အမျိုးသားလွတ်မြောက်ရေးတပ်တော်
| National Liberation Army | |
|---|---|
| အမျိုးသား လွတ်မြောက်ရေးတပ်မတော် | |
| ခေါင်းဆောင် | ကိုဇီးကွက် (စစ်ကြောင်းမှူး) |
| တည်ထောင်ခြင်း | ၅ မတ် ၂၀၂၃ |
| စတင်လှုပ်ရှားခြင်း | ၂၃ ဩဂုတ် ၂၀၂၁ – လက်ရှိ |
| သစ္စာခံ | အမျိုးသားညီညွတ်ရေး အစိုးရ (NUG) |
| ဌာနချုပ် | တမူးခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး |
| လှုပ်ရှားနယ်မြေ | အမှတ် (၁) စစ်ဒေသ |
| အခြေအနေ | ၂၀၂၆ မတ် ၂၀ တွင် PDF တပ်ရင်းများအဖြစ် ကူးပြောင်းရပ်တည် |
| မဟာမိတ် | |
| ပြိုင်ဘက်များ |
ဒေသတွင်း ပြိုင်ဘက်များ |
| စစ်ပွဲနှင့် တိုက်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ
|
အမျိုးသားလွတ်မြောက်ရေးတပ်တော် (အင်္ဂလိပ်: National Liberation Army; အတိုကောက် NLA) သည် မြန်မာနိုင်ငံ၊ တမူးခရိုင်ရှိ လက်နက်ကိုင် ခုခံရေးအဖွဲ့တစ်ခု ဖြစ်သည်။[၂][၁] ၎င်းအဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် Myanmar Federal Army (MFA) အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးသော တိုက်ပွဲကို ဆင်နွှဲခဲ့သည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်ရင်းများအဖြစ် ကူးပြောင်းရပ်တည်ခဲ့ပြီး အမှတ် (၁) စစ်ဒေသ၏ ကွပ်ကဲမှုကို တရားဝင် ခံယူခဲ့သည်။[၃]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ယခင်က ပြည်သူ့ကာကွယ်ရေးတပ်မတော် တမူး ကဘော် တပ်ရင်း အမှတ် ၃ အနေဖြင့် ရှိခဲ့ပြီး၊၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့တွင် Myanmar Federal Army (MFA) နာမည်ဖြင့် ပထမဆုံးတိုက်ပွဲ ဝင်ခဲ့သည်။ထို့နောက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (National Liberation Army-NLA) အဖြစ် ၂၀၂၃ ခုနှစ်၊ မတ်လ (၅) ရက်နေ့တွင် စတင်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။[၄]မတ်လ ၂၄ ရက်နေ့တွင် ဥဩစစ်ဆင်ရေးကို စတင်ခဲ့ပြီး ဘုတ်ကမ်းရွာရှိ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့သည်။
အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် ဖလမ်းတိုက်ပွဲတွင်လည်း ပါဝင်တိုက်ခိုက်ခဲ့သည့် အဖွဲ့ဖြစ်သည်။[၅]
၂၀၂၆ ခုနှစ် ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် အသွင်ကူးပြောင်းမှု ဖြစ်စဉ်
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ခေါင်းဆောင် ကိုဇီးကွက် အပါအဝင် ရဲဘော် ၉ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမှတ် (၁) စစ်ဒေသ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လက်နက်များ သိမ်းဆည်းခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) အဖွဲ့ဝင်ဖြစ်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) ခေါင်းဆောင် မောင်ဆောင်းခ နှင့် SRA ဦးဆောင်ကော်မတီဝင် ကိုမင်းဟန်ထက် တို့က MOD စစ်ရုံးချုပ်နှင့် တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။[၆]
ဖမ်းဆီးခံရသူများအနက် ရဲဘော် ၄ ဦးမှာ အစောပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီး၊ ခေါင်းဆောင် ကိုဇီးကွက် အပါအဝင် ကျန်ရှိသည့် တပ်ဖွဲ့ဝင် ၅ ဦးကို မတ်လ ၁၅ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ အဆိုပါ ဖြစ်စဉ်ပြီးနောက် NLA သည် ၎င်းတို့ ပါဝင်ခဲ့သည့် SRA မဟာမိတ်တပ်ပေါင်းစုမှ နှုတ်ထွက်ခဲ့ပြီး၊ ၅ ရက်အကြာဖြစ်သော ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် NUG ၏ ကွပ်ကဲမှုအောက်သို့ တရားဝင် ဝင်ရောက်ပူးပေါင်းကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်းများအဖြစ်သို့ အသွင်ကူးပြောင်းခဲ့သည်။[၇]
အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းခြင်း
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်ရင်းများအဖြစ် တရားဝင် ကူးပြောင်းရပ်တည်ခဲ့သည်။ အမှတ် (၁) စစ်ဒေသ၏ ကွပ်ကဲမှုကို ခံယူသည့် အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး ကိုယ်တိုင် တက်ရောက်ခဲ့ပြီး၊NLA တပ်ဖွဲ့ဝင်များအား PDF လက်မောင်းတံဆိပ်များ အပ်နှင်းတပ်ဆင်ပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။[၈]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 Junta launches major ground, air attack on PDF base near India border (in en) (27 March 2023)။ 27 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2023 တွင် ပြန်စစ်ပြီး။
- ↑ NLA raids Boatkan Police Station in Sagaing Region, seizes large cache of weapons and ammunition (in en) (27 March 2023)။ 17 April 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 April 2024 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကိုင်း၊ တမူးအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) က PDF တပ်ရင်းများအဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုကို ခံယူ (၂၆ မတ် ၂၀၂၆)။
- ↑ တမူး PDF တပ်ရင်း အမှတ် (၃) က အမည်ပြောင်းပြီး သီးခြားရပ်တည် (in my) (27 March 2023)။ 7 April 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 April 2024 တွင် ပြန်စစ်ပြီး။
- ↑ Chin Brotherhood (CB) announces that the entire Falam Township has become a military council-free area (in en) (April 2025)။ 22 April 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 April 2025 တွင် ပြန်စစ်ပြီး။
- ↑ SRA အဖွဲ့ဝင် ရဲဘော်များ ဖမ်းဆီးခံရမှု NUG နှင့် ညှိနှိုင်းနေ (in en)။ 2026-03-29 တွင် ပြန်စစ်ပြီး။
- ↑ SRA တပ်ပေါင်းစုက NLA နှုတ်ထွက်ပြီး NUG လက်အောက်ကို ဝင်ရောက် - New Day Myanmar (in en-US) (2026-03-26)။ 2026-03-29 တွင် ပြန်စစ်ပြီး။
- ↑ တမူးဒေသအခြေစိုက် NLAတပ်က NUGရဲ့ PDFတပ်ရင်းအဖြစ် ပြောင်းလဲ။ လူထုနွေဦး (၂၆ မတ် ၂၀၂၆)။ ၂၉ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]