အမှတ် (၁) တပ်မတော်ဆေးရုံ

ဝီကီပီးဒီးယား မှ


အမှတ်(၁) တပ်မတော်ဆေးရုံ(ခုတင်-၅၀၀) (အတိုကောက်- တဆရ(၁/ ၅၀၀)) သည် မိတ္ထီလာမြို့တွင် အခြေစိုက်သော စစ်ဆေးရုံ တစ်ရုံဖြစ်သည်။ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး လက်အောက်၌ တပ်မတော်၏ ခုတင်-၅၀၀ ဆေးရုံ နှစ်ရုံရှိပြီး အခြားတစ်ရုံမှာ ဦးဝိစာရလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် အခြေစိုက်သည်။ ဆေးရုံအုပ်ရာထူးအား ဗိုလ်မှူးချုပ် အဆင့်ရှိသည့် တပ်မတော် ဆရာဝန်ဘွဲ့ရ အရာရှိကြီးများကိုသာ ခန့်အပ်လေ့ရှိသည်။[ကိုးကားချက်လိုသည်]