မာတိကာသို့ ခုန်သွားရန်

အရှင်ဥက္ကံသမာလာ

ဝီကီပီးဒီးယား မှ

အရှင်ဥက္ကံသမာလာ (၁၀၅၀ ခန့်) သည် တနင်္ဂနွေမင်းလက်ထက်တွင် ထင်ရှားသည့် ရဟန်းတော်တစ်ပါး ဖြစ်သည်။ ထန်းပေါက်ကုန်း အရှင်ဝရဝံသ၏ တပည့် ဖြစ်သည်။[]

စနေမင်းလက်ထက်တွင် ရွှေယင်မြှော်ရွာကြီးတွင် သီတင်းသုံးတော်မူ၏။ တနင်္ဂနွေမင်းလက်ထက်သို့ ရောက်သောအခါ တွင်းသင်းမှူးမတ် နေမျိုးသီရိဇေယျနော်ရထာက အင်းဝသို့ ပင့်ဆောင်ခဲ့သည်။ အင်းဝတွင် ရွေကြက်ယက်ကျောင်းတွင် သီတင်းသုံး၏။

ဘုရားစေတီတော်ကို ဝတ်ပြုရန် လှူထားသည့်ရွာတွင် သီတင်းသုံးသည့်အတွက် ဘုရင်သည် မကိုးကွယ်ဘဲ အမတ်ကြီးအား ကိုးကွယ်စေခဲ့သသည်။ ဆရာတော်သည် အတင်ဂိုဏ်း အရုံဂိုဏ်း ကွဲပြားရာတွင် အရုံဂိုဏ်းဘက်မှနေကာ ဖြေရှင်းတော်မူခဲ့သည်။[] ပါဠိအဋ္ဌကထာ ဋီကာကျနစွာ တတ်သည်။ လောကရာဇ အရေး အကြောင်း၌ လိမ်မာလှသည်။ မင်းဧကရာဇ်က မကိုးကွယ်သည် မှာ ရွာကြီးသားဖြစ်၍ မကိုးကွယ် ခြင်းဖြစ်သည်ဟု ပထမ မောင်းထောင်းဆရာတော်ဖြစ်ခဲ့သူ မင်းတိုင်မင်အမတ် မဟာ ဓမ္မသင်္ကြံ ပြုခဲ့သော သာသနာလင်္ကာရစာတန်းတွင် ဆိုသည်။[]

ပြုစုခဲ့သည့် စာပေများ

[ပြင်ဆင်ရန်]

၁။ ဝဏ္ဏဗောဓနသတ်အင်းနှင့် သတ်ပုံလင်္ကာ၊

၂။ တောင်ငူဆိုရတုအဖြေ (စနေမင်းလက်ထက်)၊

၃။ မန်ကျည်းကျပ်ရွာစားလျှောက်ထုံး၊

၄။ ကဝိကဏ္ဌပါသလင်္ကာ။[]

မွေးဖွားချိန်

[ပြင်ဆင်ရန်]

၁၀၇၆ ခုနှစ်တွင် တနင်္ဂနွေမင်း နန်းတက်သည့်အခါ အင်းဝသို့ ပင့်ဆောင်ခဲ့သဖြင့် ၁၀၅၀ ကျော်ခန့်တွင် ဖွားမြင်သည်ဟု ခန့်မှန်းရသည်။[]

သတိပြုရန်

[ပြင်ဆင်ရန်]

မေတ္တာစာများ ရေးသားတော်မူခဲ့သည့် တောပုမြောက်ကျောင်း ရှင်ဥက္ကံသမာလာနှင့် ခွဲခြား၍ မှတ်သားသင့်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 5 လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၆၊ ၁၇။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)