မာတိကာသို့ ခုန်သွားရန်

အမနိုဟရှိဒတဲ

ဝီကီပီးဒီးယား မှ
မွန်ဂျုတောင်မှ မြင်ရသည့် အမနိုဟရှိဒတဲ
ခဆမဆွတ်ဘူတာအနီး စင်္ကြံပေါ်မှ မြင်ရသည့် အမနိုဟရှိဒတဲမြင်ကွင်း
ဟိရိုရှိဂဲရေးဆွဲခဲ့သည့် ဂျပန်ရိုးရာအနုပညာလက်ရာ ukiyo-e ပန်းချီကား
ဆက်ရှူးတိုးယောရေးဆွဲခဲ့သည့် "အမနိုဟရှိဒတဲ၏ မြင်ကွင်း"၊ လက်ယာဘက်တွင် ခိုနိုနတ်ကျောင်း၏ တိုရိအိ။ လက်ယာဘက်အစွန်းတွင် ခန်းမုရိဂျိမ နှင့် ခဆွတ်ဂျိမတို့ကို ရေးဆွဲထားသည်

အမနိုဟရှိဒတဲ (天橋立)[] သည် ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စုမြောက်ပိုင်း၊ မိယဇုပင်လယ်အော်တွင် ရှိသည့် သဲသောင်တန်းတစ်ခု ဖြစ်သည်။ "ဂျပန်နိုင်ငံ၏ လှပသည့်ရှုခင်းသုံးခု" တွင် ပါဝင်သည့်နေရာလည်း ဖြစ်သည်။ ဤသဲသောင်တန်းသည် "တန်းဂေါ့ - အမနိုဟရှိဒတဲ - အိုးအဲယမအမျိုးသားဥယျာဉ်" အတွင်းတည်ရှိသည်။

တည်နေရာ

[ပြင်ဆင်ရန်]

ရှည်လျားကျဉ်းမြောင်းသည့် သဲသောင်တန်းသည် မိယဇုပင်လယ်အော်၏ အစွန်းနှစ်ဘက်ကို ချိတ်ဆက်ထားသည်။ သဲသောင်တန်း၏ အရှည်သည် ၃.၃ ကီလိုမီတာ (၂.၂ မိုင်) ရှိသည်။ သဲသောင်တန်းပေါ်တွင် ထင်းရှူးပင် ၇၀၀ ရှိသည်။

ပင်လယ်အော်၏ တစ်ဖက်တစ်ချက်စီတွင်ရှိနေသည့် တောင်တန်းများပေါ်မှ သဲသောင်တန်းကို ကြည့်ရှုနိုင်သည်။ သဲသောင်တန်း၏ မြောက်ဘက်အဆုံးပိုင်းတွင် ရှင်တိုနတ်ကျောင်းတစ်ခုဖြစ်သည့် ခိုနိုနတ်ကျောင်းရှိသည်။ တောင်ဘက်အဆုံးပိုင်းတွင် ဗုဒ္ဓဘာသာနတ်ကျောင်းတစ်ခုဖြစ်သည့် ချိအွန်းဂျိ ရှိသည်။

ဟဲအိအန်ခေတ်ကာလကတည်းက အိဆိုရှိမိဇုသန့်စင်သည့်ရေသန့်ကို သဲသောင်တန်းတွင် သေချာစွာထိန်းသိမ်းထားခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ပတ်ဝန်းကျင်ရေးရာအေဂျင်စီက ဂျပန်နိုင်ငံ၏ အကောင်းဆုံး စမ်းရေနှင့် မြစ် ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။[]

နရိုအအိဂျိကျောင်းတော်နက္ခတ်တာရာကြည့်မျှော်စင်မှ မြင်ရသည့် မိယဇုပင်လယ်အော်နှင့် အမနိုဟရှိဒတဲ

သွားလာမှု

[ပြင်ဆင်ရန်]

မိယဇုရထားလိုင်းလမ်းကြောင်းပေါ်ရှိ အမနိုဟရှိဒတဲဘူတာမှ သွားရောက်နိုင်သည်။ ကျိုတိုဘူတာ သို့မဟုတ် အိုဆာကာဘူတာမှ ၂ နာရီခန့် ကြာမြင့်သည်။ အမနိုဟရှိဒတဲဘူတာသည် အမနိုဟရှိဒတဲ၏ တောင်ဘက်အဆုံးပိုင်းနေရာမှ လမ်းလျှောက်၍ သွားနိုင်သည့် အကွာအဝေးတွင် တည်ရှိသည်။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

Wikimedia Commons ရှိ အမနိုဟရှိဒတဲ နှင့်ပတ်သက်သော မီဒီယာများ ကိုဩဒိနိတ်: 35°34′09.69″N 135°11′29.46″E / 35.5693583°N 135.1915167°E / 35.5693583; 135.1915167

ကိုးကား

[ပြင်ဆင်ရန်]
  1. Kindaichi၊ Haruhiko; Akinaga၊ Kazue, eds. (10 March 2025)။ 新明解日本語アクセント辞典 (ဂျပန်ဘာသာစကားဖြင့်) (2nd ed.)။ Sanseidō
  2. You must specify title = and url = when using {{cite web}}.Ministry of Environment။ (in Japanese)။ 2011-06-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 8, 2011 တွင် ပြန်စစ်ပြီး။