အမ်ပီသရီး

ဝီကီပီးဒီးယား မှ

ယခု မီဒီယာခေတ်တွင် စီဒီချပ်များကို အလွန် အသုံးများကြသည်။ ပုံမှန် စီဒီတစ်ချပ်သည် တစ်မိနစ်လျှင် အချက်အလက်ပေါင်း ၁ဝသန်း (10 million bytes) နှုန်းဖြင့် သိုလှောင်သိမ်းဆည်းပါသည်။ ထို့ကြောင့် သုံးမိနစ်စာ သီချင်း တစ်ပုဒ်သည် 30megabytes ဆိုပါစို့။ အဆိုပါ သုံးမိနစ်ဆိုသော အချိန်သည် အင်တာနက်တွင် ဒေါင်းလုပ် ပြုလုပ်ရန် အချိန် ကြာမြင့်တတ်သည်။

သို့ဖြစ်၍ ဗီဒီယိုဆိုင်ရာ အချက်အလက်များကို အရွယ်ချုံ့ရန် MPEG မှ နည်းလမ်းများ တီထွင်ဆောင်ရွက်ခဲ့သည်။ ထိုသို့ချုံ့ရာတွင် တေးသီချင်းများ၊ ဒီဗီဒီ ရုပ်ရှင်ဇာတ်လမ်းများ၊ HDTV ထုတ်လွှင့် ချက်များနှင့် ဒီအက်စ်အက်စ် ဂြိုဟ်တု စနစ်များလည်းပါဝင်သည်။ ချုံ့ထားသော တေးဂီတဖိုင်များကိုလည်း MPEG Audio Layer-3 ဟု ခေါ်ကြ၍ ယခု ကျွန်တော်တို့ သိထားကြသည့် အမ်ပီသရီး ဖိုင်များဖြစ်သည်။ အဆိုပါ ချုံ့လိုက်သည့် နည်းပညာအရ တေးသီချင်း တစ်ပုဒ်ကို အဆ ၁ဝ မှ ၁၂ ဆအထိ ငယ်အောင်ချုံ့ပေးနိုင်သည်။ သို့ဖြစ်၍ 30 megabytes ဖိုင်တစ်ဖိုင်သည် 3 megabytes သာရှိတော့သည်။ အသံ အရည်အသွေးလည်း သိသိသာသာ ကျဆင်းမသွားပါ။ ၎င်းကို နားထောင်ရသည်မှာ စိတ်တွင် ကျေနပ်မှုမရှိပါက မူရင်းဖိုင်အရွယ်အစားသို့ပြန်ပြောင်းနိုင်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သိပ္ပံနှင့်နည်းပညာဂျာနယ်၊ အမှတ်(၇)၊ ၂၀၀၅-ခုနှစ်၊ ဒီဇင်ဘာ