ရဋ္ဌပါလ

ဝီကီပီးဒီးယား မှ
(အရှင်ရဋ္ဌပါလထေရ် မှ ပြန်ညွှန်းထားသည်)

အရှင်ရဋ္ဌပါလထေရ် သည် မြတ်စွာဘုရား၏ သာသာနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တွင် ဖြစ်၏။ အရှင်ရဋ္ဌပါလထေရ် သည် ထိုမြတ်စွာဘုရားအား သံဃာ့အရံ၊ ပြာသာဒ်ဆောင်တို့ကို ဆောက်လုပ်လှူဒါန်းခဲ့၏။ ပဒုမုတ္တရမြတ်စွာဘုရားသည် အလှူအားအနုမောဒနပြု၏။ ထို့နောက် သံဃာ့အလယ်တွင် “နတ်ပြည်တွင် အလွန်မြတ်သော ဗိမာန်ဖြစ်ပေါ်မည့်အကြောင်း၊ သိကြားမင်းအဖြစ်ကို အကြိမ်ငါးဆယ်၊ စကြဝတေးမင်းအဖြစ်ကို ရှစ်ကြိမ်ဖြစ်မည်။ ကမ္ဘာတစ်သိန်းထက်တွင် ပွင့်တော်မူမည့် ဂေါတမအမည်ရှိသည့် ဗုဒ္ဓလက်ထက်တွင် ရဟန်းပြုကာ “ရဋ္ဌပါလ” အမည်ဖြင့် တပည့်သာဝက ဖြစ်မည်” ဟု မိန့်တော်မူ၏။

ဤသို့ဖြင့် နောက်ဆုံးဘဝတွင် အရှင်ရဋ္ဌပါလထေရ်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် အာသဝေါကုန်ခမ်းသည့် ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ထေရာပဒါန်ပါဠိတော်၊ သီဟာသနိယဝဂ်