အပြာရောင်လိုင်း (ဘန်ကောက်)
| အမ်အာရ်တီ အပြာရောင်လိုင်း | |||
|---|---|---|---|
ထားဖရာဘူတာ အပေါ်ထပ်ပလက်ဖောင်း ရောက်ရှိလာသော EMU-BLE အမျိုးအစားရထားတွဲ | |||
| အချက်အလက်အကျဉ်း | |||
| ပိုင်ဆိုင်သူ | ထိုင်းနိုင်ငံလူထုအမြန်ရထားပို့ဆောင်ရေးအာဏာပိုင် | ||
| လုပ်ငန်းဒေသ | ဘန်ကောက်မြို့ | ||
| ဂိတ်စ/ဆုံ |
| ||
| ဘူတာများ | စုစုပေါင်း : ၄၂ ဘူတာ ၃၈ ဘူတာ(လုပ်ငန်းလည်ပတ်) ၄ ဘူတာ (အနာဂတ်) | ||
| မြေပုံပေါ်အရောင် | အပြာရောင် | ||
| ဝန်ဆောင်မှု | |||
| အမျိုးအစား | Rapid transit | ||
| စနစ် | MRT စနစ် | ||
| အော်ပရေတာ | Bangkok Expressway and Metro | ||
| ရထားသိုလှောင်ရုံ | ဖရားရာမ် ၉ သိုလှောင်ရုံ ဖက်ကဆမ်သိုလှောင်ရုံ | ||
| ရထားတွဲအမျိုးအစား | Siemens Modular Metro EMU-IBL: 19 three-car trains Siemens EMU-BLE: 35 three-car trains Future Siemens Rolling Stocks 21 three-car trains [၁] | ||
| နေ့စဥ်စီးနင်းသူ | 424,398 (2024) | ||
| သမိုင်း | |||
| စတင်တည်ဆောက်ခြင်း | ၂ ဒီဇင်ဘာ ၁၉၉၆ | ||
| ဖွင့်လှစ်ခြင်း | ၃ ဇူလိုင် ၂၀၀၄ | ||
| နောက်ဆုံးတိုးချဲ့မှု | ၂၃ ဒီဇင်ဘာ ၂၀၁၉ | ||
| နည်းပညာပိုင်း | |||
| ရထားလိုင်းအရှည် | Total: ၅၅.၆၃ km (၃၄.၅၇ mi) ၄၆.၉၁ km (၂၉.၁၅ mi) (operational) ၈.၇၂ km (၅.၄၂ mi) (future) | ||
| လိုင်းပုံစံ | ကုန်းပေါ် ၂၉.၅ km (၁၈.၃ mi) မြေအောက်: ၂၆.၁၃ km (၁၆.၂၄ mi) | ||
| သံလမ်းအကျယ် | ၁၄၃၅ mm (4 ft 8 1⁄2 in) standard gauge | ||
| သံလမ်းလျှပ်စီးတပ်ဆင်ခြင်း | တမ်းပလိတ်:750 V DC | ||
| ရထားမြန်နှုန်း | ၈၀ km/h (၅၀ mph) | ||
| မီးရထားအချက်ပြစနစ် | Siemens Trainguard LZB700M fixed block ATC under ATO GoA 2 (STO) | ||
| |||
ဘန်ကောက်မြို့ရှိ MRT အပြာရောင်လိုင်း (ထိုင်း: รถไฟฟ้ามหานคร สายสีน้ำเงิน)[မှတ်စု ၁] သည် ဘီတီအက်စ် မိုးပျံရထားစနစ်၏ ဆူခုမ်ဝစ်လိုင်းနှင့် စီလုမ်လိုင်းတို့ နောက်ပိုင်း ဘန်ကောက်မြို့၏ တတိယမြောက် အမြန်ရထားလိုင်း ဖြစ်သည်။ MRT စနစ်၏ ပထမဆုံးလိုင်း ဖြစ်ပြီး Bangkok Expressway and Metro Public Company Limited မှ စီမံခန့်ခွဲသည်။
MRT အပြာရောင်လိုင်း၏ စုစုပေါင်းအရှည်မှာ ၄၈ ကီလိုမီတာ (၂၉.၈၃ မိုင်) ရှည်လျားပြီး လက်ဆောင်းဘူတာ (Lak Song) မှ ထားဖရာဘူတာ (Tha Phra) အထိ စက်ဝိုင်းတစ်ခြမ်းပုံစံ သို့မဟုတ် ခရုပတ်ပုံစံလမ်းကြောင်းအဖြစ် လည်ပတ်နေကာ ထားဖရာဘူတာသည် ရထားပြောင်းစီးနိုင်သောဘူတာရုံအဖြစ်လည်း ဆောင်ရွက်သည်။
MRT အပြာရောင်လိုင်း၏ ပထမဆုံးအပိုင်းအနေဖြင့် ဟွာလမ်ဖုန်ဘူတာ (Hua Lamphong) မှ ဘန်စိုးဘူတာ (Bang Sue) အထိ ၂၀ ကီလိုမီတာ (၁၂.၄၃ မိုင်) ရှည်လျားသော တစ်ဝက်စက်ဝိုင်းပုံစံလမ်းကြောင်းကို ၂၀၀၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင် တာပွန်ဘူတာ (Tao Poon) အထိ ၁.၂ ကီလိုမီတာ (၀.၇၅ မိုင်) ထပ်မံတိုးချဲ့ ဖွင့်လှစ်ခဲ့သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဟွာလမ်ဖုန်းမှ အနောက်ဘက်သို့ ဘန်ကောက် တရုတ်တန်း နှင့် ရတနကောသိန္ဒြကျွန်းရှိ ဘူတာအသစ်များမှတစ်ဆင့် လိုင်းကို ထပ်မံတိုးချဲ့ခဲ့သည်။ နောက်ဆုံးအနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက်နေ့တွင် တာပွန်ဘူတာမှ တောင်ဘက်သို့ ထွန်ဘူရီဘက်ခြမ်း (Thonburi) ရှိ ဘူတာအသစ်များမှတစ်ဆင့် ထားဖရာအထိ လိုင်းကို တိုးချဲ့ခဲ့ပြီး တစ်ဝက်စက်ဝိုင်းလိုင်းကို ပြီးစီးစေခဲ့သည်။ လက်ဆောင်းဘူတာမှ ဖူ့ထာမွန်ထွန်ဆိုင် ၄ လမ်းမကြီး (Phutthamonthon Sai 4) အထိ ၇.၈ ကီလိုမီတာ (၄.၈ မိုင်) ရှည်လျားသော ဘူတာ ၄ ခုပါဝင်သည့် နောက်ထပ်တိုးချဲ့မှုကို စီစဉ်ထားသော်လည်း လက်ရှိအချိန်အထိ တည်ဆောက်ခြင်း မရှိသေးပါ။
MRT အပြာရောင်လိုင်းသည် ဘန်ကောက်မြို့၏ အဓိကစီးပွားရေး၊ လူနေထိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများကို ချိတ်ဆက်ပေးထားသည်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် နေ့စဉ်ပျမ်းမျှခရီးသည် ၄၀၀,၀၀၀ ဦး ရှိခဲ့သည်။ ဘန်ကောက်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကာလဖြစ်သော ၂၀၂၁ ခုနှစ်အတွင်းတွင်မူ နေ့စဉ်ခရီးသည်ဦးရေသည် ၇၆,၀၀၀ မှ ၁၁၆,၀၀၀ ကြားသို့ ကျဆင်းသွားခဲ့သည်။
ထူးခြားချက်
[ပြင်ဆင်ရန်]MRT အပြာရောင်လိုင်းသည် ဘန်ကောက်မြို့ပြ၏ သိပ်သည်းဆ မြင့်မားသော မက်ထရိုပိုလစ်တန်ပတ်ဝန်းကျင်တွင် မြို့ပြသယ်ယူပို့ဆောင်ရေးအတွက် အချက်အချာကြပြီး၊ မြေအောက်နှင့် မြေပေါ်မြှင့်တင်ထားသော ရထားလမ်း၊ ဘူတာအဆောက်အအုံများဖြင့် ပေါင်းစပ်တည်ဆောက်ထားသည်။ ဘူတာ ၃၈ ခုရှိသည်အနက် ဘူတာ (၂၂) ခုမှာ မြေအောက်ဘူတာများဖြစ်ပြီး ဘူတာ (၁၆) ခုမှာ မြေပေါ်မြှင့်တင်ထားသောဘူတာများဖြစ်ရာ ဘူတာများ၏ ၅၈% ခန့်သည် မြေအောက်တွင် တည်ရှိသည်။ စုစုပေါင်း ရထားလမ်းအရှည်အရဆိုလျှင် ခန့်မှန်းခြေအားဖြင့် ၅၄% ခန့်သည် မြေအောက် (အများအားဖြင့် မြို့လယ်ခေါင်ဧရိယာ) တွင် ပြေးဆွဲပြီး ကျန် ၄၆% မှာ မြင့်တင်ထားသော လမ်းကြောင်းများဖြစ်ကာ အများအားဖြင့် အပြင်ဘက် တိုးချဲ့ထားသော မြို့ပြင်နေရာများတွင် ဖြစ်သည်။
လမ်းကြောင်း
[ပြင်ဆင်ရန်]MRT အပြာရောင်လိုင်းသည် ထားဖရာ (Tha Phra) ဘူတာ၏ အပေါ်ပိုင်းပလက်ဖောင်းမှ စတင်သည်။ ၎င်းသည် ဂျာရန်းဆနစ်ဝေါင်လမ်းမကြီး အပေါ်မှ မြောက်ဘက်သို့ မြေပေါ်မြှင့်တင်ထားသော ကုန်းပေါ်ရထားလမ်းဖြင့် ဘန်အော် (Bang O) ဘူတာအထိ ပြေးဆွဲသည်။ ထို့နောက် ကျောက်ဖယားမြစ် (Chao Phraya River) ကို ဖြတ်ကျော်ကာ ဘန်ဖို (Bang Pho) ဘူတာနှင့် တာပွန်ဘူတာသို့ ရောက်ရှိသည်။ ထိုမှတစ်ဆင့် မြေအောက်သို့ ဝင်ရောက်ပြီး ဘန်စိုးဘူတာ (Bang Sue) သို့ ရောက်ရှိသည်။
၎င်းသည် ကမ်ဖန်ဖတ်လမ်း၊ ဖဟွန်ယိုထင်လမ်း (Phahon Yothin) နှင့် လက်ဖရောင်လမ်း (Lat Phrao) များကို ဖြတ်သန်းကာ ရာချာဒါဖီဆက်လမ်း (Ratchadaphisek Road) အတိုင်း တောင်ဘက်သို့ ကွေ့၍ Queen Sirikit National Convention Centre ဘူတာသို့ ရောက်ရှိသည်။ ထို့နောက် ရာမ ၄ လမ်းမကြီးအတိုင်း အနောက်ဘက်သို့ ကွေ့သည်။
ဟွာလမ်ဖုန်ဘူတာကို ဖြတ်သန်းပြီး တရုတ်တန်းကို ဖြတ်ကျော်ကာ ကျောက်ဖယားမြစ်အောက်မှ ဖြတ်၍ ကုန်းပေါ်မြှင့်တင်ထားသော ရထားသံလမ်းပေါ်သို့ ပြန်တက်ကာ ထားဖရာဘူတာ၏ အောက်ပိုင်းပလက်ဖောင်းသို့ ရောက်ရှိသည်။ ဤလိုင်းသည် ဖက်ကဆမ်လမ်းအတိုင်း အနောက်ဘက်သို့ ဆက်လက်ပြေးဆွဲပြီး လက်ဆောင်းဘူတာသို့ ရောက်ရှိသည်။ ဤသို့ဖြင့် ဘန်ကောက်မြို့ပတ်လည်တွင် ခပ်ဆင်ဆင် စက်ဝိုင်းပုံစံ လမ်းကြောင်းတစ်ခုကို ဖြစ်ပေါ်စေပါသည်။
ဘူတာများ
[ပြင်ဆင်ရန်]| ကုဒ်နံပါတ် | ဘူတာနာမည် | ပုံ | ဖွင့်လှစ်နှစ် | ပလက်ဖောင်အမျိုးအစား | နေရာ | ကားပါကင်
& Ride |
ရထားပြောင်းစီးခြင်း | မှတ်ချက် | ||
|---|---|---|---|---|---|---|---|---|---|---|
| မြန်မာ | အင်္ဂလိပ် | ထိုင်း | ||||||||
| BL01
(အပေါ်ထပ် Platform 3&4) |
ထားဖရာ | Tha Phra | ท่าพระ | ၂၃ ဒီဇင်ဘာ ၂၀၁၉ | ကျွန်းအမျိုးအစား | ကုန်းပေါ်ရထားလမ်း | - | ရထားလိုင်းပြောင်းစီးခြင်း • MRT (ဟွာလမ်ဖုန်ဘူတာနှင့် လက်ဆောင်ဘူတာဘက်သို့ ပြောင်းစီးနိုင်သည်) • MRL (အနာဂတ်) |
အထင်ကရနေရာများ - ထားဖရာဝတ်ကျောင်း | |
| BL02 | ဂျာရန်း ၁၃ | Charan 13 | จรัญฯ 13 | ဘေးနှစ်ဖက်ဘူတာ | - | အထင်ကရနေရာများ - : • HomePro Charansanitwong • Siam Technology College | ||||
| BL03 | ဖိုင်ချိုင် | Fai Chai | ไฟฉาย | ဘေးနှစ်ဖက်ဘူတာ | - | |||||
| BL04 | ဘန်ခွန်းနွန်း | Bang Khun Non | บางขุนนนท์ | ဘေးနှစ်ဖက်ဘူတာ | - | ရထားလိုင်းပြောင်းစီးခြင်း • MRT လိမ္မော်ရောင်လိုင်း (တည်ဆောက်ဆဲ) • SRT အနီရောင်လိုင်း(အနာဂတ်) |
အထင်ကရနေရာများ - : • Makro Charansanitwong • MWA Bangkok Noi ရုံး • Suwannaram School • Suwannaram Temple • Si Sudaram Temple | |||
| BL05 | ဘန်ယီခန်း | Bang Yi Khan | บางยี่ขัน | ဘေးနှစ်ဖက်ဘူတာ | - | အထင်ကရနေရာများ - : • Indie Market Pin Klao • Pata ကုန်တိုက် | ||||
| BL06 | စီရင်ထွန်း | Sirindhorn | สิรินธร | ၄ ဒီဇင်ဘာ ၂၀၁၉ | ဘေးနှစ်ဖက်ဘူတာ | - | ||||
| BL07 | ဘန်ဖလတ် | Bang Phlat | บางพลัด | ဘေးနှစ်ဖက်ဘူတာ | - | အထင်ကရနေရာများ -
ဘန်ဖတ်မြို့နယ်အုပ်ချုပ်ရေးရုံး | ||||
| BL08 | ဘန်အော် | Bang O | บางอ้อ | ဘေးနှစ်ဖက်ဘူတာ | - | အထင်ကရနေရာများ - Yanhee ဆေးရုံ | ||||
| BL09 | ဘန်ဖို | Bang Pho | บางโพ | ဘေးနှစ်ဖက်ဘူတာ | - | ပြောင်းစီးနိုင်ခြင်း
ဘန်ဖိုသမ္ဗာန်ဆိပ်: |
အထင်ကရနေရာများ - : • Quartermaster School • Gateway At Bangsue | |||
| BL10 | တာပွန် | Tao Poon | เตาปูน | ၁၁ ဩဂုတ် ၂၀၁၇ | ဘေးနှစ်ဖက်ဘူတာ | - | ရထားလိုင်းပြောင်းစီးခြင်း MRT ခရမ်းရောင်လိုင်း | အထင်ကရနေရာများ - : • တာပွန်ဈေး • Lotus's Prachachuen ကုန်တိုက် | ||
| BL11 | ဘန်စိုး | Bang Sue | บางซื่อ | ၃ ဇူလိုင် ၂၀၀၄ | ဘေးနှစ်ဖက်ဘူတာ | မြေ
အောက် ရထား လမ်း |
- | ရထားလိုင်းပြောင်းစီးခြင်း
ကရုန်ထေ့ပ်အဖီဝတ်ဘူတာကြီး |
အထင်ကရနေရာများ - :
| |
| BL12 | ကမ်ဖဲန်ဖက် | Kamphaeng Phet | กำแพงเพชร | ကျွန်းအမျိုးအစား | √ | အထင်ကရနေရာများ - : • Or Tor Kor Market • Red Building • • Mixt Chatuchak • J.J Mall | ||||
| BL13 | ဆွန်ကျသူကျက် | Chatuchak Park | สวนจตุจักร | ကျွန်းအမျိုးအစား | - | ရထားပြောင်းစီးခြင်း
BTS ဆူခုမ်ဝစ်လိုင်း၏ မောချစ်ဘူတာ |
အထင်ကရနေရာများ - : • Chatuchak Weekend Market • Mixt Chatuchak • J.J Mall • Chatuchak Park • Children's Discovery Museum • Queen Sirikit Park • Rot Fai Park • Civil Aviation Training Centre • Department of Land Transport | |||
| BL14 | ဖဟွန်ယိုထင် | Phahon Yothin | พหลโยธิน | ကျွန်းအမျိုးအစား | - | ရထားလိုင်းပြောင်းစီးခြင်း
BTS ဆူခုမ်ဝစ်လိုင်း၏ ဟာယက်လက်ဖရောင်ဘူတာ |
အထင်ကရနေရာများ - : • Central Ladphrao & Centara Grand at Central Ladphrao Hotel • Union Mall | |||
| BL15 | လက်ဖရောင် | Lat Phrao | ลาดพร้าว | ကျွန်းအမျိုးအစား | √ | ရထားလိုင်းပြောင်းစီးခြင်း
MRT အဝါရောင်လိုင်း |
||||
| BL16 | ရာချာဒါဖီဆက် | Ratchadaphisek | รัชดาภิเษก | ကျွန်းအမျိုးအစား | √ | |||||
| BL17 | ဆုထီစန် | Sutthisan | สุทธิสาร | ကျွန်းအမျိုးအစား | - | အထင်ကရနေရာများ - : • Sutthisan Police Station • Muang Thai Life Assurance Head Office | ||||
| BL18 | ဟွေခွါန် | Huai Khwang | ห้วยขวาง | ကျွန်းအမျိုးအစား | √ | |||||
| BL19 | ဆွန်ဝတ်ဌနာထမ် | Thailand Cultural Centre | ศูนย์วัฒนธรรมแห่งประเทศไทย | ကျွန်းအမျိုးအစား | √ | ရထားလိုင်းပြောင်းစီးခြင်း
MRT လိမ္မော်ရောင်လိုင်း (ဆောက်လုပ်ဆဲ) |
အထင်ကရနေရာများ - : • The Esplanade Ratchada • The One Ratchada Market • AIA Capital Centre • Stock Exchange of Thailand • Embassy of The People's Republic of China • Thailand Cultural Centre • China Cultural Centre • Ministry of Culture • Thai Life Insurance Head Office • Big C Place Ratchada • The Street Ratchada • CW Tower • RS Tower | |||
| BL20 | ဖရားရာမ် ၉ | Phra Ram 9 | พระราม 9 | ကျွန်းအမျိုးအစား | √ | အထင်ကရနေရာများ - : • Central Rama 9 • G Tower • Fortune Town • Jodd Fairs Rama 9 • Uniliver House | ||||
| BL21 | ဖက်ချဘူရီ | Phetchaburi | เพชรบุรี | ကျွန်းအမျိုးအစား | √ | ရထားလိုင်းပြောင်းစီးခြင်း
MRL (အနာဂတ်) and • |
အထင်ကရနေရာများ - : • Singha Complex ရုံးတာဝါ • Don Bosco နည်းပညာကျောင်း • Saint Dominic ကျောင်း • သီရိနဂရိန္ဒြဝိရောဓ တက္ကသိုလ် | |||
| BL22 | ဆူခုမ်ဝစ် | Sukhumvit | สุขุมวิท | ကျွန်းအမျိုးအစား | √ | ရထးပြောင်းစီးခြင်း
BTS ဆူခုမ်ဝစ်လိုင်း၏ အဆော့ဘူတာ |
အထင်ကရနေရာများ - : • Terminal 21ည ကုန်တိုက် • Interchange 21 တိုက် • Soi Cowboy လမ်းဈေး • Exchange Tower တိုက် | |||
| BL23 | ဆွန်သီရိခေတ် | Queen Sirikit National Convention Centre | ศูนย์การประชุมแห่งชาติสิริกิติ์ | ကျွန်းအမျိုးအစား | √ | အထင်ကရနေရာများ - : • Queen Sirikit National Convention Centre • Benjakitti ပန်းခြံ • ThaiBev ဌာနချုပ်ရုံး • Khlong Toei Witthaya School • The Parq • FYI Centre • ခလောင်းသွယ်ဈေးကြီး | ||||
| BL24 | ခလောင်းသွယ် | Khlong Toei | คลองเตย | ဘေးနှစ်ဖက်ဘူတာ | - | အထင်ကရနေရာများ - : • MEA Khlong Toei Head Office • MedPark Hospital • Tobacco Authority of Thailand • Benjakitti Park ဆေးရုံး • Plai Nern Palace | ||||
| BL25 | လုမ္ဗီနီ | Lumphini | ลุมพินี | အထပ်ပေါင်းဘူတာ | - | ရထားလိုင်းပြောင်းစီးခြင်း
MRL (အနာဂတ်) |
အထင်ကရနေရာများ - : • One Bangkok ကုန်တိုက် • လုမ္ဖီနီပန်းခြံ ဂိတ် ၂ • Q House Lumphini • ဂျာမနီသံရုံး • ဂျပန်သံရုံး • ဩစတေးလျသံရုံး • Goethe-Institut Thailand | |||
| BL26 | စီလုမ် | Si Lom | สีลม | အထပ်ပေါင်းဘူတာ | - | Connecting station to Sala Daeng for BTS via a 180-metre elevated pedestrian walkway. | အထင်ကရနေရာများ - : • Lumphini Park Gate 4 • Dusit Central Park • Silom Edge • Chulalongkorn Hospital • Silom Complex • Thaniya Shopping Centre • Patpong Night Market This station has the longest escalator in Southeast Asia Region at 43-metre.[၂] | |||
| BL27 | ဆမ်းယန်း | Sam Yan | สามย่าน | အထပ်ပေါင်းဘူတာ | √ | အထင်ကရနေရာများ - : • Chamchuri Square • Samyan Mitrtown • Hua Lamphong Temple • Chulalongkorn University | ||||
| BL28 | ဟွာလမ်ဖုန် | Hua Lamphong | หัวลำโพง | ကျွန်းအမျိုးအစား | - | Connecting station with Bangkok for • SRT (future) • SRT Northern Line • SRT Northeastern Line • SRT Eastern Line • SRT Southern Line |
အထင်ကရနေရာများ - : • Khlong Phadung Krung Kasem • Traimit Withayaram Temple • The Chinatown Gate • Yaowarat Road | |||
| BL29 | ဝတ်မန်ကွန် | Wat Mangkon | วัดมังกร | ၂၉ ဇူလိုင် ၂၀၁၉ | အထပ်ပေါင်းဘူတာ | - | အထင်ကရနေရာများ - : • Mangkon Kamalawat Temple • Chinatown • Suea Pa Plaza • Kanma Tuyaram Temple | |||
| BL30 | ဆမ်းယော့ | Sam Yot | สามยอด | အထပ်ပေါင်းဘူတာ | - | Interchange station with MRT (under construction) | အထင်ကရနေရာများ - : • Giant Swing (including Wat Suthat and Wat Dev Mandir) • Khlong Ong Ang • Mega Plaza Saphan Lek • Phahurat • Rommaninat Park • The Old Siam Plaza | |||
| BL31 | ဆနမ်ချိုင် | Sanam Chai | สนามไชย | ကျွန်းအမျိုးအစား | - | Connecting station with Rajinee Pier for • Mine Smart Ferry • CHAOPHRAYA EXPRESS |
အထင်ကရနေရာများ - : • Museum Siam • Wat Rajabopit School • Rajinee School • Pak Khlong Talat • Wat Pho • The Grand Palace • Wat Phra Kaew • Tha Tian Market • Silpakorn University | |||
| BL32 | အစ်စရာဖပ် | Itsaraphap | อิสรภาพ | ကျွန်းအမျိုးအစား | - | အထင်ကရနေရာများ - : • Wat Ratchasihatharam School • Ratchasihatharam Temple • Mai Phiren Temple | ||||
| BL01 | ထားဖရာ
(Platform 1&2) |
Tha Phra | ท่าพระ | ဘေးနှစ်ဖက်ဘူတာ | Elevated | - | Interchange station to • MRT (for Tao Poon and Chatuchak Park) • MRL (future) |
အထင်ကရနေရာများ - Tha Phra Temple | ||
| BL33 | ဘန်ဖိုင် | Bang Phai | บางไผ่ | ၂၄ ဩဂုတ် ၂၀၁၉ | ဘေးနှစ်ဖက်ဘူတာ | - | အထင်ကရနေရာများ - : • Wat Nuannoradit School • Nuannoradit Temple • Phaya Thai 3 Hospital | |||
| BL34 | ဘန်ဝါး | Bang Wa | บางหว้า | ဘေးနှစ်ဖက်ဘူတာ | - | Connecting station to BTS and Bang Wa Pier for Khlong Phasi Charoen Boat Service via a 200-metre elevated pedestrian walkway. | အထင်ကရနေရာများ - ဆယမ်တက္ကသိုလ် | |||
| BL35 | ဖက်ကဆမ် ၄၈ | Phetkasem 48 | เพชรเกษม 48 | ၂၁ စက်တင်ဘာ ၂၀၁၉ | ဘေးနှစ်ဖက်ဘူတာ | - | အထင်ကရနေရာများ -
| |||
| BL36 | ဖာစီကျရင် | Phasi Charoen | ภาษีเจริญ | ဘေးနှစ်ဖက်ဘူတာ | - | အထင်ကရနေရာများ - Seacon Bangkhae | ||||
| BL37 | ဘန်ခဲ | Bang Khae | บางแค | ဘေးနှစ်ဖက်ဘူတာ | - | အထင်ကရနေရာများ - : • Bang Khae Market • Wonder Department Store • Wat Nimmanoradee School • Nimmanoradee Temple • Lotus's Bang Khae • Ban Bang Khae Social Welfare Development • Rajavinit Prathom Bangkhae School | ||||
| BL38 | လက်ဆောင်း | Lak Song | หลักสอง | ဘေးနှစ်ဖက်ဘူတာ | √ | အထင်ကရနေရာများ - The Mall Lifestore Bangkhae | ||||
ဆက်စပ် ဖတ်ရှုရန်
[ပြင်ဆင်ရန်]မှတ်စု
[ပြင်ဆင်ရန်]- ↑ အပြာရောင်လိုင်းကို ထိုင်းလို "ရော့ဖိုင်-သိုင်ဒင်"/ "ရော့ဖိုင်-စိုင်စီငွန်" လို့ ခေါ်ပါသည်။ တရားဝင်နာမည် အားဖြင့် รถไฟฟ้ามหานคร สายเฉลิมรัชมงคล - ရော့ဖိုင်ဖာ မဟာနခွန် စိုင်ချာလောမ်ရာချာမောင်ကွန် လို့ သတ်မှတ်ပါသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Siripanjana၊ Maneerat။ วันนี้ที่รอคอย! ลงนามร่วมทุน "สายสีส้ม" เร่งเปิดเดินรถปลายปี 70 ของขวัญปีใหม่ประชาชน (in th)။ 2024-07-18 တွင် ပြန်စစ်ပြီး။
- ↑ Thailand၊ Render (2016-02-27)။ MRT ที่สร้างยากสุด ลึกสุด และบันไดเลื่อนยาวสุด..? (in th)။ 2024-09-04 တွင် ပြန်စစ်ပြီး။