အလိုကျူ နှင့် ကန့်ဘလူ

ဝီကီပီးဒီးယား မှ

အလိုကျူ နှင့် ကန့်ဘလူ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အလိုကျူ နှင့် ကန့်ဘလူ[ပြင်ဆင်ရန်]

အသမ္ဘိန်စံအိမ်နန်းတွင်မှ၊ ခယမ်းကာ ထောင်တည်မှီးခဲ့သည့်၊ ပြည်ကြီးစံ ထံခွင်မှောက်မှာလ၊ ပန်လျှောက်ကာ ဆင်ခြေယှက်ပါလို့၊ သူ့ထက်ငါဂုဏ်ရည်စမ်းကြရ၊ ရွှေမန်းမှာ မေတ္တာစူးနှင့်သည့်၊ ချောင်းဦးကအလိုကျူ။

ပိုင်သာသနာ နတ်ရွာကြွရှာတဲ့၊ ဦးညေယျဆရာတော်၏၊ တူပေါက်ဖော် မောင်ကျော်လှမှာဖြင့်၊ ဂါမရွှေထောင်ကျေးရယ်က၊ ပညာရည် တာရှည်သွေးနိုင်တဲ့၊ မွှေးကန့်ဘလူ။

မတူတန်လူဉာဏ်ကျယ်က၊ အဓိပ္ပာယ်ပုံရှာလို့၊ ရဋ္ဌသာလီလဝံတို့လို၊ ပမာညွှန်ခမျာတွေးနိုင်ငဲ့၊ စာရေးပုံစဉ်အရိုးရယ်က၊ လေးချိုးဆိုယူမစေ့ပြီဘု၊ သူမေ့ကာသုံးပိုဒ်ထဲဟာမို့၊ ပွဲမကျတိတ်ဆိတ်မူ၊ စိတ်ပူလို့မအေး။

သမ္ပဇဉ်ဉာဏ်ယှဉ်ရှိသည့်ပြင်၊ သတိမှာညာလက်ရုံးကဲ့သို့၊ နှလုံးရည်ပုံသေဆောင်ခဲ့သည့်၊ ရွာရွှေတောင် ဆရာလှငဲ့မှာ၊ ဇီဝကဆေးဆရာကဲ့သို့၊ ဘေးဘယာဥပါဒ်ငြိမ်းကြအောင်၊ ခပ်သိမ်းလှကလျာတို့၊ ဆေးစာကို ရေးကာကူးပါကြ၊ ချောင်းဦးရွာသူဉာဏ်ကျယ်ငဲ့၊ မီးယပ်သယ် ဓာတ်ကွယ်လို့ငုပ်သူတို့၊ တော်ရာမှာ ဖျော်ကာသုတ်ပါရ၊ လူမယဉ် ကျူပင်ငုတ်ကယ်မှာ၊ ဆီးချုပ်တဲ့ဆေး။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။