အဘိဓမ္မတ္ထသင်္ဂဟ
| စာရေးသူ | အရှင်အနုရုဒ္ဓါ (Ācariya Anuruddha) |
|---|---|
| ဘာသာစကား | ပါဠိ |
| အကြောင်းအရာ | အဘိဓမ္မာ |
| အမျိုးအစား | အကျဉ်းချုပ်ကျမ်း |
အဘိဓမ္မတ္ထသင်္ဂဟ (ပါဠိ: Abhidhammatthasaṅgaha) သည် ထေရဝါဒဗုဒ္ဓဘာသာတွင် အရေးပါဆုံးသော အဘိဓမ္မာဆိုင်ရာ လမ်းညွှန်ကျမ်းတစ်ဆူ ဖြစ်သည်။ ဤကျမ်းကို မြန်မာနိုင်ငံတွင် သင်္ဂြိုဟ် ဟု အများသိကြသည်။ ဤကျမ်းကို သီဟိုဠ်ကျွန်းမှ အရှင်အနုရုဒ္ဓါ (Ācariya Anuruddha) က ရေးသားပြုစုခဲ့သည်။[၁]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ဤကျမ်းတွင် အဘိဓမ္မာတရားတော်များကို အခန်း (၉) ပိုင်းဖြင့် အနှစ်ချုပ် ပြဆိုထားသည်-
- စိတ်ပိုင်း (Citta-saṅgaha-vibhāga)
- စေတသိက်ပိုင်း (Cetasika-saṅgaha-vibhāga)
- ပကိဏ္ဏကပိုင်း (Pakiṇṇaka-saṅgaha-vibhāga)
- ဝီထိပိုင်း (Vīthi-saṅgaha-vibhāga)
- ဝီထိမုတ်ပိုင်း (Vīthimutta-saṅgaha-vibhāga)
- ရုပ်ပိုင်း (Rūpa-saṅgaha-vibhāga)
- သမုစ္စယပိုင်း (Samuccaya-saṅgaha-vibhāga)
- ပစ္စည်းပိုင်း (Paccaya-saṅgaha-vibhāga)
- ကမ္မဋ္ဌာန်းပိုင်း (Kammaṭṭhāna-saṅgaha-vibhāga)
ဋီကာကျမ်းများ
[ပြင်ဆင်ရန်]ဤကျမ်းအား ရှင်းလင်းဖွင့်ဆိုထားသည့် ဋီကာများအနက် ထင်ရှားသည်များမှာ-
- အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ (အရှင်သုမင်္ဂလ ရေးသားသည်)
- ပရမတ္ထဒီပနီဋီကာ (လယ်တီဆရာတော် ရေးသားသည်) - ဝိဘာဝိနီဋီကာကို အချက်ပေါင်း ၂၄၅ ချက်ဖြင့် ဝေဖန်ပြုစုထားသည်။
အငြင်းပွားမှုများ
[ပြင်ဆင်ရန်]လယ်တီဆရာတော်၏ ပရမတ္ထဒီပနီဋီကာတွင် ဝိဘာဝိနီဋီကာကို ပြင်းထန်စွာ ဝေဖန်ထားခြင်းကြောင့် ၂၀ ရာစုအစောပိုင်း မြန်မာနိုင်ငံ ထေရဝါဒပညာရှင်များအကြား ကြီးမားသော ဋီကာအငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါအငြင်းပွားမှုများကို ကာကွယ်ရန် အင်္ကုရဋီကာ (အရှင်ဝိမလာဘိဝံသာလင်္ကာရ)၊ ပရမတ္ထဝိသောဓနီဋီကာ (အရှင်ဒီပမာလ) စသည့် ကျမ်းများစွာ ထွက်ပေါ်လာခဲ့သည်။[၂]
ဘာသာပြန်များ
[ပြင်ဆင်ရန်]အဘိဓမ္မတ္ထသင်္ဂဟကို အင်္ဂလိပ်ဘာသာ၊ အင်ဒိုနီးရှားဘာသာ အပါအဝင် ဘာသာစကားအမျိုးမျိုးသို့ ဘာသာပြန်ဆိုထားသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အရှင်ခေမိန္ဒ (Ashin Kheminda) က "Manual Abhidhamma" အမည်ဖြင့် ဘာသာပြန်ဆို၍ သင်ကြားလျက်ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Hoiberg၊ Dale H., ed. (2010)။ "Abhidhammattha-sangaha"။ Encyclopædia Britannica။ I: A-ak Bayes (15 ed.)။ Chicago, IL: Encyclopædia Britannica Inc.။ p. 31။
- ↑ Visuddha၊ Ven. (2018)။ Abhidhamma Debate: A Comparative Study of the Selected Points of Controversy Between the Abhidhammatthavibhāvinīṭīkā and the Paramatthadīpanīṭīkā (ဘွဲ့လွန်စာတမ်း)။ Mahachulalongkornrajavidyalaya University။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- A Comprehensive Manual of Abhidhamma (အင်္ဂလိပ်ဘာသာပြန်)
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|