အဓိမုတ္တ

ဝီကီပီးဒီးယား မှ
(အရှင်အဓိမုတ္တထေရ် မှ ပြန်ညွှန်းထားသည်)

အရှင်အဓိမုတ္တထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

အတ္ထဒဿီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

အတ္ထဒဿီမြတ်စွာဘုရားပွင့်တော်မူစဉ် အခါက ဖြစ်၏။ အရှင်အဓိမုတ္တထေရ် သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးချိန်တွင် ရဟန်းသံဃာကို ဆွမ်းလုပ်ကျွေးလှူဒါန်းခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ တစ်ထောင့်ရှစ်ရာသော ကမ္ဘာထက်တွင် ဆွမ်းအလှူပြုခဲ့သည့်အချိန်မှစကာ အရှင်အဓိမုတ္တထေရ် သည် အပါယ်လေးဘုံသို့ လုံးဝမကျရောက်ခဲ့ရပေ။ ထို့ပြင် ဖြစ်သောဘဝတို့တိုင်းတွင်လည်း သတ္တဝါတို့ကို ဂုဏ်အားဖြင့် လွှမ်းမိုးနိုင်ခဲ့ခြင်း အကျိုးကျေးဇူးများ ခံစားခဲ့ရသည်။ [၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်အဓိမုတ္တထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ကုဏ္ဍဓာနဝဂ်