ဌိကဉ္ဇလိယ
ပုံပန်းသွင်ပြင်
(အရှင်ဌိတဉ္ဇလိယထေရ် မှ ပြန်ညွှန်းထားသည်)
အရှင်ဌိတဉ္ဇလိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]တိဿမြတ်စွာဘုရားလက်ထက်
[ပြင်ဆင်ရန်]တိဿမြတ်စွာဘုရား လက်ထက်တွင် အရှင်ဌိတဉ္ဇလိယထေရ် သည် သားမုဆိုးတစ်ဦး ဖြစ်၏။ တစ်နေ့သောအခါ မုဆိုးသည် တောအရပ်တွင် မြတ်စွာဘုရားကို ဖူးမြင်ရ၏။ ထို့နောက် မုဆိုးသည် မြတ်စွာဘုရားရှင်အား လက်အုပ်ချီ၍ အရှေ့အရပ်သို့ ဖဲသွားခဲ့၏။ ထို့နောက်တွင် မုဆိုးအား မုကြိုး ထိမှန်၏။ ထိုအခါ မုဆိုးသည် မသေမီ ထပ်မံ၍ မြတ်စွာဘုရားအား လက်အုပ်ချီခြင်းကို ပြုခဲ့ပြန်၏။ [၁]
အကျိုးခံစားရခြင်း
[ပြင်ဆင်ရန်]ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား လက်အုပ်ချီမှုကို ပြုခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ ထို့ပြင် ငါးဆယ့်လေးကမ္ဘာထက်တွင် “မိဂကေတု” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
[ပြင်ဆင်ရန်]နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဌိတဉ္ဇလိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]