အယမြို့၊ မိယဇခိ
| အယမြို့ 綾町 | |||
|---|---|---|---|
| Town | |||
| |||
Miyazaki Prefecture ရှိ အယမြို့ ၏ တည်နေရာ | |||
| ဂျပန်နိုင်ငံတွင်း တည်နေရာ | |||
| ကိုဩဒိနိတ်: 32°1′15″N 131°13′8″E / 32.02083°N 131.21889°Eကိုဩဒိနိတ်: 32°1′15″N 131°13′8″E / 32.02083°N 131.21889°E | |||
| နိုင်ငံ | ဂျပန်နိုင်ငံ | ||
| တိုင်းဒေသ | Kyushu | ||
| စီရင်စု | Miyazaki Prefecture | ||
| ခရိုင် | Higashimorokata | ||
| အစိုးရ | |||
| • မြို့တော်ဝန် | Minoru Maeda | ||
| ဧရိယာ | |||
| • စုစုပေါင်း | ၉၅.၂၁ စတုရန်းကီလိုမီတာ (၃၆.၇၆ စတုရန်းမိုင်) | ||
| လူဦးရေ (October 1, 2016) | |||
| • စုစုပေါင်း | ၇,၂၆၇ | ||
| • သိပ်သည်းမှု | ၇၆/km၂ (၂၀၀/sq mi) | ||
| သင်္ကေတများ | |||
| • အပင် | Laurel forest | ||
| အချိန်ဇုန် | ဂျပန် စံတော်ချိန် (UTC+9) | ||
| ဝဘ်ဆိုက် | town.aya.miyazaki.jp/ayatown/ | ||
အယမြို့ (綾町, Aya-chō) သည် ဂျပန်နိုင်ငံ၊ မိယဇခိခရိုင်၊ ဟိဂရှိမိုရိုခတဒေသတွင်ရှိသည့် မြို့တစ်ခု ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် မြို့နေလူဦးရေသည် ၆၇၁၃ ဦး၊ အိမ်ထောင်စု ၂၈၆၁ ခု ရှိသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၇၁ ဦး နေထိုင်ကြသည်။ မြို့၏ စုစုပေါင်းဧရိယာသည် ၉၅.၁၉ စတုရန်းကီလိုမီတာ (၃၆.၇၅ စတုရန်းမိုင်) ရှိသည်။
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]အယမြို့သည် မိယဇခိခရိုင်၏ အနောက်ဘက်ပိုင်းအလယ်တွင် ရှိသည်။ မြို့၏ တောင်ဘက်ပိုင်းသည် မိယဇခိလွင်ပြင်ဒေသ၏ အနောက်ဘက်ပိုင်း ဖြစ်သည်။ မြို့၏ မြောက်ဘက်ပိုင်းတွင်မူ ခယူးရှူးတောင်တန်းများ ရှိသည်။ ဤတောင်တန်းများသည် နက်စောက်ကာ ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော အမြဲစိမ်းတောအုပ်များ ဖြစ်ကြသည်။ မြို့သည် "ခယူးရှူးချူးအိုးဆန်းချိအမျိုးသားဥယျာဉ်" အတွင်း ပါဝင်သည်။
ဆက်စပ်နေသည့် မြို့ရွာများ
[ပြင်ဆင်ရန်]- မိယဇခိခရိုင်
ရာသီဥတု
[ပြင်ဆင်ရန်]အယမြို့သည် နွေးထွေးသည့် နွေရာသီနှင့် အေးမြသည့် ဆောင်းရာသီရှိသည်။ ဆောင်းရာသီတွင် နှင်းအနည်းငယ် ကျဆင်းသည်။ နှးစ်ပတ်လည်ပျမ်းမျှအပူချိန်သည် ၁၆.၃ ဒီဂရီစင်တီဂရိတ် ရှိသည်။ နှစ်ပတ်လည်ပျမ်းမျှမိုးရေချိန်မှာ ၂၃၀၉ မီလီမီတာ ရှိသည်။ စက်တင်ဘာလသည် အစိုစွတ်ဆုံးလ ဖြစ်သည်။ ဩဂုတ်လသည် အပူဆုံးဖြစ်ကာ အပူချိန် ၂၆ ဒီဂရီပတ်ဝန်းကျင်ရှိသည်။ ဇန်နဝါရီလသည် အပူချိန် အနိမ့်ဆုံးဖြစ်ပြီး ၆.၂ ဒီဂရီပတ်ဝန်းကျင်ရှိသည်။[၁]
လူဦးရေဆိုင်ရာ
[ပြင်ဆင်ရန်]ဂျပန်နိုင်ငံ၏ လူဦးရေစာရင်းအရ အယမြို့နေလူဦးရေသည် အောက်ပါအတိုင်း ဖြစ်သည်။
| သမိုင်းတစ်လျှောက် လူဦးရေများ | ||
|---|---|---|
| ခုနှစ် | လူဦးရေ | ±% |
| 1950 | ၆၁၂၆ | — |
| 1960 | ၉၁၃၇ | +49.2% |
| 1970 | ၁၀၀၆၈ | +10.2% |
| 1980 | ၇၇၄၈ | −23.0% |
| 1990 | ၇၂၆၁ | −6.3% |
| 2000 | ၇၃၈၅ | +1.7% |
| 2010 | ၇၅၉၆ | +2.9% |
| 2020 | ၇၂၂၆ | −4.9% |
ပြင်ပလင့်များ
[ပြင်ဆင်ရန်]
Wikimedia Commons ရှိ အယမြို့၊ မိယဇခိ နှင့်ပတ်သက်သော မီဒီယာများ- Aya official website (in ဂျပန်)
- Aya official website (in အင်္ဂလိပ်)