အပြိုင် စကြာဝဠာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အပြိုင် စကြာဝဠာ (များစွာသော စကြာဝဠာမဟာ စကြာဝဠာ) ဆိုသည်မှာ သီအိုရီဆိုင်ရာ စကြာဝဠာတစ်ခုဖြစ်သည်။ ယင်းစကြာဝဠာသည် မိမိတို့နေထိုင်သည့် စကြာဝဠာအပါအဝင် ပုံသေစကြာဝဠာ၊ အနန္တစကြာဝဠာတို့ ပါဝင်သည်။ ပုံသေစကြာဝဠာဟူသည် ဥပမာဆိုရသော် မပြောင်းလဲဘဲ ပုံသေအရွယ်အစားရှိသော စကြာဝဠာဖြစ်ပြီး အနန္တစကြာဝဠာဟူသည် အဆုံးအစမရှိအောင် ကျယ်ပြောလှသည့် စကြာဝဠာပင်တည်း။ မဟာ စကြာဝဠာသည် ယင်းတို့နှင့် ကွဲပြားသည်။ လူသားတို့သည် တချိန်က မိမိတို့ကမ္ဘာမြေအား စကြာဝဠာ၏ ဗဟိုဟု ထင်မှတ်ခဲ့ဖူးသည်။ ကော်ပါးနိကပ်ဆိုသောပုဂ္ဂိုလ်ပေါ်လာသောအခါ ကမ္ဘာသည် စကြာဝဠာ၏ဗဟိုမဟုတ်ဘဲ နေစကြာဝဠာ၏ သာမန်ဂြိုလ်တစ်စင်းမျှသာဖြစ်ကြောင်း သိရှိရသည်။ ထို့မှတဖန် မိမိတို့၏နေမင်းသည်လည်း နဂါးငွေ့တန်း ဂယ်လက်ဆီ၏ အလယ်အလတ်တန်းစား သာမန်ကြယ်တစ်စင်းမျှသာဖြစ်ကြောင်း၊ နဂါးငွေ့တန်းသည်လည်း Local Group ဆိုသည့် ဂယ်လက်ဆီအုပ်စု၏ သာမန်ဂယ်လက်ဆီဖြစ်ကြောင်း၊ ဂယ်လက်ဆီတို့သည်လည်း အုပ်စုဖွဲ့ကာ မဟာဂယ်လက်ဆီအုပ်စု စသည်ဖြင့် စကြာဝဠာသည် အင်မတန် ကျယ်ပြောလှကြောင်း သိရှိခဲ့ရသည်။ သို့သော်လည်း ယနေ့လူသားတို့ စကြာဝဠာ၏ အနားစွန်းသို့ ခေတ်မီနည်းပညာများဖြင့် လှမ်းမျော်သောအခါ အလင်းနှစ် ၁၂ ဘီလီယံအကွာအဝေးမှ အရာဝတ္ထုများအား တွေ့ရသည်။ ထိုအရာဝတ္ထုများသည် မဟာပေါက်ကွဲမှု ဖြစ်ပြီးချင်း နှစ်သန်းပေါင်းအနည်းငယ်အကြာတွင် ဖွဲ့တည်လာကြသည့် သက်တမ်းရင့် ဂယ်လက်ဆီများ၊ ကွေဆာများ ဖြစ်ကြသည်။ ယင်းအရာဝတ္ထုများ၏အလွန်တွင် အခြားသော ဂယ်လက်ဆီများလည်း ရှိနိုင်ပါသေးသည်။ သို့သော် ယနေ့နည်းပညာဖြင့် မမြင်နိုင်ပေ။ ယင်းကဲ့သို့ လူသားတို့လက်လှမ်းမီသမျှ လေ့လာနိုင်သည့် စကြာဝဠာအား လေ့လာနိုင်သော စကြာဝဠာဟု ခေါ်ဆိုသည်။

မဟာ စကြာဝဠာမော်ဒန်တွင် မိမိတို့ယနေ့ခေါ်ဆိုသည့် လေ့လာနိုင်သော စကြာဝဠာတို့သည် အခြားစကြာဝဠာတစ်ခုအဖြစ် များစွာ တည်ရှိနိုင်သည်ဟုဆိုသည်။ ဂယ်လက်ဆီများကဲ့သို့ပင်တည်း။ ယင်းအဆိုအား သက်သေပြနိုင်ရန် မဖြစ်နိုင်သေးပေ။ သိပ္ပံပညာရှင်တို့သည် ယင်းအဆိုအား အငြင်းအခုံဖြစ်ကြသည်။ မဟာ စကြာဝဠာအားထောက်ခံသည့် သိပ္ပံပညာရှင်များမှာ စတီဖင် ဟောကင်း၊[၁] အလန် ဂု၊ ဘရိုင်ယန် ဂရင်နီ၊[၂][၃] Neil deGrasse Tyson[၄] စသည်တို့ဖြစ်ကြပြီး အခြားသော နိုဘယ်ဆုရ ထင်ရှားသူများလည်း ပါဝင်သည်။ မယုံကြည်သူအများအပြားရှိသော်လည်း သီအိုရီအရ ပူစီဖောင်း တစ်ခုမှနောက်တစ်ခုထပ်ထွက်လာပုံနှင့် ဥပမာပြထားကြသည်။ ကွမ်တမ်သီအိုရီအရလည်း မဟာပေါက်ကွဲမှု မဖြစ်ခင်တွင် အီလက်ထရွန်အမျိုးအစား ဖြစ်သောကြောင့် အက်တမ်တည်ဆောက်ပုံအရ အပြိုင်စကြာဝဠာများရှိနိုင်သည်။ စကြာဝဠာများကို တွင်းနက်မှတစ်ဆင့်ဆက်သွယ်ထားသည်ဟုလည်းယူဆကြသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Universe or Multiverse, 19. ISBN 9780521848411. “Some physicists would prefer to believe that string theory, or M-theory, will answer these questions and uniquely predict the features of the Universe. Others adopt the view that the initial state of the Universe is prescribed by an outside agency, code-named God, or that there are many universes, with ours being picked out by the anthropic principle. Hawking argues that string theory is unlikely to predict the distinctive features of the Universe. But neither is he is an advocate of God. He therefore opts for the last approach, favouring the type of multiverse which arises naturally within the context of his own work in quantum cosmology.” 
  2. Greene, Brian (January 24, 2011). A Physicist Explains Why Parallel Universes May Exist. npr.org. Interview with Terry Gross. Archived from the original on September 12, 2014. Retrieved September 12, 2014.  E
  3. Greene, Brian (January 24, 2011). Transcript:A Physicist Explains Why Parallel Universes May Exist. npr.org. Interview with Terry Gross. Archived from the original on September 12, 2014. Retrieved September 12, 2014.  E
  4. Freeman၊ David (March 4, 2014)။ Why Revive 'Cosmos?' Neil DeGrasse Tyson Says Just About Everything We Know Has Changedhuffingtonpost.com။ Archived from the original on September 12, 2014။ September 12, 2014 တွင် ပြန်စစ်ပြီး။