အာနာ ဖရန့်၏ အိမ်

ဝီကီပီးဒီးယား မှ
The Anne Frank HouseAnne Frank House
၂၀၁၅ တွင် တူးမြောင်းအိမ်နှင့် ပြတိုက်အဝင်ဝကို တွေ့ရစဉ်
အာနာ ဖရန့်၏ အိမ် သည် အမ်စတာဒမ်မြို့ တွင် တည်ရှိသည်
အာနာ ဖရန့်၏ အိမ်
အမ်စတာဒမ်မြို့လယ်ရှိ နေရာ
တည်ထောင်ခြင်း၃ မေ ၁၉၆၀ (၁၉၆၀-၀၅-၀၃)
တည်နေရာနယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့၊
ပရင်ဆန်ဂရာ့ချ်တ် 263-265[၁]
ကိုဩဒိနိတ်52°22′31″N 4°53′02″E / 52.3753°N 4.884°E / 52.3753; 4.884ကိုဩဒိနိတ်: 52°22′31″N 4°53′02″E / 52.3753°N 4.884°E / 52.3753; 4.884
အမျိုးအစားအတ္ထုပ္ပတ္တိပြတိုက်
သမိုင်းဝင်အိမ်ပြတိုက်
လည်ပတ်သူများ၁.၃ သန်း (၂၀၁၆)[၂]
တည်ထောင်သူအော်တို ဖရန့်[၃]
ညွှန်ကြားရေးမှူးRonald Leopold[၄]
ဥက္ကဋ္ဌWim Kok[၄]
Public transit accessWestermarkt[၁]
Trams lines: 13, 14, 17[၁]
Bus lines: 170, 172, 174[၁]
ဝက်ဘ်ဆိုဒ်annefrank.org

အာနာ ဖရန့်၏ အိမ် (ဒတ်ချ်: Anne Frank Huis; အင်္ဂလိပ်: The Anne Frank House) သည် ဂျူးသွေးပါသော စစ်အတွင်း နေ့စဉ်မှတ်တမ်းရေးသူ အာနာ ဖရန့်၏ အိမ်တစ်လုံးဖြစ်သည့်အပြင် သူမကို ရည်ရွယ်ဂုဏ်ပြုထားသော အတ္ထုပ္ပတ္တိ ပြတိုက်တစ်ခုလည်းဖြစ်သည်။ ဤအဆောက်အဦသည် နယ်သာလန်နိုင်ငံအမ်စတာဒမ်မြို့လယ်ရှိ ဝက်စတာ ဘုရားရှိခိုးကျောင်းတော်အနီး ပရင်ဆန်ဂရာ့ချ်တ် (Prinsengracht) ဟုခါ်သော တူးမြောင်းဘေးတွင် တည်ရှိ၏ ။

ဒုတိယကမ္ဘာစစ်အတွင်း အာနာ ဖရန့်သည် နာဇီဂျာမန်များ၏ ဂျူးများအပေါ် နှိပ်ကွပ်ညှင်းဆဲမှုများ အန္တရာယ်မှ မိသားစုဝင်များ၊ အခြားသူလေးဦးနှင့်အတူပုန်းအောင်းခဲ့ရသည်။ ၁၇ ရာစု တူးမြောင်းအိမ်၏ နောက်ကျောဖက်ရှိ အခန်းများတွင်ဖြစ်သည်။ အဆောက်အအုံကို the Secret Annex (ဒတ်ချ်: Achterhuis) ဟုလည်း အများအာဖြင့် သိရှိကြပေသည်။ အာနာသည် အသက်မရှင်နိုင်ခဲ့သော်လည်း သူမရေးသားခဲ့သော စာများကို အမျိုးသမီးငယ်တစ်ဦး၏ နေ့စဉ်မှတ်တမ်း (The Diary of a Young Girl) အဖြစ် ၁၉၄၇ တွင် ထုတ်ဝေခဲ့ကာ ဆယ်နှစ်မျှကြာသော် အဆောက်အအုံကို ဖြိုဖျက်ချင်သော အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ ဤအဆောက်အအုံကို ကာကွယ်ရန် အာနာဖရန့် ဖောင်ဒေးရှင်း ကို တည်ထောင်ခဲ့ကြသည်။

၁၉၆၀ မေ ၃ တွင် ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့၏ ။ ပြတိုက်ထဲတွင် လျှို့ဝှက်ပုန်းခဲ့သော အခန်းကို ထိန်းသိမ်းထားရှိ ပြသထားပြီး အာနာ ဖရန့်၏ ဘဝအကြောင်းအရာများကိုလည်း ပြသထားသည့်အပြင် (ဂျူးများ)ကို နှိပ်စက်ညှင်းပမ်းခဲ့သည့် ပုံစံမျိုးစုံကိုလည်း ပြသထားသည့် အခန်းပါရှိလေသည်။ ၂၀၁၃ နှင့် ၂၀၁၄ တို့၌ ပြတိုက်ကို လာရောက်လေ့လာသူ ၁.၂ သန်းခန့်ရှိကာ နယ်သာလန်နိုင်ငံတွင် တတိယမြောက် လာရောက်မှုအများဆုံး ပြတိုက်လည်းဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Opening hours, prices, location, Anne Frank House. Retrieved 11 July 2014.
  2. Piersma၊ Jasper။ "Van Gogh Museum zit Rijks op de hielen als populairste museum" (in Dutch)၊ December 29, 2016။ 13 March 2020 တွင် ပြန်စစ်ပြီး 
  3. Saved from demolition, Anne Frank House. Retrieved 11 July 2014.
  4. ၄.၀ ၄.၁ Management Archived 23 September 2015 at the Wayback Machine., Anne Frank House. Retrieved 11 July 2014.