အဘူစင်ဘယ် (Abu Simbel)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အဘူစင်ဘယ် (Abu Simbel) ရှေးဟောင်းဂရိဘုရားကျောင်း

အဘူစင်ဘယ် (Abu Simbel) မှာ အီဂျစ်နိုင်ငံတောင်ပိုင်းတွင် တည်ရှိသော ရှေးဟောင်းဂရိဘုရားကျောင်း များ၏ အမည်ဖြစ်သည်။ ထိုဘုရားကျောင်းများသည် နိုင်းမြစ်ကမ်းပါးတွင် တည်ရှိသည်။ ဘုရားကျောင်းကို ဘီစီ ၁၂၅၀-ခန့်တွင် အီဂျစ်ဘုရင်ရမ်ဆီ(၂) (Rameses II)လက်ထက်တွင် တည်ဆောက်ခဲ့သည်။

သဲကျောက်များကို ကြီးမားသောအတုံးကြီးများဖြစ်အောင် ဖြတ်တောက်ပြီး မြင့်မားသောဘုရားကျောင်း ကြီးများအဖြစ် တည်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့အနက် ကျောင်းဆောင်ကြီးတခုမှာ ၁၈၀-ပေခန့် ကျယ်ဝန်းပြီး အတွင်းပိုင်းတွင် အခန်းပေါင်းများစွာ ပါဝင်သည်။ အဆောက်အအုံ၏ မျက်နှာစာတွင် ၆၅-ပေခန့်အမြင့်ရှိသော ရှေးဟောင်းအီဂျစ်စစ်သည်တဦး ထိုင်နေဟန်ပုံ ရုပ်တု၄-ခုကို ထုလုပ်ထားသည်။ ထိုရုပ်တုကြီးများအပေါ်တွင် ရှေးဟောင်းဂရိကြေးစား စစ်သည်ရုပ်တုပုံများကို ထုလုပ်ပြီး ကမ္ပည်းထိုးထားသည်။

၁၉၆၀-ခန့်တွင် နိုင်းမြစ်ကိုပိတ်၍ ရေကာတာ ပြုလုပ်လိုက်သဖြင့် ထိုရုပ်တုကြီးများတည်ရှိရာ နက်ဆာရေကန်၏ ရေမျက်နှာပြင် မြင့်တက်လာသည်။ ရုပ်တုကြီးများ ရေလွှမ်းမိုးမှုဘေးကို ရင်ဆိုင်လာရသည်။ ထို့ကြောင့် ပိုမိုမြင့်မားသော ရေလွတ်ရာအရပ်သို့ ရုပ်တုကြီးများကို ဖြတ်တောက် သယ်ဆောင်ပြီး ပြန်လည်ထိန်းသိမ်းထားရသည်ဟု သိရှိရသည်။