မာတိကာသို့ ခုန်သွားရန်

အရရှိယာမဘူတာ (ခဲအိဖုခု)

ဝီကီပီးဒီးယား မှ
အရရှိယာမဘူတာ

  • 嵐山駅
  • あらしやま
Station entrance and surrounding shops 2011
Station entrance and surrounding shops 2011
တည်နေရာUkyo-ku, Kyoto
Kyoto Prefecture
Japan
ကိုဩဒိနိတ် 35°00′55″N 135°40′40″E / 35.015214°N 135.677694°E / 35.015214; 135.677694ကိုဩဒိနိတ်: 35°00′55″N 135°40′40″E / 35.015214°N 135.677694°E / 35.015214; 135.677694[]
စီမံခန့်ခွဲသူKeifuku Electric Railroad
ရထားလိုင်း(များ)Randen Arashiyama Line
အကွာအဝေး7.2km from Shijō-Ōmiya
ပလက်ဖောင်းများ4
ရထားစင်္ကြံ3
ဆက်သွယ်ထားမှုများHankyu Arashiyama Line
(HK-98: Hankyu)

JR West Sagano Sanin Main Line (Saga Arashiyama E07)

Sagano Scenic Railway (Torokko Saga)
တည်ဆောက်မှု
ဖွဲ့စည်းပုံ အမျိုးအစားAt-grade
အခြား အချက်အလက်များ
ဘူတာရုံ ကုဒ်A13
ဝဘ်ဆိုဒ်Official (in ဂျပန်)
သမိုင်းကြောင်း
ဖွင့်ခဲ့မတ် ၂၅၊ ၁၉၁၀ (၁၉၁၀-၀၃-၂၅)
Traffic
ခရီးသည် (FY2015[])1.4 million

အရရှိယာမဘူတာ (嵐山駅, Arashiyama-eki) သည် ဂျပန်နိုင်ငံကျိုတိုမြို့အုခယောရပ်ကွက်တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။[] ဤဘူတာသည် ရှိဂျောအိုးမိယဘူတာတွင် ခရီးစတင်ပြေးဆွဲသည့် ရန်ဒန်အရရှိယာမရထားလိုင်း၏ အနောက်ဘက်ရှိ ခရီးဆုံးဘူတာ ဖြစ်သည်။ ဘူတာတွင် သေးငယ်သည့်ဆိုင်ဆန်းနေရာငယ်များပါဝင်သည့်နေရာ၊ အပြင်ဘက်တွင် စားသောက်နိုင်သည့်နေရာများနှင့် လျှောက်လမ်းများ၊ မေပယ်ပင်များနှင့် ချယ်ရီပန်းပင်များဖြင့် အလှဆင်ထားသည် ဥယျာဉ်တစ်ခုရှိသည်။ ထိုမျှသာမက အတွင်းပိုင်းပြင်ဆင်မှုဆိုင်ရာဒီဇိုင်နာဖြစ်သူ ယဆုမိချိမိုရိတာက ဖန်တီးထားသည့် LED မီးများအတွင်းတွင် ထည့်သွင်းပါရှိသည့် အပြင်တွင် ကီမိုနိုများဖြင့် ရစ်ပတ်ထားသည့် မီးတိုင်ပေါင်း ၆၀၀ ပါရှိသည့် "ကီမိုနိုသစ်တော" လည်း ဤဘူတာတွင် တည်ရှိသည်။[][]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]
The "Kimono Forest" lit at night

ဘူတာကို ၁၉၁၀ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် အရရှိယာမနှင့် ရှိဂျောအိုးမိယကို ဆက်သွယ်ထားသည့် အရရှိယာမရထားလိုင်း၏ ခရီးဆုံးဘူတာအဖြစ် ဖွင့်လှစ်ခဲ့သည်။ အတဂိုဆန်ရထားလိုင်းကိုပါ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ၁၉၂၉ ခုနှစ်တွင် ဘူတာကို ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့သည်။[] ထိုရထားလိုင်းသည် အရရှိယာမတွင် ခရီးစတင်ပြီး အနောက်ဘက်ရှိ ခိယာတခိ သို့ ခိယောတခိလိုဏ်ခေါင်းမှတဆင့် ဆက်သွယ်ဖောက်လုပ်ထားသည်။ ထို့ကြောင့် ခရီးသည်များသည် အတဂေါ့တောင်သို့ ရောက်ရှိရန်အတွက် ကျဉ်းမြောင်းသည့်ရထားလမ်းကို အသုံးပြုသည့် ရထားကို ပြောင်းစီးရမည် ဖြစ်ည်။ ခဲအိုဖုခုလျှပ်စစ်ရထားလိုင်းစတင်ပြီးနောက် ၁၉၄၄ ခုနှစ်တွင် အတဂေါ့ဆန်ရထားလိုင်းကို ရပ်နားခဲ့သည်။[]

၂၀၀၂ ခုနှစ်တွင် အရရှိယာမဟန်းနရိဟော့ခိုရိရင်ပြင်ပလာဇာကို တည်ဆောက်ခဲ့သည်။ ၎င်းတွင် စံပြလျှောက်လမ်းတစ်ခုကို ၂၀၀၄ ခုနှစ်တွင် ထပ်မံတည်ဆောက်ခဲ့သည်။ ဘူတာကို ၂၀၀၇ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များတွင် လုံးဝပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

Arashiyama station (Keifuku), with train, Kimono forest around, and Arashiyama mountain on the background

ဘူတာပုံစံ

[ပြင်ဆင်ရန်]

ဤဘူတာတွင် စင်္ကြံသုံးခုပါဝင်သည်။ လက်တွန်းလှည်းများဖြင့် ဝင်ရောက်နိုင်ပြီး လက်မှတ်စစ်ဆေးသည့်ဂိတ်လည်း ပါရှိသည်။ စင်္ကြံအားလုံးသည် ရှိဂျောအိုးမိယဘူတာမှ ထွက်ခွာလာသည့် ရထားဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးသည်။[] အဓိကအားဖြင့် ဂိတ်အမှတ် ၁ နှင့် ၂ ကို အသုံးပြုသည်။

လိုင်းအမှတ် ရထားလိုင်း ဆိုက်ရောက်ရာနေရာ
1 Arashiyama Line Shijo-Omiya via Katabiranotsuji
2 Arashiyama Line Shijo-Omiya via Katabiranotsuji
3 Arashiyama Line Shijo-Omiya via Katabiranotsuji

Special services to Kitano-Hakubaicho

ကပ်လျက်ဘူတာ

[ပြင်ဆင်ရန်]
« Service »
ရန်ဒန်အရရှိယာယရထားလိုင်း
ရန်ဒန်ဆဂ (A11) Local ခရီးဆုံး

ပတ်ဝန်းကျင်နေရာများ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Way: Arashiyama (279279195) OpenStreetMap 2010-10-11 တွင် ပြန်စစ်ပြီး။
  2. 第8章 都市施設 [Chapter 8: Urban facilities]京都市統計書 [Statistics of Kyoto City] (ဂျပန်ဘာသာစကားဖြင့်)။ City of Kyoto။ 2017။
  3. You must specify title = and url = when using {{cite web}}. (in ja)။ Keifuku Electric Railroad Co., Ltd. (Randen) 2010-10-11 တွင် ပြန်စစ်ပြီး။
  4. 京福電鉄 「嵐山駅」│京都に住もう 16 July 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-02-05 တွင် ပြန်စစ်ပြီး။
  5. Keifuku Line (Randen) Discover Kyoto။ 2010-10-11 တွင် ပြန်စစ်ပြီး။
  6. 1 2 幻の鉄道「愛宕山鉄道」を訪ねて 2018-12-27 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-02-05 တွင် ပြန်စစ်ပြီး။
  7. Station Map Arukumachi KYOTO Route Planner။ 2010-10-11 တွင် ပြန်စစ်ပြီး။