အာယာဂဒါယက

ဝီကီပီးဒီးယား မှ
(အရှင်အာယာဂဒါယကထေရ် မှ ပြန်ညွှန်းထားသည်)

အရှင်အာယာဂဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရားပွင့်တော်မူစဉ် အခါက ဖြစ်၏။ ထိုမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုသောအခါ အရှင်အာယာဂဒါယကထေရ် သည် ပုထိုးစေတီကို ရှိခိုး၏။ ထို့နောက် ဆွမ်းစားကျောင်းဆောင်ကို ပြုလုပ်လှူဒါန်းခဲ့၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

အရှင်အာယာဂဒါယကထေရ်သည် ရှစ်ကမ္ဘာတို့ပတ်လုံး လူ့ဘဝနှင့် မရောပြွမ်းဘဲ နတ်ပြည်၌ နေခဲ့ရ၏။ ကျန်သောဘဝတို့တွင်မူ လူ့ဘဝ၊ နတ်ဘဝတို့တွင် ကျင်လည်ခဲ့ရ၏။ ထို့ပြင် စကြမင်းအဖြစ် အကြိမ်သုံးဆယ် ဖြစ်ခဲ့၏။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်တွင် ဆွမ်းစားကျောင်းဆောင်ကို အလှူပြုခဲ့သည့်အချိန်မှစကာ အရှင်လသုဏဒါယကထေရ် သည် အပါယ်လေးဘုံသို့ လုံးဝမကျရောက်ခဲ့ရပေ။ [၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်အာယာဂဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ကုဏ္ဍဓာနဝဂ်