အရွယ်ရောက်သူများနေ့
ပုံပန်းသွင်ပြင်
အရွယ်ရောက်သူများနေ့ (成人の日, Seijin no Hi) သည် ဂျပန်နိုင်ငံ၏ တရားဝင်အစိုးရရုံးပိတ်ရက် ဖြစ်သည်။ "ပျော်ရွှင်ဖွယ်ရာတနင်္လာနေ့" စနစ်အရ ဇန်နဝါရီလ၏ ဒုတိယမြောက်တနင်္လာနေ့တွင် အရွယ်ရောက်သူများနေ့ကို သတ်မှတ်ကျင်းပကြသည်။ ဤနေ့တွင် ဂျပန်နိုင်ငံတွင် ယခင်နှစ် ဧပြီလ ၂ ရက်မှ လက်ရှိနှစ် ဧပြီလ ၁ ရက်အကြားကာလတွင် အရွယ်ရောက်ရှိသူများအားလုံးကို ဂုဏ်ပြုကြသည်။ ထိုသူများသည် ဂျပန်နိုင်ငံ၏ ဥပဒေအရ အရွယ်ရောက်ရှိသူများ ဖြစ်ကြသည်။ ဆဲဂျင်းရှိခိ (成人式, seijin-shiki) ဟု ခေါ်သည့် အရွယ်ရောက်သူများအတွက် ဂုဏ်ပြုပေးသည့် ပွဲတော်ကို ကျင်းပပေးကြပြီး မိသားစုဝင်များ၊ သူငယ်ချင်းများ စသည်ဖြင့် ပါဝင်ဆင်နွှဲကြသည်။