မာတိကာသို့ ခုန်သွားရန်

အမ္ဗဒါယက

ဝီကီပီးဒီးယား မှ
(အရှင်အမ္ဗဒါယကထေရ် မှ ပြန်ညွှန်းထားသည်)

အရှင်အမ္ဗဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[]

ဘဝဇာတ်ကြောင်း

[ပြင်ဆင်ရန်]

အနောမဒဿီမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

အနောမဒဿီမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ ထိုအချိန်တွင် အရှင်အမ္ဗဒါယကထေရ် သည် ဟိမဝန္တာတောင်တွင် မျောက်ဖြစ်နေ၏။ ထိုမျောက်သည် တောင်ကြား၌ မေတ္တာဘာဝနာပွားများနေသော မြတ်စွာဘုရားအား သရက်သီးမှည့်ကို ခူးကာ လှူဒါန်းခဲ့၏။ []

အကျိုးခံစားရခြင်း

[ပြင်ဆင်ရန်]

ထိုသို့ လှူဒါန်းခဲ့ရသည့် အကျိုးကျေးဇူးကြောင့် ငါးဆယ့်ခုနစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့ရ၏။ ကြွင်းသော ကမ္ဘာတို့တွင် လူ့ပြည်၊ နတ်ပြည်တို့၌ ကျင်လည်ခဲ့ရ၏။ တစ်ရ့ခုနစ်ဆယ့်ခုနစ်ကမ္ဘာထက်တွင် “အမ္ဗဋ္ဌဇ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[]

ဂေါတမမြတ်စွာဘုရားထက်ထက်

[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်အမ္ဗဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 ထေရာပဒါန်ပါဠိတော်၊ သကစိန္တနိယဝဂ်