အရိုးစု၊ အရိုးသရုပ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အရိုးစု၊ အရိုးသရုပ်[ပြင်ဆင်ရန်]

အရိုး၊ အရိုးနုတို့ဖြင့် ကိုယ်ခန္ဓာ သရုပ်ပေါ်အောင် တည်ဆောက် ထားသော အမာခံ အထည်ကို အရိုးစု(ဝါ) အရိုးသရုပ်ဟု ခေါ်သည်။ ဤအရိုးစုတို့သည် နူးညံ့ပျော့ ပျောင်းသော အသားမျှင်များကို ထောက်ကန် ကာကွယ်ထားသည်။

အားလုံးသော အထက်တန်း သတ္တဝါများ၌ အရိုးစုများ သည် ကိုယ်ခန္ဓာ အတွင်း၌ရှိ၍ ထိုအရိုးစုအလယ်တွင် ကျောရိုး ရှိသည်။ အင်းဆက်ပိုးကောင်များ၊ ခုံးပျော့၊ ပုစွန်တုပ်၊ ကမာ၊ ယောက်သွားစသော အောက်တန်းသတ္တဝါများ၏ အမာခံ အထည်ဟုခေါ်သော အရိုးသရုပ်သည် အပြင်ဘက်တွင်ရှိကြ သည်။ ပင်လယ်ခူ၊ ကင်းမွန်ဘဲလိပ်နှင့် ဘဝဲစသော ရေသတ္တဝါ များတွင် အရိုးသရုပ်မရှိပဲ ရေ၏ ဖေးမထောက်ပံ့မှုကို ရရှိ သဖြင့် ဖျတ်လပ်စွာ ကူးခတ်သွားလာနိုင်ကြသည်။ သို့ရာတွင် ကုန်းပေါ် ရောက်လာသောအခါ ထိုအတိုင်း ရွှေ့ရှားသွားလာရန် မစွမ်းနိုင်ကြတော့ပေ။ အရိုးစုသည် သတ္တဝါတို့၏ အသက်ရှင် ရေးတွင် အရေးကြီးရကား အထက်တန်းသတ္တဝါတို့တွင် ကျောရိုးရှိကြသည်ချည်း ဖြစ်သည်။ လူသည် အထက်တန်း အကျဆုံးသော ကျောရိုးရှိ သတ္တဝါဖြစ်သည်။

သာမန်လူတစ်ယောက်၏ အရိုးစုတွင် အရိုးပေါင်း ၂၁၄ ခုရှိ၏။ ယင်းအရိုးများသည် ကြွက်သားများ တစ်ခုနှင့်တစ်ခု ဆက်စပ်နေရန် အမာခံထည်များအဖြစ်ဖြစ်စေ၊ နုနယ်သော အဂ‡ါအစိတ်အပိုင်းများကို အကာအကွယ် ပြုရန်ဖြစ်စေ သူ့ နေရာနှင့်သူ အံကျဖြစ်လျက် ရှိနေကြသည်။ အချို့ အရိုးများ သည် တစ်ခုနှင့်တစ်ခု စွဲမြဲစွာ ဆက်၍ အချို့ကား တော်ရုံမျှ ဆက်လျက် ရှိကြသည်။ ကိုယ်ထည် ဆောက်တည်ရာ၌ အခြေခံ သည် ကျောရိုးတိုင် ဖြစ်၏။ ယင်းတွင် ဦးခေါင်းရိုး၊ လည်ပင်း ရိုးနှင့် ကိုယ်လုံးရိုးများ ပါဝင်ကြသည်။

နို့စို့သူငယ်အရွယ်၏ ကျောရိုးတွင် မညီညာသော ကျောရိုး ဆစ်ပေါင်း ၃၃ ခု ရှိ၏။ အသက်အနည်းငယ် ကြီးလာသော အခါ အောက်ပိုင်းကျောရိုးဆစ် ကိုးခုအနက် အပေါ်ငါးခုသည် မြီးထူးအဖြစ်သို့လည်းကောင်း၊ ကျန် လေးဆုသည် မြီးညောင်း အဖြစ်သို့လည်းကောင်း ပေါင်းစပ်သွာကြလေသည်။ ထိုကြောင့် အရွယ်ရောက် ချိန်မှစ၍ နောက်ပိုင်းတွင် လူ၌ ကျောရိုးဆစ် ၂၄ ခုသာ ရှိလေသည်။ ထို ၂၄ ခုအနက် လည်ရိုးတွင် ခုနစ် ခု၊ ရင်ပတ်တွင် နံရိုးကိုထိန်းထားသော အဆစ် ၁၂ ခုနှင့် ခါး ပိုင်းတွင် ငါးခုတို့ ဖြစ်ကြသည်။ ကျောရိုးဆစ် အသီးသီးသည် ကွင်းကလေးကဲ့သို့ တစ်ခုပေါ်တစ်ခု ဆင့်ကာဆင့်ကာထပ်လျက် ယင်းတို့ကြားတွင် အရိုးနုများဖြင့် ခံထားသည်။

ရင်ပိုင်းကျောရိုးဆစ်များ၏ တစ်ဖက်တစ်ဖျက်စီတွင် နံရိုး ၁၂ ချောင်းစီ ရှိ၏။ ယင်းတို့အနက် အပေါ်နံရိုး ခုနစ်စုံသည် ရှေ့တွင်ရှိသော ရင်ရိုးနှင့် ဆက်လျက်ရှိသည်။ ကျန်ငါးစုံအနက် သုံးစုံသည် အရိုးများနှင့် ဆက်လျက်ရှိပြီးလျှင် နောက်ဆုံးနှစ်စုံ ကား ဆက်လျက် မရှိချေ။ ရင်ပတ်နံရံအလယ်တန်းတွင် ရှိ သော ရင်ရိုးသည် ဓားသွားကဲ့သို့ ပြားနေသည်။ ရင်ရိုး၊ နံရိုး နှင့်ကျောရိုးဆစ် ၁၂ ခုသည် ရင်အခေါင်း၏ အမာခံကိုယ်ထည် ဖြစ်လေသည်။ လည်တိုင် မည်မျှလောက်ပင် ရှည်စေကာမူ ဝင်ရိုးကျောရိုးဆစ်ခုနစ်ခု ပါစမြဲဖြစ်သည်။ အပေါ်ပိုင်း နှစ်ခု သည် ကျောရိုးပထမဆစ်နှင့် ဝင်ရိုးတို့ ဖြစ်ကြသည်။ ကျောရိုး ပထမဆစ်သည် ဦးခေါင်းကို ထောက်မထားပြီးလျှင် ဝင်ရိုးတွင် ဆုံလည်သကဲ့သို့ ဦးခေါင်းနှင့်လိုက်၍ လည်သည်။

ဦးခေါင်းခွံတွင် ဦးနှောက်ရိုးနှင့် မျက်နှာရိုးများ ပါရှိ၏။ ဦးနှောက်ကို ဦးထိပ်ခွံထဲတွင် ထည့်သွင်း ထိန်းသိမ်းထားရန် နှင့် မျက်စိရိုး၊ နားရိုးတို့အတွက် အရိုးပေါင်းရှစ်ခု ဆက်လျက် ရှိသည်။ ယင်းတို့မှာ နောက်စေ့ရိုး၊ ချိုစောင်းရိုးနှစ်ခု၊ နားထင် ရိုး၊ နဖူးရိုး၊ သပ်ရိုး၊ အက်သမွိုက်ရိုးနှင့် တူပုံနားတွင်းရိုး၊ ပေပုံနားတွင်းရိုးနှင့် နားတွင်းရိုးတို့ ဖြစ်ကြသည်။ မျက်နှာတွင် အရိုးပေါင်း ၁၁၄ ခုရှိ၏။ ယင်းတို့အနက် အောက်မေးရိုး တစ်ခု၊ အထက်မေးရိုးနှင့် အာခေါင်အတွက် နှုတ်ရိုးနှစ်ခု၊ နှာတံအတွက် နှာရိုးနှစ်ခု၊ နှာခြားရိုးတစ်ခု၊ ပါးရိုးနှစ်ခု၊ မျက်ရည်ဖြစ်စေသော အရိုးတစ်စုံ၊ အာခေါင်အတွက် အာရိုး တစ်စုံနှင့် အရိုးလိပ်တစ်စုံတို့ ဖြစ်ကြသည်။

လက်နှစ်ချောင်း၊ ခြေနှစ်ချောင်းတို့သည် ကျောရိုးတိုင်နှင့် ဆက်စပ်လျက် ရှိကြသည်။ လက်မောင်းများကို လက်ပြင်ဆုံက ထိန်းထားပြီးလျှင် ထိုလက်ပြင်ဆုံတဘက်စီတွင် ည|ပ်ရိုးနှင့် လက်ပြင်ရိုးတစ်ခုစီ ရှိကြသည်။ လက်မောင်းကို နှစ်ပိုင်းပိုင်း၍ အထက်ပိုင်းကို လက်မောင်းရိုးဟူ၍လည်းကောင်း၊ အောက် လက်ဖျံပိုင်းကို လက်ဖျံရိုးနှင့် ရေဒီယတ် လက်ဖျံရိုးဟူ၍ လည်းကောင်း ခေါ်သည်။ လက်တွင် လက်မျက်ရိုး ရှစ်ခု၊ လက်ဝါးရိုး ငါးခုနှင့် လက်ချောင်းရိုး ၁၄ ခု အသီးအသီး ရှိသည်။

ခြေထောက်ရှိ အရိုးသရုပ်များသည်လည်း လက်အရိုးသရုပ် ကဲ့သို့ပင် တည်ဆောက်ထားသည်။ တင်ပါးရိုး နှစ်ခုပါရှိသည့် အနက် တစ်ခုစီကို တင်ပါးရိုး၊ တင်ခံရိုးနှင့် ဆီးခုံရိုးဟူ၍ သုံးပိုင်းခွဲထားသည်။ တင်ပါးရိုးများသည် ကျောရိုးတိုင်မှ မြီးထူး၊ မြီးညောင်းတို့နှင့် ဆက်ပြီးလျှင် တင်ပါးဆုံ ဖြစ်လာ သည်။ ထိုတင်ပါးဆုံသည် ခြေထောက်များကို ထိန်းထား သည်။ ခြေထောက်တွင် ပေါင်ရိုး၊ ဒူးခေါင်း၊ ညိုတံကျည်ရိုးနှင့် ခြေဖျံရိုးများ ရှိ ကြသည်။ ခြေမျက်စိနေရာတွင် အမျိုးမျိုး ကွေးနိုင်ရန်အတွက် ခြေမျက်ရိုးကလေး ခုနစ်ခု၊ ခြေမျက်လွန်း ရိုး ငါးခုရှိသည့်ပြင် ကောင်းမွန်လှပစွာ လမ်းလျှောက်နိုင်ရန် ခြေချောင်းရိုး ၁၄ ခု ရှိသည်။

ကိုယ်ခန္ဓာအတွင်းရှိ အရိုးများသည် ကွေးနိုင်သော ရိုး ဆက်ရွက်များဖြင့် တစ်ခုနှင့်တစ်ခု မြဲမြံစွာ ဆက်လက် ရှိကြ သည်။ ထိုအရိုးဆက်နေရာများတွင် အစွပ်ပါးပါးဖြင့် ဖုံးအုပ် ထားသည့် အရိုးနုများ၊ အဆစ်တွင်း မြေ|းများက ခံထားကြ ပြီးလျှင် ဆီဖြင့်လည်း သုတ်လိမ်းထားလျက်ရှိသည်။ ဆီအဆက်မပြတ် ရရှိနေသောကြောင့် ထိုအရိုးဆက်နေရာများ သည် အဆက်မပြတ် သွားလာလှုပ်ရှားလျက်ရှိသော်လည်း ပျက်စီး ယိုယွင်းသွားခြင်း မရှိချေ။ အရိုးနှစ်ခုဆက်သည့် အဆစ်များကို (၁) မလှုပ်ရှားနိုင်သောအဆစ်၊ (၂) အနည်း အကျဉ်း လှုပ်ရှားနိုင်သောအဆစ်၊ (၃) လွတ်လပ်စွာ လှုပ်ရှား နိုင်သော အဆစ်များဟူ၍ သုံးမျိုးသုံးစား ခွဲခြားနိုင်သည်။ ဦးထိပ်ခွံရှိ အဆစ်များသည် မလှုပ်ရှားနိုင်သော အဆစ်များ ဖြစ်၍ ကျောရိုးဆစ်များမှာ အနည်းအကျဉ်းမျှသာ လှုပ်ရှား နိုင်လျက် ပခုံးဆစ်များကား လွတ်လပ်စွာ လှုပ်ရှားနိုင်သော အဆစ်များ ဖြစ်ကြသည်။ ကြွက်သားများသည် အဆစ်များကို ကန့်လန့်ဖြတ်ကာ အရိုးများ နှင့် ဆက်လျက်ရှိရကား ထို ကြွက်သားများကို ကျုံ့လိုက်ခြင်းအားဖြင့် လှုပ်ရှားမှု ဖြစ်လာ လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)