မာတိကာသို့ ခုန်သွားရန်

ပဒုမစ္ဆဒနိယ

ဝီကီပီးဒီးယား မှ
(အရှင်မစ္ဆဒနိယထေရ် မှ ပြန်ညွှန်းထားသည်)

အရှင်မစ္ဆဒနိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[]

ဘဝဇာတ်ကြောင်း

[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရား ပရနိဗ္ဗာန်စံသောအခါ အရှင်မစ္ဆဒနိယထေရ်သည် ပဒုမ္မာကြာပန်းကို ထင်းပုံသို့ယူကာ တင်လှူခဲ့၏။ []

အကျိုးခံစားရခြင်း

[ပြင်ဆင်ရန်]

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်တွင် ကြာပန်းလှူခဲ့သည့်အချိန်မှစကာ အရှင်မစ္ဆဒနိယထေရ် သည် အပါယ်လေးဘုံးသို့ မရောက်ခဲ့ရပေ။ လေးဆယ့်ခုနစ်ကမ္ဘာထက်တွင်လည်း ပဒုမိဿရ အမည်ရှိသည့် စကြဝတေးမင်း ဖြစ်ခဲ့၏။[]

ဂေါတမမြတ်စွာဘုရားထက်ထက်

[ပြင်ဆင်ရန်]

နောက်ဆုံးဘဝ ဂေါတမမြတ်စွာဘုရားလက်ထက်တွင် အရှင်မစ္ဆဒနိယထေရ် သည် အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူ၏။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 ထေရာပဒါန်ပါဠိတော်၊ ဥပါလိဝဂ်