ပီယဲ အဗေလား

ဝီကီပီးဒီးယား မှ
(အဗေလား ၊ ပီယဲ မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

ပီယဲအဗေလား(ခရစ် ၁ဝ၇၉-၁၁၄၂)သည် ထင်ရှားသော ပြင်သစ်လူမျိုး ဒဿနိကဗေဒနှင့် ဗြဟဒေဝဗေဒ ပညာရှင်တစ်ဦး ဖြစ်သည်။ ၁ဝ၇၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံ အနောက်မြောက်ဘက်ရှိ ဗရစ်တန္နီ နယ် နန့်မြို့အနီး ပဲလေးရွာ၌ မှူးမတ်မျိုးရိုးမှ ဖွားမြင်ခဲ့၍ သားအကြီးဆုံး ဖြစ်သည်။ အဗေလားသည် စာပေတတ်မြောက် ၍ ပညာတတ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လိုသည့် ရည်ရွယ်ချက်ရှိသည့် အားလျော်စွာ မိဘဘိုးဘွားတို့၏ အမွေအနှစ်များနှင့်သာ နေထိုင်သွားပါက တစ်သက်ပတ်လုံး ဆင်းရဲငြိုငြင်မှုမရှိပဲ အထက်တန်းကျကျ နေထိုင်သွားနိုင်ပေသည်။ အဗေလားသည် သချင်္ာ၊ ဂီတ၊ ဥပဒေပညာ၊ အလယ် ခေတ်က ခေတ်စားလျက် ရှိသော ဗြဟဒေဝဗေဒစသည့် ပညာရပ် အမျိုးမျိုး သင်ကြား ခဲ့သည်။

အဗေလားသည် ဦးစွာ၌ မိမိ မွေးဖွားရာ ဗရစ်တန္နီတွင် ဆရာတစ်ဦးထံ၌ ပညာသင်ကြား၏။ အသက် ၂ဝ အရွယ်ခန့် တွင် ပါရစ်မြို့ရှိ နိုထရာဒမ်ဘုရားရှိခိုးကျောင်းကြီးတွင် အခြား ဆရာတစ်ဦးထံ၌ ပညာဆက်လက်ဆည်းပူးပြန်သည်။ ဗဟု သုတ ကြွယ်ဝသည့်ပြင် ပညာဉာဏ် အလွန်ထက်မြက်ရကား ပါရစ်မြို့၌ ပညာဆည်းပူး၍ များမကြာမီပင် သင်ဆရာထက် ကျော်လွန်၍ တတ်မြောက်ခဲ့လေသည်။ ဝါဒဆွေးနွေးပွဲများ၌ ဆရာနှင့်တပည့်က ဆရာကို အနိုင်ရရှိနေသည်နှင့် ဆရာတပည့် အဆင်မပြေမှုများ ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် အဗေလားသည် ဘုရားရှိခိုးကျောင်းမှ ထွက်ခွာသွားရလေသည်။ ယင်းသို့ ထွက် ခွာသွားပြီးနောက် ပါရစ် မြို့အနီးအနားတွင် မိမိကိုယ်တိုင် ကျောင်းထောင်၍ တပည့်များစွာတို့အား ပညာသင်ကြားပေးလာ ခဲ့ရာများ မကြာမီပင် အလွန်ထင်ရှားသော ဆရာကြီးတစ်ဦး ဖြစ်လာလေသည်။ အဗေလားသည် ယုတ္တိဗေဒ၌ အထူးစိတ်ဝင် စားသည့်ပြင် ဗြဟဒေဝဗေဒ၌လည်း ပြောင်မြောက်သဖြင့် သူ့ ခေတ်ရှိ ပညာတတ် ပုဂ္ဂိုလ်များထဲတွင် ကျော်ကြားသော ပညာ ရှင်တစ်ဦးအဖြစ် လွန်စွာမှ ထင်ရှားလာလေသည်။ ပြင်သစ် နိုင်ငံမှ ကျောင်းသားများသာမက ဥရောပတစ်တိုက်လုံးလောက် မှ ထောင်သောင်းမကသော ကျောင်းသားများသည်လည်း သူ၏သင်တန်းသို့ တက်ရောက် နာယူကြသည်။ သူ၏ ဟောပြောပွဲရှိရာသို့ အစဉ်လိုက်၍ နားထောင်ကြသော လူထု ပရိသတ်မှာလည်း နည်းလှသည်မဟုတ်ပေ။ ယင်းသို့ဖြင့် အဗေ လား၏ ကျော်စောထင်ရှားမူမှာ အထွတ်အထိပ်သို့ ရောက်ခဲ့ လေသည်။ ၁၁၁၅ ခုနှစ်တွင် သူသည် နိုထရာဒမ် ဘုရားရှိခိုး ကျောင်း၌ ဆရာနှင့်လက်ထောက်ဘုန်းကြီးဖြစ်လာရာ သူ၏ အယူအဆနှင့်ဝါဒကို သက်ဝင်ယုံကြည်ကြသော ပရိသတ်ကြီး သည် နိုထရာဒမ်သို့ စုရုံးလာကြသညင်။ ထိုအခါက အဗေလား လောက် လူထုပရိသတ်၏ စိတ်ဓာတ်ကို ဆွဲဆောင်နိုင်သော သတ္တိ မည်သည့် ဆရာတစ်ဦးတစ်ယောက်တွင်မျှ မရှိခဲ့ချေ။သို့ရာတွင် အဗေလား၏ ကံကြမ္မာ ည|ိုးမှိန်စပြုလာသောအါ သူ့အား အဘက်ဘက်မှ အကုသိုလ်ကံ အမျိုးမျိုး ဖိစီးနှိပ်စက် လာတော့၏။ အဗေလားသည် တတ်သိလိမ်မာ၍ ရုပ်ဆင်းအဂ‡ါ လှပသော နိုထရာဒမ် ဘုရားရှိခိုးကျောင်း ဘုန်းတော်ကြီး ဖူးလ ဗတ်၏တူမ အသက် ၁၇ နှစ်အရွယ်ရှိ အေလိုအီးနှင့် စာသင် ကြားပေးယင်း အလွန်အမင်း ချစ်ကြိုက်ခဲ့ကြသည်။ ယင်း အဖြစ်အပျက်ကို ဦးလေးတော်သူ သိရှိသောအခါ စိတ်ဆိုးသဖြင့် ချစ်သူနှစ်ဦးတို့ ဗရစ်တန္နီသို့ ထွက်ပြေးခဲ့ကြသည်။ သား တစ် ယောက်မွေးဖွားပြီးနောက် လျှို့ဝှက်စွာ လက်ထပ် လိုက်ကြ၏။ သို့သော် အေလိုအီးသည် အဗေလား၏ သာသနာ့ဝန်ထမ်း လုပ်ငန်း တိုးတက်ကြီးပွားမှုတွင် အဟန့်အတား အနှောင့် အယှက်ဖြစ်မည်စိုးသဖြင့် လက်ထပ်ခဲ့ခြင်းကို မည်သူ့ကိုမျှ အသိမပေးပဲ လျှို့ဝှက်စွာ ထားရှိခဲ့ရာမှ နောက်ဆုံးတွင် လူ အများသိရှိသွားလေသည်။ သို့ဖြင့် အေလိုအီးသည် ပါရစ်မြို့ သီလရှင်ကျောင်းတစ်ကျောင်းသို့ သွားရောက်နေထိုင်လိုက်၏။ ဤအကြောင်းအရာကို ဦးလေးတော်သူ ဖူးလဗတ် သိရှိသွား သောအခါ သူ၏တူမအား အဗေလား ပစ်သွားပြီအထင်နှင့် အလွန်ဒေါသဖြစ်ကာ လက်စားချေသည့် အနေဖြင့် ညဉ့်အချိန် အဗေလား၏ အခန်းထဲသို့ဝင်၍ တစ်သက်လုံး လူစဉ်မမှီအောင် ရက်စက်စွာ သင်းကွပ် လိုက်လေသည်။ အဗေလားသည် အလွန်စိတ်ပျက်သဖြင့် စိန်ဒဲနစ်ဘုရားရှိခိုးကျောင်းသို့ဝင်၍ ဘုန်းကြီး လုပ်၏။ အေလိုအီးလည်း သီလရှင်လုပ်လိုက်သည်။ သို့ဖြင့် ချစ်သူနှစ်ဦးတို့၏ ဘဝဇာတ်လမ်းသည် တစ်ဦးနှင့် တစ်ဦး အလွန်ချစ်လျက် နိဂုံးသတ်လိုက်ရတော့သည်။အဗေလားသည် နောက်တစ်နှစ်တွင် ဗြဟဒေဝဗေဒ ကျောင်း ဖွင့်၍ တပည့်အပေါင်းတို့အား သင်ကြားပေး သေး၏။ သို့ရာ တွင် ရှေးက သူ၏ရန်သူဖြစ်ခဲ့သော ပုဂ္ဂိုလ်တို့က ယခုအခါ သူ့အားဝိုင်း၍ ရန်ရှာလာကြ၏။ အနှောင့်အယှက် ပြုလာကြ ၏။ ပျက်စီးချိန်ရောက်လာလျှင် အဗေလားသည် နောက်ဆုံး တွင် မိစ္ဆာဒိဋ္ဌိ အဖြစ်ဖြင့် အများပြည်သူတို့၏ ရှုတ်ချခြင်းကို ခံရလေသည်။ ကျန်းမာရေးလည်း ချို့တဲလာရကား ၁၁၄၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် သေဆုံးသွားလေသည်။ အဗေလား သေဆုံးသွားသော်လည်း သူ၏ ဗြဟဒေဝ ဗေဒဆိုင်ရာ အယူ ဝါဒကား ကျန်ရစ်ခဲ့သည်။ သူ၏ သင်ကြားပြသမှုကြောင့် ပါရစ်တက္ကသိုလ်သည် ဥရောပတိုက်တွင် ပညာသင်ကြားရာ ဗဟိုဌာနကြီး ဖြစ်ခဲ့လေသည်။အေလိုအီးသည် အဗေလားနှင့် ခွဲခွာနေခဲ့ရပြီးသည်နောက် ချစ်သူထံ ရေးခဲ့သောစာများအရ အေလိုအီး၏ မြင့်မြတ်သော စိတ်နေသဘောထားများသည် ခေတ်အဆက်ဆက် စံတင်ရ လောက်အောင် ချီးကျူးထိုက်ပေသည်။ သီလရှင်ဘဝနှင့် နှစ်ပေါင်းများစွာ နေခဲ့ပြီးသည်နောက် အေလိုအီးသည် အဗေလား သေဆုံးပြီး၍ ၂၂ နှစ်အကြာ ၁၁၆၄ ခုနှစ်တွင် သေဆုံးသွား လေသည်။ နောင်အခါ ထိုချစ်သူနှစ်ဦး၏ ရုပ်အလောင်းများကို ပါရစ်မြို့သို့ ယူဆောင်၍ အတူတူယှဉ်ပြိုင် မြှုပ်နှံထားလေ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)