သောဏကောဠိဝိသ

ဝီကီပီးဒီးယား မှ
(အရှင်သောဏကောဠိဝိသထေရ် မှ ပြန်ညွှန်းထားသည်)

အရှင်သောဏကောဠိဝိသထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

အနောမဒဿီဘုရားလက်ထက်[ပြင်ဆင်ရန်]

အနောမဒဿီဘုရား ပွင့်တော်မူစဉ်အခါက ဖြစ်၏။ ထိုအချိန်တွင် အရှင်သောဏကောဠိဝိသထေရ် သည် ဘုရားရှင်အတွက် စင်္ကြံလျှောက်ရာနေရာကို အင်္ဂတေဖြင့် ပြုလုပ်ခဲ့၏။ ထို့ပြင် ပန်းတို့ဖြင့် စင်္ကြံတွင် ခင်း၍လည်းကောင်း၊ ကောင်းကင်တွင် မျက်နှာကြက်လုပ်၍လည်းကောင်း လှူခဲ့၏။ ဘုရားရှင်အား ဆွမ်းအလုပ်ဖြင့်လည်း လုပ်ကျွေးခဲ့၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုအခါ မြတ်စွာဘုရားသည် အရှင်သောဏကောဠိဝိသထေရ် အား “သေခါနီး၌ နတ်မင်းတစ်ထောင်ကသော ရထားသည် ဖြစ်လတ္တံ့။ ကမ္ဘာသုံးသောင်းပတ်လုံး နတ်ပြည်တွင် မွေ့လျော်ရလတ္တံ့။ နှစ်ဆယ့်ငါးကမ္ဘာ သိကြားမင်း ဖြစ်မည်။ ယသောဓရ ဟူသောတူညီသည့်အမည်ဖြင့် ခုနစ်ဆယ့်ခုနစ်ကြိမ် စကြဝတေးမင်း ဖြစ်မည်။ နှစ်ဆယ့်ရှစ်ကမ္ဘာ စကြဝတေးမင်း ဖြစ်မည် အစရှိသဖြင့် များစွာသောအကျိုးများခံစားရမည်” ဟု မိန့်တော်မူ၏။

ထို့ပြင် ဂေါတမမြတ်စွာဘုရားလက်ထက်တွင် သောဏ ဟူသောအမည်ဖြင့် ဧတဒဂ်ရရဟန်းဖြစ်မည်ဟု မိန့်တော်မူ၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်သောဏကောဠိဝိသထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဥပါလိဝဂ်