မာတိကာသို့ ခုန်သွားရန်

အမ်ဖေါ

ဝီကီပီးဒီးယား မှ
ချင်းရိုင်ခရိုင် မယ်ဆိုင်ရုံး
ထိုင်းနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေများ
ခရိုင်အဆင့်
ဒေသန္တရအဆင့်
ပထမအဆင့်

ဒုတိယအဆင့်



  • ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့
    (Ongkan borihan suan tambon)

ဘန်ကောက်မြို့တော်အုပ်ချုပ်မှု
မြို့နယ်မြူနီစီပယ်

ရပ်ကွက်များ

မှတ်ချက်: † အထူးအုပ်ချုပ်ရေးဧရိယာ

အမ်ဖေါ (ထိုင်း: อำเภอ) သည် ထိုင်းနိုင်ငံ၏ ဒုတိယအဆင့် အုပ်ချုပ်ရေးပိုင်းခွဲ ဖြစ်သည်။ ၎င်းကို မြန်မာနိုင်ငံ၏ ဒုတိယအုပ်ချုပ်ရေးအဆင့်ဖြစ်သော မြို့နယ် နှင့် တူညီသည်ဟု သဘောထားနိုင်သည်။ အမ်ဖေါ၏ အုပ်ချုပ်ရေးမှူးကို ထိုင်းဘာသာဖြင့် နိုင်အမ်ဖေါ (นายอำเภอ) ဟု ခေါ်ဆိုသည်။

အမ်ဖေါသည် ကျန်ဝတ် (จังหวัด) ခေါ် ခရိုင် ပြီးလျှင် ဒုတိယအဆင့် အုပ်ချုပ်ရေးပိုင်းခွဲအဖြစ် တည်ရှိသည်။ သို့သော် ထူးခြားသည်မှာ ဘန်ကောက်မြို့တော်တွင် အမ်ဖေါဟူသော အခေါ်အဝေါ်ကို အသုံးမပြုဘဲ ၎င်းအစား ခေတ် (Khet) ဟု ခေါ်ဆိုသည်။

အမ်ဖေါ၏ အောက်တွင် တတိယအဆင့် အုပ်ချုပ်ရေးပိုင်းခွဲဖြစ်သော တမ်ဘွန် (Tambon) ခေါ် ကျေးရွာအုပ်စုများ ရှိသည်။ ဘန်ကောက်မြို့တွင်မူ တံဘွန်အစား ခွါအင် (Khwaeng) ခေါ် ရပ်ကွက်များကို အသုံးပြုသည်။ အင်္ဂလိပ်ဘာသာဖြင့်မူ အမ်ဖေါကို District ဟုသာ အများအားဖြင့် ရည်ညွှန်းခေါ်ဆိုလေ့ရှိသည်။

ထိုင်း မြို့နယ်ရုံး (အမ်ဖေါ)

[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံရှိ မြို့နယ်များ၏ အုပ်ချုပ်ရေးဌာနကို ထီဝါကန်အမ်ဖေါ (ที่ว่าการอำเภอ) ဟုခေါ်သော ရုံးအဆောက်အဦတွင် ဆောင်ရွက်သည်။ ဤရုံးသည် မြို့နယ်တစ်ခုစီ၏ ဗဟိုချက်လည်း ဖြစ်သည်။ လမ်းပေါ်ရှိ အကွာအဝေး ဆိုင်းဘုတ်များတွင်လည်း ဤရုံးအဆောက်အဦကို အခြေခံ၍ အကွာအဝေးကို အမြဲတွက်ချက် ဖော်ပြထားသည်။

မြို့နယ်ရုံး (အမ်ဖေါရုံး) သည် လူဦးရေအများစု အလွယ်တကူ လာရောက်နိုင်စေရန်အတွက် မြို့နယ်၏ အကြီးဆုံးသော လူနေထူထပ်ရာ နေရာတွင် တည်ရှိလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် မြို့နယ်၏ အဓိကတာဝန်များထဲမှ တစ်ခုမှာ လူဦးရေ မှတ်ပုံတင်ခြင်း လုပ်ငန်းများဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် မြို့နယ် (အမ်ဖေါ) သည် ထိုင်းပြည်သူများအတွက် အုပ်ချုပ်ရေးအဆင့်ဆင့်ထဲမှ အရေးကြီးဆုံးအဆင့်တစ်ခု ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြို့နယ်များ (အမ်ဖေါ) သည် ပထဝီဝင်နှင့် အုပ်ချုပ်ရေးဆိုင်ရာ ယူနစ်များအဖြစ် တည်ရှိနေသော်လည်း၊ မြို့နယ်အဆင့်တွင် အော်ဘော်တော် (อบต. - တမ်ဘွန်အုပ်ချုပ်ရေးအဖွဲ့) သို့မဟုတ် အော်ဘော်ကျော် (อบจ. - ခရိုင်အုပ်ချုပ်ရေးအဖွဲ့) ကဲ့သို့ ပြည်သူများက တိုက်ရိုက်ရွေးကောက်တင်မြှောက်သည့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများ မရှိပါ။

ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]