ်နေသည့်အခါတွင်လည်းကောင်း အလုပ်သည်နှစ်ဆဖြစ်နေပေလိမ့်မည်။

အလုပ်သည် စွမ်းအင် နှင့် နီးနီးစပ်စပ်ဆက်သွယ်မှု ရှိသည်။ အလုပ်−စွမ်အင်စည်းမျဉ်းက ဖော်ပြသည်မှာ “အရာဝတ္ထုတစ်ခုပေါ်သို့ အားသက်ရောက်လိုက်သည့်အတွက် ဖြစ်ပေါ်လာသော အပေါင်းလက္ခဏာဆောင်သည့် အလုပ်သည် ထိုအရာဝတ္ထု၏ အရွေ့စွမ်းအင်ကို များပြားလာစေသည်”။ ဆန့်ကျင်ဘက်အားဖြင့် အနုတ်လက္ခဏာဆောင်သည့်အလုပ်သည် အရွေ့စွမ်းအင်ကို လျော့ကျမှု ဖြစ်စေသည်။

နယူတန်၏ ဒုတိယနိယာမက ဖော်ပြထားသည်မှာ လွတ်လပ်ခြင်း၊ မာကျောသောအရာဝတ္ထုဖြစ်ခြင်း စသည်နှင့်ကိုက်ညီကာ ဖြစ်ပေါ်လာသည့်အလုပ်သည် ထိုအရာဝတ္ထု အလျင်နှင့် လှည့်ပတ်မှုတို့၏ အရွေ့စွမ်းအင်ပြောင်းလဲမှုနှင့် တူညီသည်။

ကိုးကား[ပြင်ဆင်ရန်]