အရူး

ဝီကီပီးဒီးယား မှ

အရူး (၈)မျိုး[ပြင်ဆင်ရန်]

  1. ကာမဝိတက် ရုပ်ပျက်အောင် ကြံလွန်ဖောက်ပြန် မှတ်ရန် ကာမရူး။
  2. ဒေါသအမျက် ရုပ်ပျက်စေငြားလွန်ဆိုးဝါး မှတ်သား ဒေါသရူး။
  3. တစ်ပါးသူကို ကြည်ဖြူကင်းလျက်ကိုယ့်ရုပ်ပျက်အောင် လွန်တတ်မာနထောင်တာက မှတ်ကြ မာနရူး။
  4. အယူမှားဘက် ကြံဝိတက်ဖြင့်စွဲချက်လွန်နာ ထိုသူမှာ မှတ်ပါ ဒိဋ္ဌိ ရူး။
  5. သေရည်သေရက် ရုပ်ဆင်းပျက်အောင်အရှက်မရှိ သောက်စားဘိ မှတ်သိ သူရာရူး။
  6. စည်းစိမ်ယွင်းပျက် ဆွေမျိုးပျက်၍ရုပ်ပျက်အောင်ပေ အပူပွေ မှတ်လေ ဗျသနရူး။
  7. ဘီလူးစုန်း-နတ် ဖမ်းစားအပ်၍ အမှတ်သတိလွတ်ကင်းဘိလျက် ရုပ်ဆင်းပျက် မှတ်ချက် ယက္ခရူး။
  8. သည်းခြေပျက်၍ ရုပ်ပျက်အောင်ပေအကြံပွေ မှတ်လေ သည်းခြေရူး။ အရူးပျောက်ချင် ဘုရားရှင်၏ မဂ္ဂင်ဆေးမြတ်သောက်သုံးအပ် မှတ်ကြပါလေဦး။ [၁]
  1. အရှင်ခေမာစာရ (မန်းရေတံခွန်တောင်)