အရူပလေးဘုံ

ဝီကီပီးဒီးယား မှ

အရူပ ၄-ဘုံ။ ရုပ်ကားမရှိ၊ နာမ်သာရှိသော ဗြဟ္မာကြီးတို့၏ နေရာ ၄-မျိုး။

  • (၁) အာကာသာနဉ္စာယတနဘုံ - ကမ္ဘာနှစ်သောင်းအသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ၊
  • (၂) ဝိညာဏဉ္စာယတန ဘုံ - ကမ္ဘာလေးသောင်းအသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ၊
  • (၃) အာကိဉ္စညာယတန ဘုံ - ကမ္ဘာခြောက်သောင်းအသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ၊
  • (၄) နေဝသညာနာသညာယတနဘုံ - ကမ္ဘာရှစ်သောင်းအသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ။

မှတ်ချက်။ ။ဤ ၄-ခုမြောက်ဘုံကိုပင် ဘဝဂ်ဟုခေါ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း