အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး
ပုံပန်းသွင်ပြင်
| အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး | |
|---|---|
| လမ်းကြောင်း အချက်အလက်များ | |
| အလျား | ၁၈၂.၂၅ km (၁၁၃.၂၄ mi) |
| အဓိက လမ်းဆုံများ | |
| အရှေ့ အဆုံး: | ရန်ကုန်မြို့ |
| အနောက် အဆုံး: | ပုသိမ်မြို့ |
| တည်နေရာ | |
| အဓိက မြို့များ: | လှိုင်သာယာ၊ အင်းမ၊ ကျောင်းကုန်း၊ ကန်ကြီးထောင့် |
| အဝေးပြေး စနစ် | |
| မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး | |
အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး (အင်္ဂလိပ်: National Highway 8; အတိုကောက် NH 8) သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို ဆက်သွယ်ထားသော ပြည်ထောင်စု အဝေးပြေးလမ်းမကြီးတစ်ခု ဖြစ်သည်။ ရန်ကုန်မြို့မှ လှိုင်သာယာ၊ အင်းမ၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်မြို့များကို ဖြတ်သန်းကာ ပုသိမ်မြို့သို့ ဆက်သွယ်ထားသည်။
ဤ "အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး" ဟူသော နံပါတ်စဉ်ကို ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့မှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ဆက်သွယ်ထားသော လမ်းအမည်အဖြစ် အသုံးပြုခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ပြည်ထောင်စုလမ်းမကြီး ၅၀ ပါဝင်သော စာရင်းတစ်ခုကို ထုတ်ပြန်ကြေညာခဲ့ရာတွင် ရန်ကုန်-ပုသိမ်လမ်းအား အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးအဖြစ် သတ်မှတ်ခဲ့သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ National Highway (ပြည်ထောင်စုလမ်းမကြီးများ) (in my) (7 July 2021)။ 1 September 2025 တွင် ပြန်စစ်ပြီး။
| ဤ မြန်မာနိုင်ငံရှိ လမ်းမများ၊ လမ်းများနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |