အမျိုးသားစီမံကိန်းဝန်ကြီးဌာန
| Ministry of National Planning | |
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
| ဖွဲ့စည်းခြင်း |
|
| ယခင်အဖွဲ့အစည်း | စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန |
| ဖျက်သိမ်းခြင်း | ၁၉၇၂ (ပထမအကြိမ်) ၂၀၂၆ (ဒုတိယအကြိမ်) |
| အစားထိုးခြင်း | |
| ဌာနချုပ် | ရုံးအမှတ်(၃၂)၊ နေပြည်တော် |
| မိခင်အဖွဲ့အစည်း | ပြည်ထောင်စုအစိုးရအဖွဲ့ |
အမျိုးသားစီမံကိန်းဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of National Planning) သည် ယခင် ဦးညိုစောအစိုးရလက်ထက်တွင် ပြန်လည်ပေါ်ပေါက်လာသော ဝန်ကြီးဌာနတစ်ခုဖြစ်သည်။ [၁]
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြည်ထောင်စုဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားပြီး၊ ဦးကျော်ထင်ကို ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[၂]
သမ္မတ ဦးမင်းအောင်လှိုင်အစိုးရတွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့ကို ပေါင်းစပ်ပြီး အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တစ်ခုအဖြစ် ဖွဲ့စည်းပြီး ပြည်ထောင်စုလွှတ်တော်က ၂၀၂၆ ဧပြီလ ၈ ရက်နေ့တွင် အတည်ပြုခဲ့သည်။ [၃]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ယခင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို ခွဲထုတ်၍ ဖွဲ့စည်းထားခြင်းဖြစ်၍ ယင်းဝန်ကြီးဌာနရှိ စီမံကိန်းဆိုင်ရာ ဦးစီးဌာနများ၊ လုပ်ငန်းများနှင့် အဖွဲ့အစည်းများသည် အမျိုးသားစီမံကိန်းဝန်ကြီးဌာန အောက်သို့ ရောက်ရှိသွားသည်။ဘဏ္ဍာရေးဆိုင်ရာ ဦးစီးဌာနများ၊ လုပ်ငန်းများနှင့် အဖွဲ့အစည်းများမှာမူ အသစ်ဖွဲ့စည်းလိုက်သည့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတွင် ထားရှိသည်။
အမျိုးသားစီမံကိန်းဝန်ကြီးဌာနကို လက်ရှိတွင် အောက်ပါ ဦးစီးဌာန/ အဖွဲ့အစည်း (၆) ခု ဖြစ်သည့်
(၁) ပြည်ထောင်စုဝန်ကြီးရုံး
(၂) စီမံကိန်းရေးဆွဲရေးဦးစီးဌာန
(၃) စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန
(၄) ဗဟိုစာရင်းအင်းအဖွဲ့
(၅) အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန
(၆) ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန တို့ ဖြင့် ဖွဲ့စည်းထားရှိသည်။
နောက်ခံသမိုင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံအုပ်ချုပ်ရေးသမိုင်းတစ်လျှောက်တွင် အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် လွတ်လပ်ရေးရပြီးစအချိန်က သီးခြားစီ တည်ရှိခဲ့ကြသည်။ ယင်းနောက် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်စီမံကိန်းနှင့်ပတ်သက်သည့် ဝန်ကြီးဌာနများ အမျိုးမျိုး ပေါ်ပေါက်ခဲ့သည်။
"အမျိုးသားစီမံကိန်းဝန်ကြီးဌာန" သည် ပထမအကြိမ်အနေဖြင့် ၁၉၄၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ တည်ရှိခဲ့သည်။သို့သော် အမျိုးသားစီမံကိန်းဝန်ကြီးဌာနသည် စက်မှုလက်မှုဝန်ကြီးဌာနနှင့် တွဲ၍လည်းကောင်း၊ သာသနာရေးနှင့် ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် တွဲ၍လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် တွဲ၍လည်းကောင်း တည်ရှိခဲ့ခြင်းဖြစ်သည်။[၄]
လွတ်လပ်ရေးရရှိချိန် နိုင်ငံတော် သမ္မတ စဝ်ရွှေသိုက် နှင့် ဝန်ကြီးချုပ် ဦးနု တို့ ခေါင်းဆောင်ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့တွင် အမျိုးသားစီမံကိန်း၊စက်မှုလက်မှုနှင့်သတ္ထုတွင်းဌာန ၏ ပထမဆုံးဝန်ကြီးမှာ ဦးမြ(ဟင်္သာတ) ဖြစ်သည်။ [၅]
၁၉၇၂ ခုနှစ် နောက်ပိုင်း ယခု ဒုတိယအကြိမ်အနေဖြင့် ၂၀၂၅ ခုနှစ်မှ လက်ရှိအထိ ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဝန်ကြီးများ
[ပြင်ဆင်ရန်]| စဉ် | အမည် | တာဝန်သက်တမ်း | ဒုတိယဝန်ကြီး | အစိုးရ | ဝန်ကြီးချုပ် | |||||
|---|---|---|---|---|---|---|---|---|---|---|
| ၁။ | ဟင်္သာတ ဦးမြ | ၄ ဇန်နဝါရီ ၁၉၄၈ | ၁၃ ဇန်နဝါရီ ၁၉၄၈ | ၁၀ ရက် | မရှိ | ဦးနုအစိုးရ | ဦးနု | |||
| ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ | ||||||||||
| စဉ် | ပုံ | အမည် | တာဝန်သက်တမ်း | ဒုတိယဝန်ကြီး | သမ္မတ | ဝန်ကြီးချုပ် | အစိုးရ | ရင်းမြစ် | ||
| ၁။ | ဦးညိုစော | ၃၁ ဇူလိုင် ၂၀၂၅ | ၁၀ ဧပြီ ၂၀၂၆ | ၂၅၃ ရက် | ဦးကျော်ထင် | မင်းအောင်လှိုင် (ယာယီ-တာဝန်) | ကိုယ်တိုင် | ဦးညိုစောအစိုးရ | [၁] | |
ဒုတိယဝန်ကြီးများ
[ပြင်ဆင်ရန်]| စဉ် | ပုံ | အမည် | တာဝန်သက်တမ်း | ပြည်ထောင်စုဝန်ကြီး | သမ္မတ | အစိုးရ | ရင်းမြစ် | |
|---|---|---|---|---|---|---|---|---|
| ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ | ||||||||
| ၁။ | ဦးကျော်ထင် | ၆ ဩဂုတ် ၂၀၂၅ - ၁၀ ဧပြီ ၂၀၂၆ | ၂၅၃ ရက် | ဦးညိုစော | မင်းအောင်လှိုင် (ယာယီ-တာဝန်) | ဦးညိုစောအစိုးရ | [၆] | |
ကိုးကား
[ပြင်ဆင်ရန်]- 1 2 ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း။ MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၆ ဩဂုတ် ၂၀၂၅)။ ၇ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြု (in my)။ 2026-04-09 တွင် ပြန်စစ်ပြီး။
- ↑ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန နောက်ခံသမိုင်း။ MYANMAR NATIONAL PORTAL။ 15 June 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်သမိုင်းပြတိုက်နှင့်တပ်မတော်မော်ကွန်းတိုက်မှူးရုံး (မတ် ၁၉၉၆)။ "အခန်း(၁)"။ နိုင်ငံရေးအဖွဲ့အစည်း အင်အားစုများ အခြေအနေ (pdf)။ တပ်မတော်သမိုင်း။ စတုတ္ထတွဲ (၁၉၄၈–၁၉၆၂) (ပထမအကြိမ် ed.)။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း။ p. ၈၁။ ၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ Ministry of Information။ 7 August 2025 တွင် ပြန်စစ်ပြီး။