အယ်လဗျူမင်

ဝီကီပီးဒီးယား မှ

အယ်လဗျူမင်သည် အရောင်အဆင်းနှင့်အရာသာကင်းမဲ့၍ ယေဘုယျအားဖြင့် ပုံသဏ္ဌာန်မဲ့သော (ခရစ်စတဲ မဟုတ်သော) ပစ္စည်းတမျိုးဖြစ်သည်။ အပင် နှင့်တိရစ္ဆာန်တို့၏ ကြီးထွားသန်မာရေးအတွက် အလွန်အရေးပါ အရာရောက် သော ဓာတ်ပစ္စည်းတခုဖြစ်သည်။ ထိုပစ္စည်းကို ဥအကာတွင် အတွေ့ရဆုံး ဖြစ်၏ ဥ၏ အကာတွင် အယ်လဗျူမင်နှင့် ရေသာလျှင် အဓိကပါဝင်သည် သွေးထဲတွင်၎င်း၊ မျက်လုံးရေကြည်တွင်၎င်း လူနှင့်တိရစ္ဆာန်တို့၏ အသားထဲ ၌ရှိသော အရည်များတွင် ၎င်း အယ်လဗျူမင်ကို တွေ့ရှိရလေသည်။ အခြား အယ်လဗျူမင်တမျိုးကိုလည်း သစ်စေ့များ ကောက်နှံများနှင့် အပင်တို့၏ အရည်များတွင်တွေ့ရသည်။ အယ်လဗျူမင်ကို ရေနှင့်ရောသောအခါ ကော် ကဲ့သို့ ပျော်ဝင်ရည်တမျိုး ဖြစ်လာ၍ အပူဓာတ်ပေးလိုက်သောအခါ ကြက် ဥပြုတ် ဘဲဥပြုတ်များအတွင်း၌ အကာသည် မာသွားသကဲ့သို့ အယ်လဗျူမင် သည်မာသွားသည်။ အယ်လဗျူမင်ထဲသို့ အယ်လကိုဟောရောထည့်လိုက်သော အခါတွင်လည်း မာသွား၏အားလုံးသော အယ်လဗျူမင်တို့တွင် ကာဗွန် ဟိုက်ဒရိုဂျင် အောက်စီဂျင် နိုက်ထရိုဂျင်နှင့် ဆာလဖာ (ကန့်) ဓာတ်များ ပါရှိလေသည်။ အယ်လဗျူမင်သည် ပရိုတင်းဓာတ်တမျိုးဖြစ်၍ လူတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ကြီးထွားသန်မာနိုင်သဖြင့် အစားအစာများ တွင်အရေးကြီးသော ပစ္စည်းတခုအဖြစ်ပါဝင်လေသည်။ သို့ရာတွင် အယ် လဗျူမင်၏ ခန္ဓာအိမ်ဖွဲ့စည်းပုံမှာ အလွန်ရှုပ်ထွေးသောကြောင့် ယခုတိုင် မဖြေရှင်းနိုင်သေးချေ။

အယ်လဗျူမင်ကို ဆီးထဲတွင် မကြာခဏတွေ့ရလျှင် ကျောက်ကပ်၌ ရောဂါ ရှိတတ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)