အမေရိကန် တော်လှန်ရေး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အမေရိကန် တော်လှန်ရေး
Part of အတ္တလန္တိတ် တော်လှန်ရေး
Declaration of Independence (1819), by John Trumbull.jpg
ဂျွန် ထရမ်ဘူး၏ လွတ်လပ်ရေး ကြေငြာစာတမ်းကို ၁၇၇၆ ဇွန်လ ၂၈ ရက်တွင် ဒုတိယမြောက် ကွန်တီနင်တယ် ကွန်ဂရက်တွင် သဘောတူညီချက် ရယူရန် ငါးဦးကော်မတီသို့ မူကြမ်းပြသ နေစဉ်
နေ့ရက်၁၇၆၅-၁၇၈၃
တည်နေရာကိုလိုနီ နယ်မြေ ၁၃ ခု
ပါဝင်သူများဗြိတိသျှ အမေရိကား ကိုလိုနီတွင် နေထိုင်သူများ
ရလဒ်
  • အမေရိကန် ပြည်ထောင်စု ဗြိတိသျှ အင်ပိုင်ယာမှ လွတ်လပ်ရေး ရခြင်း
  • ကိုလိုနီ နယ်မြေ ၁၃ ခုတွင် ဗြိတိသျှတို့၏ အုပ်ချုပ်ရေး အဆုံးသတ်ခြင်း
  • ပထမ ဗြိတိသျှ အင်ပိုင်ယာ အဆုံးသတ်ခြင်း

အမေရိကန်တော်လှန်ရေးသည် ၁၇၆၅ မှ ၁၇၈၃ အတွင်း ဖြစ်ပွားခဲ့သော ကိုလိုနီပုန်ကန်မှု ဖြစ်သည်။ ကိုလိုနီ ၁၃ ခု ရှိ အမေရိကန်မျိုးချစ်များသည် ပြင်သစ်၏အကူအညီဖြင့် အမေရိကန်တော်လှန်ရေးစစ်ပွဲ (၁၇၇၅-၁၇၈၃) တွင် ဗြိတိသျှကို အနိုင်ယူ၍ ဂရိတ်ဗြိတိန်ထံမှလွတ်လပ်ရေးရခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့သည်။

အမေရိကန်ကိုလိုနီ များသည် ၁၇၆၅ ခုနှစ်တွင် တံဆိပ်ခေါင်းအက်ဥပဒေကွန်ဂရက် မှ စတင်ကာ “ ကိုယ်စားပြုခြင်း မရှိဘဲ အခွန်မပေး ” ဟုကြေငြာခဲ့ကြသည်။ ဗြိတိသျှပါလီမန်တွင် သူတို့၏ ကိုယ်စားလှယ် မရှိသည့်အတွက် သူတို့အား အခွန်ကောက်ခံ နိုင်သည့် ပါလီမန်၏ အခွင့်အာဏာကို ငြင်းပယ်ခဲ့သည်။ ဆန္ဒပြမှုများသည် ၁၇၇၀ တွင် ဘော်စတွန် အစုလိုက်အပြုံလိုက် လူသတ်မှုနှင့် နှင့် ၁၇၇၂ တွင် ရုဒ်အိုင်းလန်းပြည်နယ် ရှိ <i>ဂက်စပီသင်္ဘောအား</i> မီးရှို့မှုများ နှင့် ၁၇၇၃ ဒီဇင်ဘာတွင် ဘော်စတွန်လက်ဖက်ရည်ပါတီ အဖြစ် တဖြည်းဖြည်းချင်း အရှိန်ရလာခဲ့သည်။ ဗြိတိသျှတို့က ဘော်စတွန်ဆိပ်ကမ်း ကိုပိတ်ပြီး မက်ဆာချူးဆက် ပင်လယ်အော် ကိုလိုနီ ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးများကို ပယ်ဖျက်ခြင်း အပါအဝင် အပြစ်ပေး အရေးယူမှုများကို ဆက်တိုက် ဥပဒေ ပြဋ္ဌာန်း ခဲ့ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ အခြားကိုလိုနီများက မက်ဆာချူးဆက် နောက်ကွယ်မှ ရပ်တည်ကာ အမေရိကန် မျိုးချစ် ခေါင်းဆောင်များသည် ၁၇၇၄ ခုနှစ် နှောင်းပိုင်းတွင် ဗြိတိန်နိုင်ငံအား ခုခံမှုများကို ပေါင်းစည်းရန် ကွန်တီနင်တယ် ကွန်ဂရက် တွင် သူတို့၏ ကိုယ်ပိုင်အစိုးရကို ထူထောင်ခဲ့သည်။ အခြားကိုလိုနီများသည် ဗြိတိသျှ ဘုရင် အပေါ် သစ္စာစောင့်သိမှုကို ဆက်လက်ထိန်းသိမ်းထားပြီး ၎င်းတို့အား သစ္စာ <i id="mwIw">ရှိသူများ</i> သို့မဟုတ် တိုရီများဟု သိကြသည်။

၁၇၇၅ ခုနှစ် ဧပြီလ ၁၉ ရက်တွင် လက်ဆင်တန် နှင့် ကွန်းကော့ရှိ အမေရိကန်စစ်တပ်၏ ပစ္စည်းများကို ဂျော့ဘုရင် ၏ တပ်များက ဖျက်ဆီးရန်ကြိုးပမ်းသည့်အခါ တင်းမာမှုများ ပေါက်ကွဲလာပြီး တိုက်ပွဲများအဖြစ် အသွင်ပြောင်းလဲ သွားကြသည်။ မျိုးချစ်များ (နှင့် နောက်ပိုင်းတွင် သူတို့၏ ပြင်သစ် မဟာမိတ်များ ) သည် ဗြိတိသျှများနှင့် သစ္စာခံများကို တော်လှန်ရေး စစ်ပွဲအတွင်း ရင်ဆိုင် တိုက်ခိုက်ခဲ့ကြသည်။ ကိုလိုနီ ၁၃ ခုစလုံးတွင် ပြည်နယ်ကွန်ဂရက် ကို ဖွဲ့စည်းခဲ့ပြီး ယခင် ကိုလိုနီအစိုးရများထံမှ အာဏာကိုရယူပြီး သစ္စာခံများကို နှိမ်နင်းကာ ဗိုလ်ချုပ်ကြီး ဂျော့ချ် ဝါရှင်တန် ဦး ဆောင်သည့် ကွန်တီနင်တယ် စစ်တပ် အတွက် လူသူ စုဆောင်းခဲ့သည်။ ကွန်တီနင်တယ် ကွန်ဂရက်မှ ဂျော့ခ်ျဘုရင်အား ကိုလိုနီ နေထိုင်သူတို့၏ အခွင့်အရေးကို ဖိနှိပ်သော အင်္ဂလိပ်အမျိုးသား အာဏာရှင် အဖြစ် ကြေငြာခဲ့ပြီး ၁၇၇၆၊ ဇူလိုင်လ ၂ ရက်နေ့တွင် ကိုလိုနီများအား လွတ်လပ်၍ သီးခြားရပ်တည်သော ပြည်နယ်များ အဖြစ်ကြေငြာခဲ့သည်။ မျိုးချစ် ခေါင်းဆောင်ပိုင်းက လစ်ဘရယ်ဝါဒ နှင့် ရီပတ်ဘလီကန် ဝါဒ ၏ နိုင်ငံရေး အတွေးအခေါ်များကို ကြေငြာခဲ့ပြီး ဘုရင်စနစ်နှင့် သူကောင်းမျိုး စနစ်ကို ဆန့်ကျင်ကာ လူအားလုံးသည် တန်းတူညီမျှ ဖန်တီးထားကြောင်းကြေငြာခဲ့သည်။

၎င်းတို့နှင့် စိတ်ချင်းတူသော ဗြိတိသျှကနေဒါ ကိုလိုနီနေထိုင်သူများမှ သူတို့၏ ရည်ရွယ်ချက်ကို ထောက်ခံ ဝန်းရံမည်ဟု မျှော်လင့်ခဲ့၍ မျိုးချစ်တို့သည် ၁၇၇၅-၇၆ ဆောင်းရာသီတွင် ကနေဒါကို ကျူးကျော်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အသစ်ဖွဲ့စည်းထားသော ကွန်တီနင်တယ် စစ်တပ်သည် ဗြိတိသျှစစ်တပ်ကို ၁၇၇၆ ခုနှစ်မတ်လတွင် ဘော်စတွန်မှ တိုက်ထုတ်နိုင် ခဲ့သော်လည်း ဗြိတိသျှတို့ က ထိုနှစ်နွေရာသီတွင် နယူးယောက်မြို့ နှင့် ၎င်း၏ မဟာဗျူဟာကျသော ဆိပ်ကမ်းကို သိမ်းယူခဲ့ကာ စစ်ပွဲကာလ တစ်လျှောက်လုံး သိမ်းယူ ထားနိုင်ခဲ့သည်။ တော်ဝင်ရေတပ်သည် ဆိပ်ကမ်းများကို ပိတ်ဆို့ပြီး အခြားမြို့များကို ခေတ္တခဏ သိမ်းပိုက် နိုင်ခဲ့သော်လည်း ဝါရှင်တန်၏ တပ်များကို မချေမှုန်းနိုင်ခဲ့ပေ။ ၁၇၇၇၊ အောက်တိုဘာလတွင် ဆာရာတိုဂါ တိုက်ပွဲ၌ ကွန်တီနင်တယ် စစ်တပ်သည် ဗြိတိသျှစစ်တပ်ကို အနိုင်ရခဲ့ပြီးနောက် ပြင်သစ်သည် အမေရိကန်၏ မဟာမိတ်အဖြစ် စစ်ပွဲအတွင်း ဝင်ရောက်လာခဲ့သည်။ ထို့နောက် ဗြိတိန်သည် ပြင်သစ်ကို သူ၏ အဓိကရန်သူ အဖြစ် ပစ်မှတ်ထားပြီး ၎င်း၏စစ်ပွဲကို ပြန်လည်အာရုံစိုက်ခဲ့သည်။ ဗြိတိန်သည် တောင်ပိုင်းပြည်နယ်များအား သစ္စာစောင့်သိသူများ၏ အကူအညီဖြင့် ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းခဲ့ပြီးနောက် စစ်ပွဲသည် တောင်ဘက်သို့ ရွေ့သွားခဲ့သည်။ ၁၇၈၀ ပြည့်နှစ်အစောပိုင်းတွင် ချားလ် ကွန်ဝေါလစ် သည် တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ ချားစတန်တွင် တွင် အမေရိကန်တော်လှန်ရေး စစ်တပ်ကို အနိုင်ရ ခဲ့သည်။ သို့သော် သူတို့အတွက် နယ်မြေများကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် သစ္စာခံ အရပ်သား အလုံအလောက်ကို စစ်အင်အား အဖြစ် မစုဆောင်းနိုင်ခဲ့ပေ။ နောက်ဆုံးတွင် ၁၇၈၁ ခုနှစ် ဆောင်းဦးကာလ တွင် အမေရိကန်နှင့် ပြင်သစ်တပ်များ ပူးပေါင်း၍ ဒုတိယမြောက် ဗြိတိန်စစ်တပ်ကို ယော့ခ်တောင်း တွင် အနိုင်ရ ခဲ့ပြီး စစ်ပွဲကို ထိရောက်စွာ အဆုံးသတ်နိုင်ခဲ့သည်။ ပါရီစာချုပ်အား ၁၇၈၃၊ စက်တင်ဘာ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ပဋိပက္ခအား တရားဝင် အဆုံးသတ်ခဲကာ ဗြိတိသျှအင်ပါယာနှင့် လုံးဝ ကွဲထွက်နေသော တိုင်းပြည် အသစ်ကို အတည်ပြု ထူထောင်နိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် မစ္စစ္စပီမြစ်အရှေ့ဘက်နှင့် ဂရိတ်လိတ်ခ်၏ တောင်ဘက်တွင်ရှိသော နယ်မြေ အားလုံးနီးပါးကို ပိုင်ဆိုင်ခဲ့ပြီး ဗြိတိန်သည် ကနေဒါကို ဆက်လက်၍ ပိုင်ဆိုင်ခဲ့ကာ စပိန်တို့သည် ဖလော်ရီဒါကို ပိုင်ဆိုင်ခဲ့သည်။

တော်လှန်ရေး၏ ထင်ရှားသော ရလဒ်များတွင် အမေရိကန် လွတ်လပ်ရေး ရရှိခြင်းနှင့် ဗြိတိန်နှင့် ရင်းနှီးစွာ စီးပွားရေး ကုန်သွယ်နိုင်ခြင်းတို့ ပါဝင်သည်။ အမေရိကန်တို့သည်အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုကို ရေးဆွဲခဲ့ပြီး ခိုင်မာသော နိုင်ငံတော်အစိုးရတစ်ခုကို တည်ထောင်ခဲ့ကာ အစိုးရတွင် ရွေးချယ်ခံ အုပ်ချုပ်ရေး၊ နိုင်ငံတော် ဆိုင်ရာ တရားစီရင်ရေးနှင့် ရွေးချယ်ခံ လွှတ်တော် နှစ်ရပ် ဖြစ်သော ပြည်နယ်များကို ကိုယ်စားပြုသော အထက်လွှတ်တော်နှင့် ပြည်သူကို ကိုယ်စားပြုသော အောက်လွှတ်တော် တို့ ပါဝင်သည်။ [၁] [၂] သစ္စာခံ ၆၀,၀၀၀ ခန့်သည် အခြားဗြိတိန်ပိုင် နယ်မြေများသို့ အထူးသဖြင့် ဗြိတိသျှမြောက်အမေရိက (ကနေဒါ) သို့ ပြောင်းရွှေ့ခဲ့ကြသော်လည်း အများစုမှာ အမေရိကန်ပြည်ထောင်စုတွင် ဆက်လက်နေထိုင်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Wood, The Radicalism of the American Revolution (1992)
  2. Greene and Pole (1994) chapter 70