မာတိကာသို့ ခုန်သွားရန်

နိပန္နဉ္ဇလိက

ဝီကီပီးဒီးယား မှ
(အရှင်နိပန္နဉ္ဇလိကထေရ် မှ ပြန်ညွှန်းထားသည်)

အရှင်နိပန္နဉ္ဇလိကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[]

ဘဝဇာတ်ကြောင်း

[ပြင်ဆင်ရန်]

တိဿမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

တိဿမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ထိုစဉ်အခါက အရှင်နိပန္နဉ္ဇလိကထေရ် သည် သားရဲတိရစ္ဆာန်ထူထပ်သော တောထဲတွင် အနာရောဂါ၏ နှိပ်စက်မှုကို ခံစားလျက် ရှိ၏။ ထိုအခါ မြတ်စွာဘုရားသည် ကြွတော်မူလာ၏။ ထိုအခါ အရှင်နိပန္နဉ္ဇလိကထေရ် သည် လက်အုပ်ချီကာ ရှိခိုးခဲ့၏။ ထို့နောက် ထိုအရပ်တွင်ပင် သေဆုံးခဲ့၏။[]

အကျိုးခံစားရခြင်း

[ပြင်ဆင်ရန်]

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား ရှိခိုးခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ ထို့ပြင် ငါးခုမြောက်ကမ္ဘာထက်တွင် “မဟာသိခ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[]

ဂေါတမမြတ်စွာဘုရားထက်ထက်

[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်နိပန္နဉ္ဇလိကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ တိမိရဝဂ်