သုစိန္တိက
ပုံပန်းသွင်ပြင်
(အရှင်သုစိန္တိကထေရ် မှ ပြန်ညွှန်းထားသည်)
အရှင်သုစိန္တိကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]တိဿမြတ်စွာဘုရားလက်ထက်
[ပြင်ဆင်ရန်]တိဿမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ အရှင်သုစိန္တိကထေရ် သည် ထိုမြတ်စွာဘုရားအား စင်ကြယ်သောစိတ်ဖြင့် အင်ပျဉ်ကို ပေးလှူခဲ့၏။ [၁]
အကျိုးခံစားရခြင်း
[ပြင်ဆင်ရန်]ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား အင်ပျဉ်ကို ပေးလှူခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ ကမ္ဘာသုံးဆယ့်ရှစ်ထက်တွင်လည်း ရုစိစကြာမင်း၊ ဥပရုစိစကြာမင်း၊ သုံးယောက်မြောက် မဟာရုစိစကြမင်းဟူ၍ စကြာမင်း သုံးကြိမ် ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
[ပြင်ဆင်ရန်]နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်သုစိန္တိကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]