အပင်အမျိုးအစားများ

ဝီကီပီးဒီးယား မှ

ဂရိ အတွေးအခေါ် ပညာရှင် (Aristotle) အရစ္စတိုတယ်က သက်ရှိများကို အပင်များနှင့် တိရစ္ဆာန်များ ဟူ နှစ်မျိုး ခွဲခြားခဲ့ပါတယ်။ တိရစ္ဆာန်များက ရွေ့လျားနိုင်သော သက်ရှိများဖြစ်ပြီး အပင်များကတော့ မရွေ့ရှားနိုင်သော သက်ရှိများ ဟု သတ်မှတ်ခဲ့ပါတယ်။ အပင်များကို သစ်ပင် ၊ ချုံပုတ် ၊ နွယ်ပင် ဆေးဘက်ဝင်အပင်များနှင့် ကပ်ပါးပင်များ ဆိုပြီး အမျိုးအစား သတ်မှတ် ခွဲခြားထားပါတယ်။ အပင်များ အမျိုးအစား မတူညီကြသလို သူတို့ရဲ့ သဘာဝလက္ခဏာတွေကလည်း ကွဲပြားခြားနားပါတယ်။

ကြီးထွားဖြစ်စဉ်နဲ့ ထူးခြားတဲ့ ဝိသေသများအပေါ် အခြေခံပြီးတော့ အပင်များကို တစ်နှစ်ပတ်လုံး ပန်းပွင့်သော အပင်များ ၊ ၆ လ ပန်းပွင့်သော အပင်များ ၊ရာသီအလိုက် ပွင့်သော ပန်းပင်များ ဆိုပြိီး ထပ်မံ ခွဲခြား ထားပါ သေးတယ်။

shrub ဆိုတာ ချုံပုတ်လို အပင်မျိုးပဲ ဖြစ်ပြီး သစ်ပင် အမျိုးအစားအဖြစ် သတ်မှတ်ထားပါတယ်။ အပင် ဖြစ်ပြီး သစ်ပင်ကြီးနဲ့ မတူဘဲ ကွဲပြားပါတယ်။ ၅ မီတာမှ ၆ မီတာအထိ မြင့်ပြီး နှင်းဆီ ၊ လာဗင်ဒါ စသည်တို့ဟာ shrub အပင်အမျိုးအစားများ ဖြစ်ကြပါတယ်။ shrub အပင်မျိုးကို အမြဲစိမ်း shrub နှင့် ပန်းပွင့်သော shrub ဆိုပြီး အမျိုးအစား ထပ်မံခွဲခြားပြန်ပါတယ်။

ဥယျာဉ် ၊ ခြံ အတွင်းမှာ စိုက်ပျိုးကြတဲ့ shrub ပင်များဟာ အရွက်များ ကျယ်ပြန့်အုပ်ဆိုင်းတဲ့အပင်များ ၊ ထင်းရူးပင်ပု အပင်များ ဖြစ်ကြပြီး ဥပမာအားဖြင့်ပြောရရင် Common Juniper နဲ့ Mountain Pine တို့ဖြစ်ကြပါတယ်။ shrub ပင်များဟာ အမြဲစိမ်းပင်များ ဖြစ်နိုင်သလို အရွက်ကြွေ အပင်များလည်း ဖြစ်နိုင်ပါတယ်။ greenhouse မှာ စိုက်ပျိုး ရှင်သန်နိုင်တဲ့ shrubပင်များ အများအပြားရှိပါတယ်။

shrub အမျိုးအစားတွေထဲမှာ ပန်းပွင့်သော shrub လည်းပါဝင်ပါတယ်။ ပန်းပွင့်သော shrub ပင်များရဲ့ တောက်ပသော အရောင်ရှိတဲ့ အရွက်နဲ့ ပန်းပွင့်များက ငှက်များ ၊ ပျား ၊ ပိတုန်းများ နဲ့ လိပ်ပြာ များကို ဆွဲဆောင်ပါတယ်။ ပန်းပွင့်သော shrub များဟာ များသောအားဖြင့် အရွက်ကြွေ အပင်များ ဖြစ်ကြပြီး ရာသီအကုန်မှာ အရွက်ကြွေကြပါတယ်။ ပန်းပွင့်တဲ့ shrub များကို များသောအားဖြင့် ပန်းအိုးထဲမှာ ထည့်စိုက်ပျိုးလို့ရပါတယ်။ တစ်နှစ်မှာ တစ်ခါ အကိုင်းခုတ်ပေးခြင်းအားဖြင့် ပင်စည်ကြီးထွားစေဖို့ ပြုလုပ်ပေးနိုင်ပါတယ်။ အကိုင်းဖြတ်ပေးခြင်းဟာ အပင်ကို ကြီးထွားမြန်စေဖို့ အထောက်အကူ ပြုသလို အဖူးများ ထပ်မံထွက်ရှိပြီး ပန်းများ ပိုမို ပွင့်စေပါတယ်။ ပန်းပွင့်များရဲ့ မွှေးရန့ံ နဲ့ ဝတ်ရည်တို့ကြောင့် ဥယျာဉ်ခြံဝင်းအတွင်းမှာအရောင်အသွေး စုံလင်လှသော လိပ်ပြာများ ပျံဝဲနေခြင်းဟာ ပန်းပွင့်သော shrub များ၏ ကျေးဇူးပင်ဖြစ် ပါတယ်။

အမြဲစိမ်း shrub ပင်များဆိုတာ တစ်နှစ်ပတ်လုံး အရွက်စိမ်းများဖြင့် လှပဝေဆာနေသော ပင်များပင်ဖြစ်ပါတယ်။ အမြဲစိမ်း shrub များကို မိမိရဲ့ ခြံဝင်းအတွင်းမှာ စိုက်ပျိုးတော့မယ်ဆိုလျှင် မြေဆီလွှာနဲ့ တည်နေရာကိုသေချာ ဂရုတစိုက်ရွေးချယ်ဖို့ လိုအပ်ပါတယ်။ အပင်များကြီးထွားလာတာနှင့်အမျှ အရိပ် ကောင်းလာပြီးနောက် တစ်ပင်နဲ့တစ်ပင် ကြပ်ညပ်နေပြီး ဥယျာဉ်ခြံဝင်းအတွင်း မလှမပ ရှိနေတတ်တာမျိုး မဖြစ်ရလေအောင် shrub ပင် နှစ်ပင်ကြား အကွာအဝေးကို သေချာ တွက်ချက်ပြီးမှ စိုက်ပျိုး သင့်ပါတယ်။ အပင်ရဲ ့ကြီးထွားမှုအတွက် မြေဆီလွှာ ၊ မြေဩဇာကိုလည်း သေချာ စစ်ဆေး သင့်ပါတယ်။ အမြဲစိမ်း shrub များဟာ မိမိ၏ ဥယျာဉ်ခြံကို တစ်နှစ်ပတ်လုံး လှပစိမ်းစိုနေစေမှာ ဖြစ်ပါတယ်။

ဘွန်ဆိုင်းပင်များရဲ့ မူလဇာတိနေရာကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။ ဘွန်ဆိုင်းဆိုတာကြီးထွားမှုကို အနုပညာမြောက်စွာ လက်ရာဖော်ကာ သေးငယ်စေထားခြင်း ဖြစ်ပါတယ်။ ဘွန်ဆိုင်းပင်များကို ပန်းအိုးငယ်များ ၊ လင်ပန်းပုံ ပန်းအိုးများမှာ စိုက်ပျိုးကြပါတယ်။ တရုတ်နိုင်ငံမှာတော့ ဘွန်ဆိုင်းပင်များကို ဒဏ္ဍာရီထဲက တိရစ္ဆာန်အကောင်များပုံများ ရရှိအောင် အနုပညာလက်ရာမြောက်စွာ ပြုပြင်စိုက်ပျိုးကြပါတယ်။ ဘွန်ဆိုင်းပင်ဟာ အမြဲစိမ်း shrub ပင်ဖြစ်ပါတယ်။

အမြဲစိမ်း shrub နှင့် ပန်းပွင့်သော shrubပင်များကို အိမ်တွင်း ဥယျာဉ် အဖြစ်လည်း စိုက်ပျိုးထားရှိနိုင်ပါတယ်။ နေအိမ်ခန်းအတွင်းမှာ အေးချမ်း ကြည်လင်သော စိတ်ကိုဖြစ်ပေါ်စေပြီး မျက်စိကိုကြည်လင်စေနိုင်ပါတယ်။

ဆေးဘက်ဝင်သော အပင်အများစုဟာလည်း shrub ပင်များဖြစ်တဲ့အတွက်shrub ပင်များဟာ အပင်များထဲတွင် အရေးပါသော အခန်း ကဏ္ဍ ကနေ ပါဝင်နေပါတော့တယ်။

ကိုးကား[ပြင်ဆင်ရန်]