အရိယာဝံသတရား

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အရိယာဝံသတရား ဆိုသည်မှာ ဘုရား၊ ဘုရားတပည့်သား၊ ဘုရားအမွေခံ ရှင်, လူအရိယာ အရိုးအမျိုးခံသူတို့ မစွန့်အပ်သော တရားဖြစ်၍ “အရိယာဝံသတရား” မည်၏။[၁]


ယခုအခါ၌မူကား ရှင်လူအပေါင်းတို့၌ ပစ္စယာမိသတဏှာ, လောကာမိသတဏှာ, ဝဋ္ဋာမိသတဏှာတို့သည် လွန်စွာမင်းမူ၍ နေကြကုန်၏။ တဏှာသုံးပါး၏ ဆန့်ကျင်ဖက်ဖြစ်သော အရိယာဝံသတရားလေးပါးကို ပြောဆိုခဲ့လျှင် မခံနိုင်ရှိကြကုန်၏။[၁]

အရိယာဝံသတရား (၄)ပါး[ပြင်ဆင်ရန်]

အရိယာဝံသတရားလေးပါး ဆိုသည်မှာ -

(၁) ဆွမ်းပစ္စည်း၌ ရောင့်ရဲလွယ်ခြင်း တစ်ပါး၊

(၂) သင်္ကန်းပစ္စည်း၌ ရောင့်ရဲလွယ်ခြင်း တစ်ပါး၊

(၃) ကျောင်းပစ္စည်း၌ ရောင့်ရဲလွယ်ခြင်း တစ်ပါး၊

(၄) ဘာဝနာတရား၌ မွေ့လျော်ခြင်း တစ်ပါး။ ဤလေးပါးတို့ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ပြုစုစီရင်တော်မူသော ဗောဓိပက္ခိယဒီပနီ။ လယ်တီဒီပနီထွန်းကားပြန့်ပွားရေးအဖွဲ့။