အပ်ချည်
အိမ်တိုင်းတွင် မရှိမဖြစ်သော အိမ်ရှင်မသုံး ပစ္စည်းတစ်မျိုးသည် အပ်ချည်ဖြစ်သည်။ ယင်းသည် အဝတ် အစား ချုပ်ရာ၌လည်းကောင်း၊ အစုတ်အပြတ်ဖာထေးရာ၌လည်း ကောင်း မရှိလျှင်မဖြစ်သောပစ္စည်းဖြစ်သဖြင့် အိမ်သူတို့လက်သုံး ဖြစ်ရုံမက အဝတ်အထည်ချုပ်သော လုပ်ငန်းများတွင်လည်း အလွန်အရေးပါ အရာရောက်လှပေသည်။
အပ်ချည်ပင် တစ်ပင်ရရန်အတွက် ချည်မျှင်ငယ်ကလေး
များကို လိမ်ကျစ်ရလေသည်။ ထိုချည်ပင် ငယ်လေးများသည်
အပ်ချည်ကြိုး၏ အစိတ်အပိုင်းဖြစ်ပြီးလျှင် ဒဒလွန်းတင်ချည်ဒဒဟု
ခေါ်လေသည်။ လွန်းတင်ချည်ပင်ငယ်ကလေးများကို တစ်ဖန်
အပ်ချည်ကြိုးအနေရရန် ထပ်မံစု၍ လိမ်ကျစ်ရပြန်လေသည်။
လွန်းတင်ချည်ပင်ငယ်များကို လိမ်ကျစ်ရာ၌ ညာဘက်သို့စု၍
လိမ်ထားသောအပ်ချည်ကြိုးကို ညာလိမ်ဟုခေါ်၍ ဘယ်ဘက်သို့
စုလိမ်ထားသောကြိုးမျိုးကို ဘယ်လိမ်ဟုခေါ်လေသည်။ လက်
ချုပ်ချုပ်ရာတွင် အပ်ချည်ကြိုး၌ဘယ်လိမ်ညာလိမ်ဟူ၍ရှိကြောင်း
ပိုမိုသိသာလေသည်။ ရှေ့ဘက်မှ ချုပ်နေသူ၏ဘက်သို့ နောက်
ပြန်ချုပ်လျှင် ဘယ်လိမ်ချည်ကို အသုံးပြုသင့်၍ ချုပ်နေသူ၏
ဘက်မှ ရှေ့ဘက်သို့ ရှေ့ချုပ်ချုပ်လျှင် ညာလိမ်ချည်ဖြင့် ချုပ်
သင့်သည်။ သို့မဟုတ်လျှင် ချည်ပင်များ တွန့်လိမ်သွားတတ်
လေသည်။
အချို့ချည်ကြိုးများသည် ချည်စာတင်ထားပြီး အနည်း ငယ်
တောင့်တောင့်ကလေးရှိ၍ အမာစားဟုခေါ်ပြီးလျှင် ခပ်ကြမ်း
ကြမ်း အဝတ်အထည်များ ချုပ်ရာ၌သုံးလေသည်။ ချည်စာ
မတင်ဘဲ လွန်းတင်ချည်ပင်အနည်းငယ်နှင့်သာ လိမ်ကျစ်ထား
သော အပ်ချည်ကြိုးများကို ပျော့ပျော့ပျောင်းပျောင်းရှိ၍ ပါးလွှာ
နုနယ်သော အဝတ်အထည်များ ချုပ်ရာ၌သုံးသည်။
တစ်ဆယ့်ရှစ်ရာစုနှစ် အကုန်လောက်တွင် စက်ဖြင့်
ဝါချည်မျှင်များမှ အပ်ချည်ကြိုးများကို စတင်၍ အောင်မြင်စွာ
ပြုလုပ်ကြလေသည်။ အပ်ချည်ကြိုးအကောင်းစားများမှာ အီဂျစ်
နိုင်ငံမှ ဝါဂွမ်းဖြင့်ပြုလုပ်ရသည်။ ထိုဝါဂွမ်းများမှ ချည်မျှင်
ရှည်ရှည်ရနိုင်၏။ ချည်မျှင်များမှာ အလွန်သေးငယ်လှသဖြင့်
ချည်ပင်တစ်ပင်ဖြစ်ရန် ချည်မျှင်ပေါင်းများစွာကို လိမ်ကျစ်ရလေ
သည်။ အင်္ဂလန်နိုင်ငံမှ မန်ချက်စတာမြို့နှင့် စကော့တလန်
ပြည်မှ ပေ့စလီမြို့တို့သည် အပ်ချည်ကြိုးလုပ်ငန်း၏ အချက်
အခြာဒေသများဖြစ်လေသည်။ ထိုမြို့များရှိ အပ်ချည်ကြိုး စက်ရုံ
ကြီးများ၌ ထောင်ပေါင်းများစွာသော လုပ်သားများ လုပ်ကိုင်
လျက်ရှိကြလေသည်။ လင်နင်ချည်မျှင်မှ အပ်ချည်ကြိုးများ
ကိုကား အိုင်ယာလန်ပြည် မြောက်ပိုင်းတွင် များသောအားဖြင့်
လုပ်ကိုင်ကြလေသည်။ ပိုးချည် သိုးမွေးချည်၊ လျှော်ချည်၊
နိုင်လွန်ချည် စသည်တို့ဖြင့်လည်း အပ်ချည်လုပ်ကြသေးသည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၅ဝ ခန့်က ယခုကဲ့သို့
အပ်ချည်လုံးမျိုးမသုံးကြသေးချေ။ ထိုခေတ်ကမူ အခင်လိုက်သာ
ရောင်းချကြသည်။ ချည်ပင်များသည်လည်း လင်နင်ခေါ်ချည်မျှင်
များဖြင့် ပြုလုပ်ထားသော ချည်ပင်များဖြစ်သည်။ အပ်ချည်ကြိုး
များကို ယခုအခါ သစ်သားဘီးလုံးကလေးများ၌လည်းကောင်း၊
ဂျပ်စက္ကူအထူဖြင့်ပြုလုပ်သော စက္ကူအူတိုင်များ၌လည်းကောင်း
ရစ်ပတ်၍ရောင်းချကြလေသည်။ သစ်သား ရစ်လုံးကလေးများ
ကို အပ်ချည်ကြိုးစက်ရုံအတွင်း၌ပင် ပြုလုပ်ကြလေသည်။
ရှေးဦးစွာ သစ်သားချောင်းများကို လက်မအနည်းငယ်ခန့်ရှည်
သော သစ်သားတုံးကလေးများဖြစ်အောင် ခွဲစိတ်ဖြတ်တောက်၍
စက်ဖြင့်ပွတ်ခံသည့် အူတိုင်ပေါက်များ ဖောက်ပေးရလေသည်။
ယင်းသို့အူတိုင်ပေါက် ပြုလုပ်ပေးရခြင်းမှာ အပ်ချည်လုံးကို
အပ်ချုပ်စက်တွင် တပ်ဆင်နိုင်ရန်ဖြစ်လေသည်။ ထို့နောက်
အပ်ချည်ရစ် သွင်းရမည့်နေရာများကို စက်ဖြင့်ရစ်၍ ထွင်းပေး
လေရာ ရစ်လုံးကလေးဖြစ်လာလေသည်။
ရစ်လုံးကလေးများ ပြုလုပ်ပြီးစီးသောအခါ ချည်ပင်ရစ်
သောစက်ရှိ ဝင်ရိုးပေါ်တွင် ရစ်လုံးကလေးများကို အူတိုင်ပေါက်
မှစွပ်ကာ စက်ဖြင့်လည်စေ၍ အပ်ချည်များကိုရစ်သွင်းပေးလေ
သည်။ ချည်ပင်များ ညီညီညာညာ ရစ်ပတ်မိစေရန်လည်း
စက်တွင်တပ်ဆင်ထားသော ကိရိယာကလေးတစ်ခုက လိုက်၍
ည|ိပေးလေသည်။ အူတိုင်တွင် ချည်ပင်အပြည့်ရစ်မိသောအခါ
လက်ကဲ့သို့သော သတ္တုချောင်းကလေးတစ်ခုက ချည်စကိုဖမ်းဆွဲ
ထားလိုက်၍ စက်တွင်ရှိသောဓားကလေးက အူတိုင်ဘီးနှုတ်ခမ်း
တွင် ဓားရာပေးလိုက်လေသည်။ ထိုဓားရာကလေးထဲသို့ ပထမ
သတ္တုလက်ချောင်းကလေးက ချည်မျှင်ကိုဆွဲတင်ပေးလိုက်၍
ဒုတိယသတ္တုလက်ချောင်းကလေးက ချည်မျှင်ကိုဆွဲည|ပ်ချလိုက်
သည်။ ထို့နောက် ချည်မျှင်ကိုဖြတ်၍ အပ်ချည်လုံးကိုထုတ်ယူ
ပြီးလျှင် နောက်ရစ်လုံးအလွတ်များကို အပ်ချည်ရစ်ထည့်ပြန်လေ
သည်။
တစ်ခါတစ်ရံတွင်ကား အပ်ချည်ကြိုးများကို သစ်သား
လုံးများနှင့်မရစ်ဘဲ ကပ်ထူစက္ကူဖြင့်ပြုလုပ်ထားသော အူတိုင်
များတွင် ရစ်ကြလေသည်။ အပ်ချည်ကြိုးများသည် အပျော့စား၊
အမာစားအပြင် ချည်လုံးအကြီးအသေး အစားစားရှိလေရာ
နံပါတ်အမှတ်ခြင့် ခွဲခြားထားလေသည်။ နံပါတ်အမှတ်သေးလျှင်
ချည်လုံးကြီး၍ နံပါတ်အမှတ်ကြီးလျှင် ချည်လုံးသေးလေရာ
ချုပ်ရာတွင် အထည်အကြမ်းအနုကိုလိုက်၍ အပ်ချည်အမျိုး
အစားကို ခွဲခြားအသုံးပြုကြရလေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)