အဗ္ဒူရာမန် ဝါဟစ်

ဝီကီပီးဒီးယား မှ
အဗ္ဒူရာမန် ဝါဟစ်
Abdurrahman Wahid
မွေးဖွား(1940-09-07)၇ စက်တင်ဘာ၊ ၁၉၄၀
Jombang, East Java, Dutch East Indies
ကွယ်လွန်၃၀ ဒီဇင်ဘာ၊ ၂၀၀၉(2009-12-30) (အသက် ၆၉)
ရှေ့လူBacharuddin Jusuf Habibie
နောက်လူMegawati Sukarnoputri
နိုင်ငံရေးပါတီအမျိုးသားနိုးကြားရေးပါတီ
အိမ်ထောင်ဖက်(များ)Shinta Nuriyah
ဝက်ဘ်ဆိုဒ်www.gusdur.net

အဗ္ဒူရာမန် ဝါဟစ်(Abdurrahman ad-Dakhil Wahid)( ၁၉၄၀ စက်တင်ဘာ ၇ - ၂၀၀၉ ဒီဇင်ဘာ ၃၀)[၁] သည် ၁၉၄၀ ပြည့်နှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားကျွန်း၊ ဂျမ်ဘန်းပြည်နယ်၌ မွေးဖွားသည်။ အမျိုးသားနိုးကြားရေးပါတီကို ထူထောင်ခဲ့သူဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ စတ္ထုထမြောက် သမ္မတအဖြစ် ၁၉၉၉ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ရာထူးတက် တာဝန်ယူ ထမ်းဆောင်ခဲ့သည်။ အဗ္ဒူရာမန် ဝါဟစ်သည်လည်း ၁၉၉၈ ခုနှစ်တွင် ဆူဟာတို၏ အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးနောက် ပြည်သူလူထုက တိုက်ရိုက်မဲပေးပြီး ရွေးကောက်တင်မြှောက်ခဲ့သည့် သမ္မတလည်း ဖြစ်သည်။

ဝါဟစ်သည် ဒီမိုကရေစီစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခံရသည့် အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး မွတ်ဆလင် ဘာသာရေး အဖွဲ့အစည်းဖြစ်သည့် Nahdlatul Ulama အဖွဲ့၏ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ ဘာသာရေးနှင့် နိုင်ငံရေး ခေါင်းဆောင်ဖြစ်သူ ဝါဟစ်သည် အမျိုးသားနိုးကြားရေးပါတီကို စတင်တည်ထောင်ခဲ့သည်။ ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၂၀ ရက်မှ ၂၀၀၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်အထိ သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဆီးချိုရောဂါ ဝေဒနာရှင်၊ အမြင်အာရုံချို့တဲ့ပြီး တခါက လေဖြတ်ခံထားရဖူးသည့် ဝါဟစ်သည် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ နှလုံးရောဂါနှင့် ဆီးချိုရောဂါတို့ကြောင့် ကျောက်ကပ်ပျက်စီးကာ အသက် ၆၉ နှစ်အရွယ်တွင် ကွယ်လွန်သည်။ ၎င်း၏ ဈာပနအခမ်းအနားကို နိုင်ငံတော်အဆင့် ကျင်းပ၍ ၇ ရက်ကြာ နိုင်ငံတော်အလံတစ်ဝက်လွှင့်ထူခြင်းဖြင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]