အယ်လ် ဝယ်လိဒ်ဘင် တယ်လယ်

ဝီကီပီးဒီးယား မှ
အယ်လ် ဝယ်လိဒ်ဘင် တယ်လယ်
အယ်လ် ဝယ်လိဒ်ဘင် တယ်လယ်
မွေးသက္ကရာဇ် မတ်လ၇ရက်၊၁၉၅၅
ဂျက်ဒဟ်၊ဆော်ဒီအာရေးဗျနိုင်ငံ
နိုင်ငံသား ဆော်ဒီအာရေဗျလက်ဘနွန်
ပညာရေး Menlo College (B.Sc)
Syracuse University (M.SocSc)
University of Exeter (Honorary PhD)
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၉.၄ ဘီလျံ
ကြင်ဖော် ဒလယ်လ် ဘင့်တ် ဆော့ဒ် ဘင် အဘဒ္ဒူ အဇစ်
မင်းသမီး အမီရာ
သားသမီး မင်းသား ခါလက်ဒ်
မင်းသမီး ရမ်း
မင်းသား နဂျမ်
မင်းသမီးမိုနာ

မင်းသား အယ်လ် ဝယ်လိဒ်ဘင် တယ်လယ် ( Waledd bin Talal ) ကို ၁၉၅၅ မတ် ၇ နေ့တွင် ဆော်ဒီ တော်ဝင်မိသား စုမှ ဖွား မြင်သည်။ သူသည် ဆော်ဒီအာရေဗီယန် ဘုရင် Abdullah ၏ တူဖြစ်သည်။ စီးပွားရေးစွမ်းဆောင်ရှင် နှင့် နိုင်ငံတကာတွင် ရင်းနှီးမြုပ်နှံမှုများပြုလုပ်ထားသူ တယောက်ဖြစ်သည်။ သို့သော် ဆော့ဒ် (သို့) ဆော်ဒီအာရေဗျ တော်ဝင်မိသားစု၏ နိုင်ငံရေးအရ ဩဇာအာဏာကြီးခြင်းကို အသုံးမချပဲ အိမ်ရာမြေလုပ်ငန်းများနှင့် ရှယ်ယာဈေးကွက်များတွင် ရင်းနှီးမြုပ်နှံမှုများပြုလုပ်ခြင်းဖြင့် ကြွယ်ဝချမ်းသာလာသူဖြစ်သည်။

၂၀၁ဝ မတ် Forbes စာရင်းအရ သူ၏ကြွယ်ဝချမ်းသာမှုမှာ အမေရိကန်ဒေါ်လာ ၁၉.၄ ဘီလျံခန့် ကြွယ် ဝပြီး ကမ္ဘာ့နံပါတ် ၁၉ အဆင့်ရှိ အချမ်းသာဆုံးပုဂ္ဂိုလ်တယောက် ဖြစ်သည်။ Time Magazine မှ သူ့အား အာရေဗျသား ဝါရင် ဘတ်ဖတ် ဟု ချစ်စနိုးဖြင့် မှည့်ခေါ်ခဲ့သည်။

အစောပိုင်း ဘဝ[ပြင်ဆင်ရန်]

ဆော်ဒီအာရေဗျ ကိုတည်ထောင်သူ ဘုရင် အဘဒူလ် အဇစ် အယ်လ် ဆော့ဒ် ၏ သား တလယ် အစ်ဘ် အဘဒယ်လ် အဇစ် နှင့် ဆော်ဒီအာရေဗျ ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သူ ရိတ်ဒ် အက်စ် ဆိုလ် လက်ဘနွန် ၏ သမီး မင်းသမီး မိုနာ အယ်လ် ဆိုးလ် တို့မှ မွေးဖွားခဲ့ပြီး ဒုတိယမြောက်သား ဖြစ်သည်။ ၁၉၇၉ တွင် Menlo College မှ စီးပွားစီမံ ဘာသာရပ်ဖြင့် B.Sc ဘွဲ့၊ Maxwell School မှ လူမှုသိပ္ပံဘာသာရပ် ဖြင့် မဟာဘွဲ့၊ ၁၉၈၅ တွင် Syracuse တက္ကသိုလ်မှ ပြည်သူ့ဆက်ဆံရေးဘာသာရပ်ဖြင့် မဟာဘွဲ့တို့ကိုရရှိခဲ့သည်။ ထို့အပြင် Exeter တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကိုချီးမြှင့်ခြင်းခံရသည်။ မင်းသား ဝယ်လိဒ် ၏ သားသမီးများမှာ . ပထမဇနီးမှ ၂ ယောက် မင်းသား ခါလက်ဒ်, မင်းသမီး ရင်းမ် နှင့် မင်းသမီး ဒလယ် ဘင့်တ် ဆော့ဒ် ဘင် အဘဒ္ဒူ အဇစ် တို့ဖြစ်ကြသည်။ လက်ရှိဇနီးများထဲမှ တယောက်ဖြစ်သော ဆော်ဒီ မင်းသမီး ဒတ်ဘိုရာဟ် မှ မင်းသမီး နဂျမ် နှင့် မင်းသမီး မိုနာ တို့ကို မွေးဖွားသည်။ ဆော်ဒီအာရေဗျ ဘုရင် အဘဒ္ဒူလာ ၏ တူဖြစ်သော်လည်း သူ အမေမှာ ဆော်ဒီ နိုင်ငံသား မဟုတ်သောကြောင့် ဆော်ဒီ အာရေဗျ ၏ နိုင်ငံရေးအရ ဩဇာအာဏာကြီးခြင်းနှင့် ပက်သက်ပြီး နေထိုင်လုပ်ကိုင်လေ့မရှိပေ။ Kingdom Holding Company ခေါ် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းစုတခုကို တည်ထောင်ခဲ့ပြီး ထိုမှတဆင့် သူ ၏ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို ပြုလုပ်ခဲ့သည်။

စီးပွားရေး စိတ်ဝင်စားမှုများ[ပြင်ဆင်ရန်]

၁၉၇၉ တွင် Menlo College မှ ဘွဲ့ရခါနီး အချိန်မှစပြီး အယ်လ် ဝယ်လိဒ် က သူ၏ စီးပွားရေးလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ သည်။ ၁၉၉ဝ နှစ်များတွင် Citicorp Company အခက်အခဲများနှင့်ကြုံတွေ့နေရချိန်တွင် ထို ကုမ္ပဏီ၏ များပြားလှစွာ သော အစုရှယ်ယာ များကို ဝယ်ယူခဲ့ပြီးထိုအချိန်မှစပြီး သူလုပ်သောအလုပ်များသည် ရင်းနှီးမြုပ်နှံသူတယောက် အဖြစ် သိသာ ထင်ရှား လာခဲ့သည်။ အမေရိကန် အိမ်ရာမြေလုပ်ငန်းမှ ချေးငွေများနှင့် လက်တင် အမေရိကန်မှ စီးပွားရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ရန် အခက်အခဲဖြစ်နေသော Citibank အား အကျပ်အတည်းမှ ကယ်တင်ရန် ( Bloomberg ၏ တွက်ချက်မှု အရ ရှယ်ယာခွဲရန်၊ ပိုင်ဆိုင်မှု နှင့် အရံထားရန် အတွက် ညိုနှိုင်းပြီးနောက် ရှယ်ယာတစုကို ဒေါ်လာ ၂.၉၈ နှုန်းဖြင့်) ဒေါ်လာသန်း ၅၅ဝ စတင် ရင်းနှီးမြုပ်နှံခဲ့သည်။ ယခုအခါ Citigroup တွင် သူ့ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၁ ဘီလျံ ခန့် ပါဝင်သည်။ Citibank တွင် ရင်းနှီးမြုပ်နှံမှုသည် သူ့အား ဆော်ဒီ ဝါရင်ဘတ်ဖတ် ဟူသော အမည်ကိုရရှိစေသည်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ဘဏ္ဍာရေး အကျပ်အတည်းမတိုင်မီက Citibank ရှိ သူ၏ ရှယ်ယာများသည် သူ ့ပိုင်ဆိုင်မှု၏ တဝက်နီးပါးရှိသည်။ ၁၉၉ဝ နှစ်ကုန်ပိုင်းတွင် Citicorp တွင် ကျန်ရှိနေသော အများနှင့်ဆိုင်သည့် ရှယ်ယာများ၏ ၄.၉% ကို တစုလျှင် ၁၂.၄၆ ဒေါ်လာ နှုန်းဖြင့် ဒေါ်လာ ၂၀၇ သန်းဖိုး ဝယ်ယူခဲ့သည်။ ထိုဝယ်ယူမှုသည် သူ့ပိုင်ဆိုင်မှုကို တရားဝင် မကြေညာခြင်းမရှိပဲ အများဆုံး အသုံးပြုခဲ့ခြင်းဖြစ်သည်။ ၁၉၉၁ ဖေဖော်ဝါရီတွင် အမေရိကန်တပ်များသည် အီရတ်စစ်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံ တွင် တပ်စွဲခဲ့သည့် အချိန်တွင် သူသည် ရှယ်ယာအသစ်များကိုဒေါ်လာ သန်း ၅၉ဝ ဖိုး ထပ်မံဝယ်ယူခဲ့ပြီးနောက် အများပိုင်အဖြစ် ရှယ်ယာတစုကို ၁၆ ဒေါ်လာနှုန်းဖြင့် ပြောင်းလဲရောင်းချခဲ့သည်။ ထိုရှယ်ယာ ပမာဏမှာ Citigroup ၏ ၁၀% ပိုင်ဆိုင်မှု ညီမျှပြီး သူ့ပိုင်ဆိုင်မှုကို ၁၄.၉% အထိ တိုးပွားစေခဲ့သည်။ အခြား နည်းပညာနှင့် သတင်း ကုမ္ပဏီများတွင် မြောက်မြားစွာသော ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ခဲ့သည်။

သူအိမ်ရာခြံမြေလုပ်ငန်းများတွင် နယူးယောက်ရှိ Plaza Hotel နှင့် Four Seasons Hotel လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံထားသော ရှယ်ယာ အမြောက်အမြားပါဝင်သည်။ ၂၀၀၄ ဩဂုတ် နောက်ပိုင်းတွင် သူပိုင်ဆိုင်သည့် ရှယ်ယာများ၏ တဝက်ခန့်ကိုရောင်းချခဲ့သည်။ သူသည် လန်ဒန် ရှိ Savoy Hotel နှင့် မိုနာကို ရှိ Monte Carlo Garden Hotel တို့တွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ခဲ့သည်။

သူသည် လက်ရှိတွင် Euro Disney SCA တွင် ရှယ်ယာ ၁၀% ခန့်ပိုင်ဆိုင်သည်။ ထိုကုမ္ပဏီကို Marne-la-Vallee၊ ပြင်သစ် ရှိ ပဲရစ် ဒစ်စနေလန်း က ပိုင်ဆိုင်ပြီး ပြုပြင်ထိမ်းသိမ်းမှုများ၊ စီမံခန့်ခွဲမှုများကို တာဝန်ယူလုပ်ဆောင်သည်။ အယ်လ် ဝယ်လိဒ် သည် ၂၀၀၅ ဇန်နဝါရီတွင် London ရှိ Savoy Hotel ကို GBP ပေါင်သန်း ၂၅ဝ ခန် ့ဖြင့် ဝယ်ယူခဲ့သည်။ ထို Savoy Hotel ကို သူ၏ အမဖြစ်သူ မင်းသမီး ဆော့လ်တန်နာ နာရူလ် အယ်လ် ဝယ်လိဒ် ၏ ရှယ်ယာ ၁၆% ခန့် ပါဝင်ပိုင်ဆိုင်သည့် Fairmont Hotels မှ ထိန်းချုပ်လုပ်ကိုင်မည် ဖြစ်သည်။ ၂၀၀၆ ဇန်နဝါရီတွင် အမေရိကန် အိမ်ရာမြေလုပ်ငန်း Colony Capital နှင့် အစုစပ်စီးပွားရေးလုပ်ငန်း အဖြစ်လုပ်ကိုင်ခဲ့ ပြီး Kingdom Holding သည် တော်ရွန်တို CA-based Fairmont ဟိုတယ်များ ကို ဒေါ်လာ ၃.၉ ဘီလျံခန့်ဖြင့် ရရှိခဲ့သည်။

၂၀၀၈ တွင် အမြင့် တမိုင်( ၁၆၀၉ မီတာ) ရှိ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အဦး ( အာရေဗျ အခေါ် The Tower of One Mile ) ကို ဒေါ်လာ ၁ဝ ဘီလျံ အကုန်အကျခံဆောက်လုပ်မည့် အစီအစဉ်တခု ပြုလုပ်ခဲ့သည်။ ၁၉၉၇ Time Magazine မှ “ အယ်လ်ဝယ်လိဒ် သည် News Corporation ၏ ၅% ခန့်ကို ပိုင်ဆိုင်ကြောင်း ”ဖော်ပြခဲ့သည်။ ၂၀၁ဝ တွင် News Corporation တွင် ဒေါ်လာ ၃ ဘီလျံခန့် တန်ဖိုးရှိ ရှယ်ယာ ၇% ခန့် နှင့် အာရပ်ကမ္ဘာ ၏ အကြီးဆုံး ဖျော်ဖြေရေး လုပ်ငန်းစုတခုဖြစ်သော အယ်လ် ဝယ်လိဒ် ၏ Rotana Group တွင် News Corp မှ ရှယ်ယာ ၉% ဒေါ်လာ သန်း ၇ဝ ဖိုး ရင်းနှီးမြုပ်နှံမှု ပြုလုပ်ထားကြောင်းဖော်ပြခဲ့သည်။ ဤသုံးသပ်ချက်သည် ယခင် AOL ကုမ္ပဏီတွင် အယ်လ် ဝယ်လိဒ် ၏ ရင်းနှီးမြုပ်နှံမှုများကို မှီငြမ်းရေးသားထားခြင်း ဖြစ်သည်။

အလှူဒါနများ[ပြင်ဆင်ရန်]

အယ်လ် ဝယ်လိဒ် ၏ အလှူဒါနတော်တော်များများသည် အနောက်နိုင်ငံနှင့် အစ္စလာမ် အသိုင်းအဝိုင်းကြားတွင် လစ်ဟာ နေသော ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်သော ပညာရေးဆိုင်ရာ တည်ထောင်မှုလုပ်ငန်းများတွင်ဖြစ်ပြီး အရှေ့ အလယ်ပိုင်းရှိ တက္ကသိုလ်များတွင် အမေရိကန်နှင့် ပက်သက်ပြီး လေ့လာမှု သုတေသနပြုလုပ်နိုင်ရန် အတွက် မတည် လှူဒါန်း ခြင်း၊ အနောက်နိုင်ငံများရှိ တက္ကသိုလ်များတွင် အစ္စလာမ် နှင့်ပက်သက်သည့် အကြောင်းများ လေ့လာနိုင်ရန် ထောက်ပံအကူအညီပေးခြင်းများကို ပြုလုပ် ခဲ့သည်။

World Trade Center တိုက်ခိုက်ခံရမှု[ပြင်ဆင်ရန်]

ကမ္ဘာ့ကုန်သွယ်မှု အဆောက်အအုံကို တိုက်ခိုက်ခံခဲ့ရပြီးနောက် ၂၀၀၁ အောက်တိုဘာတွင် အယ်လ် ဝယ်လိဒ် က “ ဒီလို ပြစ်မှုဆိုင်ရာ တိုက်ခိုက်မှုမျိုးကို ဖြစ်ပေါ်စေတဲ့ အချို့ကိစ္စတွေ ကိုင်တွယ်ဖြေရှင်းမှရမယ်” နှင့် “ အရှေ့အလယ်ပိုင်းဒေသနှင့် ပက်သက်ပြီး ချမှတ်ထားတဲ့ သူတို ့ရဲ ့မူဝါဒတွေကို ပြန်လည်ဆန်းစစ်သင့်တယ်” စသည်ဖြင့် အမေရိကန် ပြည်ထောင်စု ကို အကြံပြု ပြောကြားခဲ့ပြီး နောက်တွင် နယူးယောက် မြို့တော်ဝန် Rudy Giuliani က အယ်လ် ဝယ်လိဒ် ၏ အကြမ်းဖက်မှု နှင့် ပက်သက်ပြီး လှူဒါန်းသည့် အလှူငွေ ဒေါ်လာ ၁ဝ သန်း ကို ငြင်းပယ်ခဲ့သည်။ Giuliani က အယ်လ် ဝယ်လိဒ် ၏ ဖော်ပြချက်ကို “ အမေရိကန်၊ အစ္စရေးတို့လို လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံတွေ၊ အကြမ်းဖက်နိုင်ငံတွေနဲ့ အကြမ်းဖက်ဝါဒကိုလျစ်လျူရူသူများ ကြားထဲမှာ တူညီတဲ့ လူ့ကျင့်ဝတ်တခုတော့ ရှိတယ် “ လို့ ကောက်ချက်ချခဲ့တယ်။

ပါလက်စတိုင်းသားများ[ပြင်ဆင်ရန်]

၂၀၀၂ တွင် West Bank City of Jenin မှာ အစ္စရေးက ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေး အပြီး စစ်ဒဏ်ခံခဲ့ရတဲ့ ပါလက်စတိုင်း မိသားစုများကို ထောက်ပံလှူဒါန်းရန် ထုတ်လွှင့်သည့် TV အစီအစဉ်တခုကို အယ်လ် ဝယ်လိဒ် က ပေါင် ၁၈.၅ သန်း (ဒေါ်လာ ၂၇သန်း) ကို လှူဒါန်းခဲ့သည်။ ထိုအစီအစဉ်သည် ဆော်ဒီဘုရင် Fahd က ပါလက်စတိုင်းမှ ယုံကြည်ချက်အတွက် အသက်စွန် ့နေကြသော အာဇာနည် များအတွက် ကူညီရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ Saudi အစိုးရက အာဇာနည်ဟူသော အသုံးအနှုန်းကို အသေခံဗုံးခွဲသူများ အတွက် ရည်ရွယ်သုံးနှုန်းခြင်းမဟုတ်ပဲ Israeli ၏ အကြမ်းဖက် ဒုက္ခပေးမှုကို ခံစားနေရသော ပါလက်စတိုင်း ပြည်သူ များကို ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၅ အိန္ဒိယသမုဒ္ဒရာအတွင်းလှုပ်ခတ်ခဲ့သော ငလျင် အယ်လ် ဝယ်လိဒ် သည် ၂၀၀၅ တွင် အိန္ဒိယသမုဒ္ဒရာအတွင်းလှုပ်ခတ်ခဲ့သော ငလျင်ကြောင့်ဖြစ်ပေါ်ခဲ့သော ဆူနာမီ ဒဏ်ခံရသည့် ဒုက္ခသည်များအား ဒေါ်လာ ၁၇သန်း ကူညီထောက်ပံခဲ့သည်။

ဟားဗတ် တက္ကသိုလ်သို့လှူဒါန်းခြင်း[ပြင်ဆင်ရန်]

၂၀၀၉ ဧပြီတွင် မင်းသား အယ် ဝယ်လိဒ် ဘင် တယ်လယ် သည် ဟားဗတ် တက္ကသိုလ်သို့ဒေါ်လာ သန်း၂ဝ လှူဒါန်းခဲ့ပြီး သူ ပြုလုပ်ခဲ့ သော အကြီးကျယ်ဆုံးအလှူဒါန၂၅ ခုတွင် တခုအပါအဝင် ဖြစ်သည်။


Phillips Andover[ပြင်ဆင်ရန်]

၂၀၀၂ တွင် အယ်လ် ဝယ်လိဒ် ဒေါ်လာ ၅၀ဝ ဝ၀ဝ ကို မန်ဆာချူးဆက်ပြည်နယ်၊ အန်ဒိုဗာ တွင်ရှိသော Philip Acadamy မှ ဂျော့ချ် ဟားဘတ် ဝေါ်ကာ ဘုရှ် ပညာသင်ဆုအတွက် ရန်ပုံငွေအဖြစ်လှူဒါန်းခဲ့သည်။

ပညာရပ်ဆိုင်ရာဘွဲ့များ[ပြင်ဆင်ရန်]

၁၉၇၉ တွင် ကယ်လီဖိုးနီးယားရှိ မန်လို ကောလိပ် မှ B.Sc ( Business Administration ) ဘွဲ့ဒုတိယအဆင့် အောင်မြင် ရရှိခဲ့သည်။ Syracuse University မှ M.Sc ( Social Science ) ကို ဂုဏ်ထူးဖြင့် အောင်မြင်ရရှိ ခဲ့သည်။ အမွေအနှစ်များ Kingdom 5KR အယ်လ် ဝယ်လိဒ် ၈၅.၉ မီတာ(၂၈၂ ပေ) ရှည်သည့် Kingom 5KR အမည်ရှိ ရွက်လှေတစီးကို ပိုင်ဆိုင်သည်။ စတင်ဆောက်လုပ်စဉ်က Nabila ဟုအမည်ပေးထားပြီး ဆော်ဒီလက်နက်ရောင်းဝယ်သူ Adnan Khasoggi အတွက် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဂျိန်းစဘွန်း လူကြမ်းဇာတ်လမ်း Never Say Never Again တွင် ဂျိန်းစဘွန်းစီးသည် ပန်းကန်ပြားပျံ အဖြစ်ထည့်သွင်း ရိုက်ကူးခဲ့သည်။ နောက်ပိုင်းတွင် Donald Trump သို့ရောင်းချခဲ့ပြီး Trump Princess ဟု အမည်ပြောင်းခဲ့သည်။ အယ်လ် ဝယ်လိဒ် ထိုရွက်လှေကို Trump ဒုတိယအကြိမ် ဒေဝါလီခံရပြီးနောက်တွင် ပြန်လည်ဝယ်ယူခဲ့သည်။

လက်ရှိတွင် New Kingdom 5KR အမည်ရှိ ရွက်လှေအသစ်တစီးကို ထပ်မံမှာယူထားပြီး ထိုရွက်လှေသည် ၁၇၃ မီတာ ( ၅၅၇ ပေ) ခန့်ရှည်မည်ဖြစ်ပြီး ခန့်မှန်း ဒေါ်လာသန်း ၅၀ဝ ကျော် ကုန်ကျမည်ဖြစ်သည်။ ထိုရွက်လှေသည် Lindsey Design အတိုင်းဆောက်လုပ်ထားပြီး ၂၀၁ဝ နှစ်ကုန်ပိုင်းတွင် ပိုင်ရှင်လက်ထဲ အရောက် ပို့ပေးနိုင်မည်ဟု ခန့်မှန်းရသည်။ အယ်လ် ဝယ်လိဒ် သည် ဘိုးအင်း 747 တစ်စီး၊ Airbus 321တစ်စီး နှင့် Hawker Siddeley 125 တစ်စီး ပိုင်ဆိုင်ပြီး ထိုလေယာဉ် များကို ကိုယ်ပိုင်လေယာဉ်အဖြစ် အသုံးပြုမည် ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်လေယာဉ် တစ်စင်းဖြစ်သော Airbus A 380 တစီးကို ထပ်မံမှာယူထားပြီး ၂၀၁၂ တွင် ပိုင်ရှင်လက်ထဲ အရောက်ပို့ပေးနိုင်မည်ဖြစ်သည်။ ၂၀၀၉ ဂင်းနစ်မှတ်တမ်း စာအုပ်တွင် ကမ္ဘာ့အကြီးဆုံးကိုယ်ပိုင် ဂျက်လေယာဉ် တစ်စင်းအဖြစ် စာရင်းဝင် ထင်ရှားလျက်ရှိသည်။

အယ်လ် ဝယ်လိဒ် သည် Rolls Royace, Lamborghini, Ferrari, .. အစရှိသည့် ကားများအပါအဝင် ကားအစီး ၂၀ဝ ကျော် ပိုင်ဆိုင်သည်။ နာမည်ကျော် စီးပွားရေး မဂ္ဂဇင်းတစောင်ဖြစ်သော The Economist က မင်းသား အယ်လ် ဝယ်လိဒ် ၏ ဝင်ငွေအရင်းအမြစ်ကို သံသယရှိကြောင်းနှင့် သူသည် အခြားဆော်ဒီမှ ရင်းနှီးမြုပ်နှံသူများအတွက် ခေါင်းဆောင်တယောက်ဖြစ်နိုင်မဖြစ်နိုင်ကို ဖော်ပြထားသည်။ ထိုဖော်ပြချက်အရ ၁၉၉ဝ နှစ်များတုန်းက သူ၏ ဝင်ငွေသည် အသုံးစရိတ်ထက်နည်းပါးပြီး လုံလောက်မှုမရှိပေ။ ထိုဝင်ငွေ ပမာဏမှာ ဆော်ဒီ မင်းသားတပါးအတွက် ကာမိရုံသာ ရှိသည်။ ထို့အပြင် သူ့ကို ဒေါ်လာဘီလျံပေါင်း များစွာ ပိုင်ဆိုင်တဲ့နိုင်ငံတခုနဲ့ ထောက်ပံဖြည့်ဆည်းပေးလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၁၉၉၁ တွင် မင်းသား အယ် ဝယ်လိဒ် က Citicorp မှာ ဒေါ်လာ၇၉၇ သန်း ရင်းနှီးမြုပ်နှံနိုင်ခဲ့တယ်။” လို့ရေးသားခဲ့သည်။

သူ၏ ပိုင်ဆိုင်မှုများတွင် .. Kingdom Holding Company တွင် ရှယ်ယာ ၉၅%၊ Rotana Video & Audio Visual Company တွင် ၉၁% ပိုင်ဆိုင်မှု၊ Lebanese Broadcasting Center ( LBCSAT ) တွင် ၉၀% ပိုင်ဆိုင်မှု၊ News Corp (Fox News) တွင် ၇%၊ Citigroup တွင် ၆%၊ လက်ဘနွန် ရှိ နေ့စဉ်ထုတ်သတင်းစာနှစ်စောင်ဖြစ်သော Al Nahar နှင့် Al Diyar တွင် ၁၇% နှင့် ၂၅% တို့လဲပါဝင်ပိုင်ဆိုင်သည်။ မင်းသား အယ်လ် ဝယ်လိဒ် သည် ၂၀၀၉ ခုနှစ် တွင် ဒေါ်လာ ၁၆.၃ ဘီလျံပိုင်ဆိုင်ပြီး ဆော်ဒီနိုင်ငံ၏ အချမ်းသာဆုံးစာရင်း တွင် ထိပ်ဆုံးသို့ရောက်ရှိခဲ့သည်။