အလတ်စားကမ္ဘာပတ်လမ်း


အလတ်စားကမ္ဘာပတ်လမ်း (Medium Earth Orbit or MEO) သည် ကမ္ဘာဗဟိုပြုပတ်လမ်း ဖြစ်ပြီး အနိမ့်စားကမ္ဘာပတ်လမ်း၏အထက်နှင့် အမြင့်စားကမ္ဘာပတ်လမ်း၏အောက်တွင်ရှိသည်။ပင်လယ်ရေမျက်နှာပြင်အထက်၂၀၀၀ကီလိုမီတာနှင့် ၃၅,၇၈၆ ကီလိုမီတာ အကြားတွင်တည်ရှိသည်။
အနိမ့်စား နှင့် အလတ်စား ကမ္ဘာပတ်လမ်းအကြား နယ်နိမိတ်သည် လူအများလက်ခံထားသော ကွန်ဗင်းရှင်းအရ ရွေးချယ်ထားသော အမြင့်တစ်ခုဖြစ်သည်။ အလတ်စားနှင့် အမြင့်စားကမ္ဘာပတ်လမ်းအကြား နယ်နိမိတ်ကိုမူ ဂြိုဟ်တုတစ်ခုသည် ကမ္ဘာကိုတစ်ခါပတ်ရန် ၂၄ နာရီကြာသည့် ကမ္ဘာနှင့်အချိန်ကိုက်ပတ်လမ်း၏ သီးခြားအမြင့်ကို သတ်မှတ်ထားသည်။ရှင်းလင်းချက်-ကမ္ဘာ၏ကိုယ်ပိုင်လည်ပတ်ခြင်းသည် ၂၄နာရီကြာသကဲ့သို့ ဂြိုလ်တုတစ်ခုသည်လည်း ကမ္ဘာကိုပတ်ရန်၂၄ နာရီကြာလျှင် ထိုဂြိုလ်တုသည် ကမ္ဘာ၏ မျက်နှာပြင်တစ်နေရာကို အမြဲတမ်းမျက်နှာမူနေသည့်ဖြစ်စဉ် ဖြစ်ပေါ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်လမ်းကို ကမ္ဘာနှင့်အချိန်ကိုက်ပတ်လမ်းဟုခေါ်သည်။ အလတ်စားကမ္ဘာပတ်လမ်းရှိ ဂြိုဟ်တုအားလုံးသည် ပတ်လမ်းကြာချိန် ၂၄ နာရီအောက်သာရှိသည်။အလတ်စားကမ္ဘာပတ်လမ်း၏ အနိမ့်ဆံုးအမြင့်တွင် စက်ဝိုင်းပုံပတ်လမ်းအတွက် ပတ်လမ်းကြာချိန်သည်အနည်းဆံုး၂ နာရီ ခန့်ရှိသည်။ [၁]
အလတ်စားကမ္ဘာပတ်လမ်းများရှိ ဂြိုဟ်တုများသည် မြေဆွဲအားမဟုတ်သည့် စိုးမိုးခြယ်လှယ်နေသောနေရောင်ခြည်ဖိအားကြောင့် နှောင့်ယှက်ခံရသည်။ [၂] အခြားသော နှောင့်ယှက်တတ်သည့်အားများတွင် ကမ္ဘာမြေမှ နေရောင်ခြည် ရောင်ပြန်အား ၊ အင်တာနာမှ ရေဒီယိုလှိုင်းလွှတ်သဖြင့် မလိုအပ်ဘဲ ရသောအရှိန်၊ အပူပြန်လည်ဖြာထွက်မှုနှင့် ဆက်စပ်သော အပူအကျိုးသက်ရောက်မှုများ ပါဝင်သည်။
အလတ်စားကမ္ဘာပတ်လမ်းဒေသတွင် Van Allen ရောင်ခြည်ခါးပတ်များ ဟုလူသိများသော အီကွေတာအထက်ရှိ လျှပ်စစ်စွမ်းအင်ပြည့်ဝသော အမှုန်အမွှားဇုန်နှစ်ခုပါဝင်ပြီး ၎င်းတို့သည် အထူးအကာအကွယ်မပါသောဂြိုဟ်တုများ၏ အီလက်ထရွန်းနစ်စနစ်များကို ပျက်စီးစေနိုင်သည်။
အလတ်စားကမ္ဘာပတ်လမ်းကို တစ်ခါတစ်ရံ ကမ္ဘာပတ်လမ်းလတ် သို့မဟုတ် အလယ်အလတ်စက်ဝိုင်းပတ်လမ်း ( Intermediate Circular Orbit) ဟုခေါ်သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 Definitions of geocentric orbits from the Goddard Space Flight Center။ NASA Goddard Space Flight Center။ 27 May 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 July 2012 တွင် ပြန်စစ်ပြီး။
- ↑ Bury, Grzegorz (February 2020). "Toward the 1-cm Galileo orbits: challenges in modeling of perturbing forces". Journal of Geodesy 94 (2): 16. doi:. Bibcode: 2020JGeod..94...16B.