မာတိကာသို့ ခုန်သွားရန်

အမ်လိုဒီပင်း

ဝီကီပီးဒီးယား မှ
Amlodipine
Clinical data
Pronunciation/æmˈldɪˌpn/[]
Trade namesNorvasc, others
AHFS/Drugs.comMonograph
MedlinePlusa692044
License data
Pregnancy
category
    Routes of
    administration
    By mouth
    Drug classCalcium channel blocker
    Legal status
    Legal status
    Pharmacokinetic data
    Bioavailability64–90%
    Protein binding93% []
    MetabolismLiver
    MetabolitesVarious inactive pyrimidine metabolites
    Onset of actionHighest availability 6–12 hours after oral dose
    Elimination half-life30–50 hours
    Duration of actionAt least 24 hours
    ExcretionUrine
    Identifiers
    CompTox Dashboard (EPA)
    ECHA InfoCard100.102.428 ဝီကီဒေတာတွင် တည်းဖြတ်ရန်*
    Chemical and physical data
    FormulaC20H25ClN2O5
    Molar mass၄၀၈.၈၈ g·mol−1
    3D model (JSmol)
    ChiralityRacemic mixture
      (verify)

    ဈေးကွက်ထဲတွင် Norvasc အပြင် အခြားအမှတ်တံဆိပ်များဖြင့် ရောင်းချသော အမ်လိုဒီပင်း (Amlodipine) သည် သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါကိုကုသရန်အသုံးပြုသော ဆေးတစ်မျိုးဖြစ်သည်။ [] နှလုံးရောဂါကုသခြင်း၌ ယေဘုယျအားဖြင့် အသုံးပြုလေ့မရှိသော်လည်း၊ သွေးတိုးရောဂါ သို့မဟုတ် နှလုံးနှင့်ဆက်စပ်သော ရင်ဘတ်အောင့်ခြင်းကို အခြားဆေးဝါးများဖြင့် ကုသ၍မထိန်းနိုင်ပါက အမ်လိုဒီပင်း (Amlodipine) ကို အသုံးပြုနိုင်ပါသည်။ [] ၎င်းသည် သောက်ဆေးဖြစ်ပြီး အနည်းဆုံး တစ်ရက်ကြာအထိ အာနိသင်ရှိသည်။ []

    အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ ရောင်ရမ်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း ၊ ဝမ်းဗိုက်နာကျင်ခြင်းနှင့် ပျို့အန်ခြင်းတို့ဖြစ်သည်။ [] ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှာ သွေးပေါင်ချိန်ကျခြင်းသို့မဟုတ် နှလုံးဖောက်ပြန်ခြင်းတို့ဖြစ်သည်။ [] ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် ကလေးအား မိခင်နို့တိုက်ကျွေးစဉ်တွင် အသုံးပြုပါက ကလေးတွင် ဘေးအန္တရာယ်ရှိမရှိ ရှင်းလင်းစွာမသိရှိပါ။ [] အသည်းရောဂါရှိသူများ နှင့် သက်ကြီးရွယ်အိုများတွင် ဤဆေးကို အသုံးပြုမည်ဆိုပါက ဆေးပမာဏကိုလျှော့ချသင့်သည်။ [] အမ်လိုဒီပင်း (Amlodipine) သည် သွေးလွှတ်ကြောများကို ကျယ်စေခြင်းဖြင့် တစ်စိတ်တစ်ပိုင်း သွေးပေါင်ကျစေသည်။ [] ၎င်းသည် dihydropyridine အမျိုးအစား၏ ရေရှည်အာနိသင်ရှိသော ကယ်လ်စီယမ်ချန်နယ်ပိတ်ဆို့ဆေး ဖြစ်သည်။ []

    အမ်လိုဒီပင်း (Amlodipine) ကို ၁၉၈၂ ခုနှစ်တွင် မူပိုင်ခွင့်တင်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် ဆေးဝါးအဖြစ်အသုံးပြုရန် ခွင့်ပြုခဲ့သည်။ [] ၎င်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မရှိမဖြစ်ဆေးဝါးများစာရင်းတွင် ပါဝင်သည်။ [] ၎င်းကို generic ဆေးဝါး အဖြစ် ရရှိနိုင်ပါသည်။ [] ၂၀၁၅ ခုနှစ်၌ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပုံမှန်အားဖြင့်သောက်သုံးရသော ဆေးပမာဏ၏ လက်ကားဈေးသည် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၀.၀၀၃ မှ ၀.၀၆၆ အထိရှိသည်။ [၁၀] အမေရိကန်ပြည်ထောင်စုတွင် ဆေးတစ်လစာအတွက် ကုန်ကျစရိတ်မှာ ၂၅ ဒေါ်လာအောက်သာရှိသည်။ [၁၁] ၎င်းသည် ၂၀၁၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုတွင် ဆေးညွှန်း ပေါင်း ၇၂ သန်းကျော်ဖြင့် ပဉ္စမမြောက် ကုသရန်အသုံးပြုဆုံးသော ဆေးဝါးတစ်ခုဖြစ်ခဲ့သည်။ [၁၂][၁၃]

    ကိုးကားချက်များ

    [ပြင်ဆင်ရန်]
    1. Medical Definition of AMLODIPINE (in en)။ 8 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 July 2017 တွင် ပြန်စစ်ပြီး။ 8 November 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
    2. 1 2 Amlodipine Use During Pregnancy (28 October 2019)။ 28 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 December 2019 တွင် ပြန်စစ်ပြီး။ 28 December 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
    3. Poisons Standard June 2017 13 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 January 2018 တွင် ပြန်စစ်ပြီး။ 13 December 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
    4. Archived copy 1 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 July 2017 တွင် ပြန်စစ်ပြီး။ 1 February 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
    5. Norvasc- amlodipine besylate tablet (14 March 2019)။ 10 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 December 2019 တွင် ပြန်စစ်ပြီး။ 10 June 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
    6. 1 2 3 4 5 6 7 8 9 Amlodipine Besylate American Society of Hospital Pharmacists။ 4 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2016 တွင် ပြန်စစ်ပြီး။
    7. The ESC Textbook of Preventive Cardiology: Clinical Practice။ Oxford University Press။ 2015။ p. 261။ ISBN 9780199656653
    8. Fischer၊ Jnos; Ganellin၊ C. Robin (2006)။ Analogue-based Drug Discovery (အင်္ဂလိပ်ဘာသာစကားဖြင့်)။ John Wiley & Sons။ p. 465။ ISBN 9783527607495။ 27 August 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 1 June 2020 တွင် ပြန်စစ်ပြီး
    9. World Health Organization (2019)။ World Health Organization model list of essential medicines: 21st list 2019။ Geneva: World Health Organization။ hdl:10665/325771။ WHO/MVP/EMP/IAU/2019.06. License: CC BY-NC-SA 3.0 IGO။
    10. Amlodipine 11 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2016 တွင် ပြန်စစ်ပြီး။
    11. Hamilton၊ Richart (2015)။ Tarascon Pocket Pharmacopoeia (Deluxe Lab-Coat ed.)။ Jones & Bartlett Learning။ p. 154ISBN 9781284057560
    12. The Top 300 of 2020 18 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 April 2020 တွင် ပြန်စစ်ပြီး။
    13. Amlodipine - Drug Usage Statistics (23 December 2019)။ 11 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 April 2020 တွင် ပြန်စစ်ပြီး။