အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု

အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု (သို့မဟုတ် ကပ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု) (အင်္ဂလိပ်: Emergency management) သည် လူ့အဖွဲ့အစည်းအတွင်း ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုဖြစ်နိုင်ချေကို လျှော့ချရန်သော်လည်းကောင်း၊ ဘေးအန္တရာယ်များကို မည်သို့ရင်ဆိုင်ဖြေရှင်းနိုင်ရန်သော်လည်းကောင်း လိုအပ်သည့် အခြေခံဘောင် (framework) ကို ဖန်တီးပေးသည့် သိပ္ပံပညာတစ်ခုနှင့် နည်းစနစ်တစ်ခုဖြစ်သည်။[၁]
ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အလုပ်သမားများ၏ ဘေးကင်းကျန်းမာရေး
[ပြင်ဆင်ရန်]ကပ်ဘေးအန္တရာယ်အပြီး ပြန်လည်ထူထောင်ရေးကာလတွင် သန့်ရှင်းရေးလုပ်ခြင်းသည် လုပ်ငန်းခွင်အန္တရာယ်များစွာ ပါဝင်သည်။ မကြာခဏဆိုသလို၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးနေသည့် ဒေသတွင်းပတ်ဝန်းကျင်အခြေအနေများက အဆိုပါအန္တရာယ်များကို ပိုမိုဆိုးရွားစေပါသည်။ တာဝန်ရှိသူများနှင့် အလုပ်သမား ခေါင်းဆောင်များသည် အလုပ်သမားများအပေါ် အဆိုပါအန္တရာယ်များကို ထိတွေ့မှုနည်းပါးစေရန်နှင့် ဖြစ်နိုင်ခြေရှိသည့် အန္တရာယ်များကို ကြိုတင်ခန့်မှန်းကာ စေ့စေ့စပ်စပ်အကဲဖြတ်ခြင်း၊ သင့်လျော်သော ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး ဝတ်စုံ (PPE)များ ပံ့ပိုးပေးခြင်း၊ အလုပ်ကို ဘေးရန်ကင်းကင်း လုပ်ဆောင်နိုင်ရန် လိုအပ်သော သိသင့်သိထိုက်သော သက်ဆိုင်ရာအချက်အလက်များကို ဖြန့်ဝေပေးခြင်းစသည်တို့ကို ပြုလုပ်ပေးရန် တာဝန်ရှိပါသည်။[၂]
စီမံခန့်ခွဲမှု အဆင့်များ
[ပြင်ဆင်ရန်]အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုတွင်
- ကာကွယ်ခြင်း၊
- လျော့ပါးသက်သာအောင်ပြုခြင်း၊
- ကြိုတင်ပြင်ဆင်ခြင်း၊
- တုံ့ပြန်ဆောင်ရွက်ခြင်းနှင့်
- ပြန်လည်ထူထောင်ခြင်း
ဟူသော အဆင့် ၅-ခု ပါဝင်သည်။[၃]
ကာကွယ်ခြင်း
[ပြင်ဆင်ရန်]လျော့ပါးသက်သာအောင်ပြုခြင်း
[ပြင်ဆင်ရန်]ကြိုတင်ပြင်ဆင်ခြင်း
[ပြင်ဆင်ရန်]တုံ့ပြန်ဆောင်ရွက်ခြင်း
[ပြင်ဆင်ရန်]ပြန်လည်ထူထောင်ခြင်း
[ပြင်ဆင်ရန်]လူသားများ၏ အသက်အန္တရာယ်ကို ချက်ချင်းခြိမ်းခြောက်မှု ရပ်တန့်သွားပြီးနောက် ပြန်လည်ထူထောင်ရေးအဆင့်ကို စတင်ရမည် ဖြစ်သည်။ ပြန်လည်ထူထောင်ရေးအဆင့်၏ အနီးဆုံးပန်းတိုင်မှာ ဘေးအန္တရာယ်ထိခိုက်ထားသည့်နေရာကို တတ်နိုင်သမျှ မူလအခြေအနေသို့ မြန်မြန်ပြန်လည်ရောက်ရှိစေရန် ဖြစ်သည်။ ပြန်လည်တည်ဆောက်ရေးကာလအတွင်း အဆောက်အဦးတို့၏ တည်နေရာနှင့် အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများကို ထည့်သွင်းစဉ်းစားရန် အကြံပြုထားသည်။[၄]
ရိုးရှင်းမျှတသော အစားအစာများကို ဗီတာမင်ဆေးပြားများ၊ ဂျုံလုံးများ၊ ပဲများ၊ နို့ခြောက်၊ ပြောင်းနှင့် ဟင်းချက်ဆီတို့မှ တည်ဆောက်နိုင်ပါသည်။[၅] ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် အသားများကို တတ်နိုင်သမျှ ပြင်ဆင် ထည့်သွင်းထားနိုင်ပါသည်။[၆]
စိတ်ပိုင်းဆိုင်ရာ ရှေးဦးအကူအညီ
[ပြင်ဆင်ရန်]သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပြီးခြင်း သဘာဝဘေးဒဏ်သင့်ပြည်သူများအား လက်ရှိဆိုးဝါးနေဆဲ အခြေအနေအတွင်း နေထိုင်ရှင်သန်တတ်ရန်နှင့် ပြန်လည်ထူထောင်ရေးအတွက် လေ့ကျင့်သင်ကြားထားသော လူပုဂ္ဂိုလ်များမှ စိတ်ပိုင်းဆိုင်ရာ ရှေးဦးအကူအညီကို ဆောင်ရွက်ပေးသင့်ပါသည်။[၇] လေ့ကျင့်သင်ကြားထားသော ထောက်ပံ့ရေးလုပ်သားများသည် စားနပ်ရိက္ခာနှင့် ရေကဲ့သို့သော အခြေခံလိုအပ်ချက်များ ပြည့်ဝစေရန် အကူအညီများ၊ လိုအပ်သော သတင်းအချက်အလက်များကိုနှင့် ဝန်ဆောင်မှုများပေးနိုင်သော နေရာဌာနနှင့် တာဝန်ခံနိုင်သူများထံသို့ လမ်းညွှန်ပေးခြင်းများ စသည့် လက်တွေ့ကျသော ပံ့ပိုးကူညီမှုများကို ပြုလုပ်ပေးနိုင်ပါသည်။ စိတ်ပိုင်းဆိုင်ရာ ရှေးဦးအကူအညီပေးခြင်းမှာ ဆေးဘက်ဆိုင်ရာ ရှေးဦးသူနာပြုစုနည်းနှင့် ဆင်တူပြီး ဝန်ဆောင်မှုပေးသူများသည် လိုင်စင်ရ ဆရာဝန်များ ဖြစ်ရန်မလိုအပ်ပါ။ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း၏ ပန်းတိုင်မှာ လူမှု၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု၊ မျှော်လင့်ချက်ရှိသော ငြိမ်သက်ပြီး ဘေးကင်းသည့် ပတ်ဝန်းကျင်ကို ပံ့ပိုးပေးပြီး၊ ကပ်ဘေးသင့်ပြည်သူပြည်သားများကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ်သော်လည်းကောင်း၊ ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းကိုသော်လည်းကောင်း ပြန်လည်ကူညီနိုင်စေခြင်းဖြင့် ၎င်းတို့၏ ရေရှည်ပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်ချက်ဖြစ်သည်။[၇]
ကပ်ဘေးသင့်သူများတွင် ဖြစ်ပေါ်လာတတ်သော စိတ်ဖိစီးမှု လက္ခဏာများကို သိထားသင့်ပါသည်။ အရွယ်ရောက်ပြီးသူများတွင် အောက်ပါလက္ခဏာများရှိနေပါက၊ ၎င်းတို့အား အကျပ်အတည်းဆိုင်ရာ အကြံဉာဏ်ပေးခြင်း သို့မဟုတ် စိတ်ဖိစီးမှုစီမံခန့်ခွဲမှုအကူအညီ လိုအပ်နိုင်သည်။
- မိမိ၏အတွေးများကို သူများနားလည်အောင် မရှင်းပြနိုင်ခြင်း။
- အိပ်မပျော်နိုင်ခြင်း။
- သူတို့ဘဝတွင် နေထိုင်မှုဟန်ချက်ထိန်းရန် ခက်ခဲလာခြင်း။
- ဒေါသထွက်စိတ်တိုလွယ်လာခြင်း။
- မူးယစ်ဆေးဝါးနှင့်အရက်သေစာ သုံးစွဲမှု တိုးလာခြင်း။
- အာရုံမစူးစိုက်နိုင်ခြင်း။ လုပ်ကိုင်စွမ်းဆောင်ရည် ညံ့ဖျင်းလာခြင်း။
- ခေါင်းကိုက်ခြင်း/ အစာအိမ်ပြဿနာများ မကြာခဏ ကြုံတွေ့ရခြင်း။
- ဥမင်လိုဏ်ခေါင်းအမြင် (ဘေးပတ်ဝန်းကျင်အမြင်ဆုံးရှုံးပြီး မျက်စိမြင်ကွင်း လျော့နည်းလာခြင်း)/ အကြားအာရုံများ အားနည်းလာခြင်း။
- အအေးမိခြင်း သို့မဟုတ် တုပ်ကွေးကဲ့သို့ လက္ခဏာများ မကြာခဏ ခံစားလာရခြင်း။
- စိတ်ရှုပ်ထွေးခြင်း။
- အာရုံစူးစိုက်ရန်ခက်ခဲခြင်း။ အိမ်မှ ထွက်ခွာရန် ဝန်လေးခြင်း။
- စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းခြင်း။
- မျှော်လင့်ချက်ကင်းမဲ့သော ခံစားချက်များ ရှိလာတတ်ခြင်း။
- စိတ်ဓာတ်အတက်အကျမြန်ပြီး မကြာခဏ ငိုတတ်ခြင်း။
- ရှင်သန်နေရခြင်းကို အပြစ်တစ်ခုအဖြစ်မြင်ခြင်း နှင့် မိမိကိုယ်ကို သံသယရှိနေခြင်း။
- လူစုလူဝေး၊ သူစိမ်းများနှင့် ပတ်သက်ဆက်ဆံရမည်ကိုကြောက်ခြင်း၊ တစ်ယောက်တည်းနေရခြင်းကိုလည်း ကြောက်ခြင်း။[၈]
အောက်ပါတို့သည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိတ်ဖိစီးမှုများကို လျော့ပါးသက်သာစေရန် နည်းလမ်းများဖြစ်သည်။
- ဒေါသ၊ ဝမ်းနည်းမှုနှင့် အခြားခံစားချက်များကို မည်မျှပင် ပြောထုတ်ရန် ခက်ခဲနေသော်လည်း တစ်စုံတစ်ဦးနှင့် ကြိုးစားပြီး ပြောဆိုဆွေးနွေးပါ။
- ဘေးအန္တရာယ်လွန် စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းသည့် ကျွမ်းကျင်သော အတိုင်ပင်ခံပုဂ္ဂိုလ်များထံမှ အကူအညီရယူပါ။
- ဤဆိုးရွားသောဖြစ်ရပ်အတွက် သင့်ကြောင့်ဟု ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနှင့်။ ကယ်ဆယ်ရေးလုပ်ငန်းတွင် တိုက်ရိုက်မကူညီနိုင်ဟု သင်ခံစားပြီး စိတ်ပျက်မနေပါနှင့်။
- ကျန်းမာသောအစာစားခြင်း၊ အနားယူခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အပန်းဖြေခြင်းနှင့် တရားထိုင်ခြင်းတို့ဖြင့် သင့်ကိုယ်ပိုင်ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ သက်သာရာရလာစေရန် ခြေလှမ်းများလုပ်ဆောင်ပါ။
- သင်ကိုယ်တိုင်နှင့် သင့်မိသားစုအပေါ် ကြီးမားသောအဆမတန်တာဝန်များ မလုပ်မိအောင် ကန့်သတ်ကာ၊ မိသားစုနှင့် နေ့စဉ်လုပ်ရိုးလုပ်စဉ် လုပ်ငန်းများအတိုင်းသာ လည်ပတ်နိုင်ရန် ထိန်းသိမ်းပါ။
- မိသားစုနဲ့ သူငယ်ချင်းများနှင့် အချိန်ကုန်လွန်အောင် ကြိုးစားပါ။
- အထိမ်းအမှတ်ပွဲတွေမှာ ပါဝင်ပါ။
- မိသားစု၊ သူငယ်ချင်းများနှင့် ဘာသာရေးအဖွဲ့အစည်းများ၏ လက်ရှိပံ့ပိုးကူညီမှုအဖွဲ့များကို အသုံးပြုပါ။
- သင်၏ ဘေးအန္တရာယ်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းများကို ပြန်လည်သိုလှောင်ခြင်းနှင့် သင့်မိသားစု ဘေးအန္တရာယ်ကာကွယ်မှု အစီအစဉ်များကို ကြိုတင်ပြင်ဆင်ခြင်းဖြင့် အနာဂတ်ဖြစ်ရပ်များအတွက် သင်သည် အဆင်သင့်ဖြစ်ကြောင်း သေချာပါစေ။ ဤသို့ အပြုသဘောဆောင်သော လုပ်ရပ်များကို လုပ်ခြင်းဖြင့် စိတ်သက်သာရာ ရစေနိုင်ပါသည်။[၉]
ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ကာကွယ် ဖြေရှင်းခြင်း
[ပြင်ဆင်ရန်]သတင်းမီဒီယာများသို့ ထိတွေ့မှုကို စောင့်ကြည့်ပြီး ကန့်သတ်ပါ။ ဘေးဥပဒ်နှင့်ပတ်သက်သည့် သတင်းဖော်ပြမှုသည် ကလေးငယ်များတွင် ကြောက်ရွံ့မှုနှင့် စိတ်ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေနိုင်ပြီး စိုးရိမ်ပူပန်မှုကို လှုံ့ဆော်ပေးနိုင်သည်။ အထူးသဖြင့် ကြီးမားသော ဘေးအန္တရာယ်များ သို့မဟုတ် ကြီးမားသော ပစ္စည်းများ ပျက်စီးမှုနှင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားသည့် အကြမ်းဖက် ဖြစ်ရပ်များသည် ကလေးငယ်များ၏စိတ်အတွေးအပေါ် အထူးသက်ရောက်နိုင်ပေသည်။ အထူးသဖြင့် ကလေးသူငယ်များအတွက်၊ အဖြစ်အပျက်တစ်ခု၏ ထပ်ခါတလဲလဲပုံများကို သတင်းတွင်မြင်ရခြင်းအားဖြင့် အဆိုပါအဖြစ်အပျက်သည် ထပ်ခါထပ်ခါ ထပ်ခါထပ်ခါ ဖြစ်နေသည်ဟု တလွဲယုံကြည်စေနိုင်သည်။
မိဘများသည် ကလေးများအား ရုပ်မြင်သံကြားကြည့်ရှုရာတွင် သို့မဟုတ် ဘေးဥပဒ်နှင့်ပတ်သက်သည့်ပုံများ သို့မဟုတ် သတင်းများပြသသည့်နေရာတွင် အင်တာနက်အသုံးပြုခွင့်ပေးပါက၊ မိဘများအနေဖြင့် ၎င်းအဖြစ်ဆိုးများနှင့် ပတ်သက်ပြီး ရှင်းလင်းချက်ပေးရန်အတွက် ကလေးများနှင့်အတူရှိသင့်သည်။ မိဘများက စိုးရိမ်ပူပန်မှုဖြစ်စေသောအချက်အလက်များကို ကလေးငယ်များထိတွေ့မှုကို သင့်တော်သလို စောင့်ကြည့် ကန့်သတ်ခြင်းရမည်လည်း ဖြစ်သည်။[၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Emergency Management Definition, Vision, Missions, Principles (in EN-US)။ 2022-12-08 တွင် ပြန်စစ်ပြီး။
- ↑ OSHA Fact Sheet_Keeping Workers Safe During Disaster Cleanup and Recovery (2017-11-27)။
- ↑ Mission Areas။ United States Department of Homeland Security။ 3 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 July 2022 တွင် ပြန်စစ်ပြီး။
- ↑ "A proposal for the reconstruction of a historical masonry building constructed in Ottoman Era (Istanbul)" (2020-11-01). Journal of Building Engineering 32: 101493. doi: . ISSN 2352-7102.
- ↑ Federal Emergency Management Agency။ FEMA.gov။ 2013-08-11 တွင် ပြန်စစ်ပြီး။
- ↑ "Home gardens: a promising approach to enhance household food security and wellbeing" (2013-05-31). Agriculture & Food Security 2 (1): 8. doi: . ISSN 2048-7010. Bibcode: 2013AgFS....2....8G.
- ↑ ၇.၀ ၇.၁ Hennebert, Marc-Antonin (2009). "Cross-Border Social Dialogue and Agreements: An Emerging Global Industrial Relations Framework?, Sous la direction de Konstantinos Papadakis, Genève : Institut international d'études sociales, Organisation internationale du travail, 2008, 288 p., ISBN 978-92-9014-862-3 (print) et ISBN 978-92-9014-863-0 (web pdf).". Relations Industrielles 64 (3): 530. doi: . ISSN 0034-379X.
- ↑ Coping with Disaster။ FEMA.gov (2015-01-31)။ 2015-03-08 တွင် ပြန်စစ်ပြီး။
- ↑ Coping with Disaster။ FEMA.gov (2015-01-31)။ 2015-03-08 တွင် ပြန်စစ်ပြီး။
- ↑ Coping with Disaster။ FEMA.gov (2015-01-31)။ 2015-03-08 တွင် ပြန်စစ်ပြီး။