အဲလ် ဂျာဇီးယား

Wikipedia မှ
(အယ်လ် ဂျ​ဇီး​ရ မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အဲလ်ဂျာဇီးယားဆိုသည်မှာအာရေဗျဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ရုပ်မြင်သံကြားလိုင်းတစ်ခု ဖြစ်ပြီး၊ ၎င်းကို ကာတာနိုင်ငံတော်မှ ငွေကြေးထောက်ပံ့ ထုတ်လွှင့်ကာ၊ မိခင်ဌာနမှာ ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် တည်ရှိသည်။ အဲလ်ဂျာဇီးယား၏ အဓိပ္ပါယ်မှာ အာရေဗျဘာသာဖြင့် အာရေဗျမှ ကျွန်း ဟု အဓိပ္ပါယ် ရရှိလေသည်။ အရှေ့အလယ်ပိုင်း တွင် တစ်ခုတည်းသော လွတ်လပ်သည့်သတင်းကွန်ရက်တစ်ခု ဖြစ်သောကြောင့် ထိုအမည်ကို ပေးခဲ့ကြသည်။ ပထမတွင် အာရေဗျဒေသတစ်ခုအတွင်းသာ ထုတ်လွင့်သော ဂြိုဟ်တု ရုပ်သံလိုင်းတစ်ခုဖြစ်ခဲ့ပြီးသည်။ ထိုနောက် အချက်အလက်ဆိုင်ရာများ၊ အစည်းအဝေးများ၊ အားကစားများနှင့် အင်္ဂလိပ်ဘာသာများဖြင့် ထုတ်လွှင့်နေသော ရုပ်သံလိုင်းတစ်ခုဖြစ်လာသည်။

မူလအယ်လ်ဂျဇီးရလိုင်းတစ်ခုတွင်ပင် အခြားသတ်မှတ်ထားသည့်အကြောင်းအရာများအား ထုတ်လွင့်သော လိုင်းများစွာ ရှိသေးသည်။ ထိုအရာတို့မှာ အယ်လ်ဂျဇီးရ

သမိုင်း[ပြင်​ဆင်​ရန်​]

ပထမ အယ်လ်ဂျဇီးရရုပ်သံလိုင်းကို ၁၉⁠၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကွာတားနိုင်ငံ၏အိမ်ရှေ့မင်းသားမှ အမေရိကန်ဒေါ်လာ သန်း ၁၅၀ အကုန်အကျခံခဲ့သည်။ ၁၉⁠၉၆ခုနှစ် ဧပြီလတွင်း အာရေဗျဘာသာဖြင့် ထုတ်လွှင့်နေသော ဘီ⁠ဘီစီ ရုပ်သံလိုင်းပိတ်ခဲ့သည်။ ဤလိုင်းကို ကား ဆော်ဒီအာရေဗျမှ တစ်စိတ်တစ်ပိုင်းအားဖြင့် ပိုင်ဆိုင်ခဲ့သည်။ ထို့ကြောင့် ဘီ⁠ဘီစီ သတင်းဌာနမှ ဂျာနယ်ဆရာ သတင်းထောင်များသည် အယ်လ်ဂျဇီးရ ရုပ်သံလိုင်းနှင့် စတင်လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။ ထို့နောက် ၁၉⁠၉၆ ခုနှစ် အကုန်တွင် စတင်အသံလွှင့်ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဒေသတစ်ဝိုက်လုံးတွင် အယ်လ်ဂျဇီးရ ရုပ်သံလိုင်းသည်သာ ဂြိုဟ်တုမှတစ်ဆင့် ထုတ်လွင့်နိုင်ပြီး၊ ထိုဒေသတစ်ဝိုက်