မာတိကာသို့ ခုန်သွားရန်

အန်ဒရီ လာဂျိုလီနာ

ဝီကီပီးဒီးယား မှ
အန်ဒရီ လာဂျိုလီနာ
Andry Rajoelina
လာဂျိုလီနာ (၂၀၂၄)
မဒါဂတ်စကားနိုင်ငံ၏ သမ္မတ
တာဝန်သက်တမ်း
၁၆ ဒီဇင်ဘာ ၂၀၂၃  ၁၄ အောက်တိုဘာ ၂၀၂၅
ဝန်ကြီးချုပ်Christian Ntsay
Ruphin Zafisambo
ယခင်လူRichard Ravalomanana (ယာယီ)
ဆက်ခံသူ
  • Jean André Ndremanjary (ယာယီ)
  • Michael Randrianirina
    (အာဏာသိမ်းစစ်ခေါင်းဆောင်)
တာဝန်သက်တမ်း
၁၉ ဇန်နဝါရီ ၂၀၁၉  ၉ စက်တင်ဘာ ၂၀၂၃
ဝန်ကြီးချုပ်Christian Ntsay
ယခင်လူRivo Rakotovao (ယာယီ)
ဆက်ခံသူChristian Ntsay (ယာယီ)
တာဝန်သက်တမ်း
၁၇ မတ် ၂၀၀၉  ၂၅ ဇန်နဝါရီ ၂၀၁၄
(ယာယီအစိုးရအဖွဲ့ခေါင်းဆောင်)
ဝန်ကြီးချုပ်
  • Monja Roindefo
  • Eugène Mangalaza
  • Cécile Manorohanta (ယာယီ)
  • Albert Camille Vital
  • Omer Beriziky
ယခင်လူHyppolite Ramaroson
(အာဏာသိမ်းစစ်ခေါင်းဆောင်)
ဆက်ခံသူHery Rajaonarimampianina
၅၁ဦးမြောက် အန်တာနာနာရီဗိုမြို့ ၏ မြို့တော်ဝန်
တာဝန်သက်တမ်း
၁၂ ဒီဇင်ဘာ ၂၀၀၇  ၃ ဖေဖော်ဝါရီ ၂၀၀၉
ယခင်လူHery Rafalimanana
ဆက်ခံသူGuy Randrianarisoa (ယာယီ)
ကိုယ်ရေး အချက်အလက်များ
မွေးဖွားAndry Nirina Rajoelina
(1974-05-30) ၃၀ မေ၊ ၁၉၇၄ (အသက် ၅၁)
မဒါဂတ်စကားနိုင်ငံ
လူမျိုးမဒါဂတ်စကားနိုင်ငံ
ပြင်သစ်နိုင်ငံ (၂၀၁၄ ခုနှစ် မှစ၍)
နိုင်ငံရေးပါတီYoung Malagasies Determined
ကြင်ဖော်Mialy Razakandisa
သားသမီး၃ ဦး
ဝက်ဘ်ဆိုဒ်Official website

အန်ဒရီ လာဂျိုလီနာ (Eng: Andry Rajoelina)(၃၀ မေ ၁၉၇၄ မွေးဖွား)သည် မဒါဂတ်စကားနိုင်ငံ၏ သမ္မတဟောင်း ဖြစ်သည်။ယင်းမတိုင်မီက သမ္မတရာထူးအပါအဝင် နိုင်ငံအကြီးအကဲခေါင်းဆောင်အဖြစ် တာဝန်များထမ်းဆောင်ခဲ့သည်။၂၀၂၅ ခုနှစ်တွင် ၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများကို ရင်ဆိုင်ခဲ့ရပြီးနောက်၊သူသည် နိုင်ငံမှ ထွက်ပြေးခဲ့ရသည်။[] နိုင်ငံရေးနယ်ပယ်သို့မဝင်မီ သူသည် ပုံနှိပ် နှင့် ကြော်ငြာကုမ္ပဏီ အပါအဝင် ရေဒီယိုနှင့်ရုပ်မြင်သံကြားဆိုင်ရာမီဒီယာလုပ်ငန်းရှင် သူဌေးတစ်ဦး ဖြစ်ခဲ့သည်။

အစောပိုင်းဘဝ

[ပြင်ဆင်ရန်]

အန်ဒရီ လာဂျိုလီနာ ကို မာဒါဂတ်စကားနိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သည့် Antsirabe တွင် ချမ်းသာ သော မိသားစုမှ မွေးဖွားခဲ့သည်။၎င်း၏ဖခင်သည် ဗိုလ်မှူးကြီး Roger Yves Rajoelina ဖြစ်ပြီး၊ မာလာဂါစီ နှင့် ပြင်သစ်နိုင်ငံသား နှစ်ဦးအဖြစ် ခံယူထားပြီး၊အယ်လ်ဂျီးရီးယားစစ်ပွဲတွင် ပြင်သစ်စစ်တပ်အတွက် တိုက်ပွဲဝင်ခဲ့သူလည်း ဖြစ်သည်။[]

နိုင်ငံရေးလှုပ်ရှားမှုများနှင့်ယာယီအစိုးရတာဝန်

[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ်တွင် အန်ဒရီ လာဂျိုလီနာသည် Young Malagasies Determined ဟုခေါ်သည့် နိုင်ငံရေးပါတီကို တည်ထောင်၍ နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့သည်။ထိုနှစ်မှာပင် သူသည် မာဒါဂတ်စကားနိုင်ငံ၏မြို့ တော် အန်တာနာနာရီဗိုမြို့၏ မြို့တော်ဝန် အဖြစ် ရွေးချယ်ခံရသည်။ဤရာထူးကို ထမ်းဆောင်စဉ်တွင် သူသည် သမ္မတ မတ်ခ် ရာဗာလိုမာနာနာ (Marc Ravalomanana)အား ဆန့်ကျင်သည့် အဖွဲ့အစည်းကို ဦးဆောင်ခဲ့သည်။[]

၂၀၀၉ ခုနှစ်၊မတ် ၁၇ ရက် တွင် မာဒါဂတ်စကားနိုင်ငံအတွင်း၌ နိုင်ငံရေးအကျပ်အတည်း ဖြစ်ပွားခဲ့ပြီး၊နိုင်ငံ စစ်တပ်၏ စစ်အရာရှိ Hyppolite Ramaroson သည် နိုင်ငံအာဏာကို သမ္မတထံမှ အာဏာသိမ်း၍ လွှဲပြောင်းရယူခဲ့သည်။

ထို့နောက် စစ်တပ်ကောင်စီ သည် ၇နာရီမျှသာ အာဏာသိမ်းပြီးနောက် လာဂျိုလီနာ ကို မာဒါဂတ်စတားယာယီအစိုးရအဖွဲ့ သမ္မတ အဖြစ် ခန့်အပ်ခဲ့သည်။နိုင်ငံတကာအသိုင်းအဝိုင်းကမူ ထိုဖြစ်ပျက်လှုပ်ရှားမှုအား နိုင်ငံရေးအကျပ်အတည်းနှင့် စစ်တပ်ကျောထောက်နောက်ခံပြုအာဏာသိမ်းမှု ဟု သတ်မှတ်ခဲ့ကြသည်။

လာဂျိုလီနာ သည် လွှတ်တော်ကို ဖျက်သိမ်းပြီး၊ယာယီအစိုးရအဖွဲ့ကို ၅ နှစ်နီးပါးအကြာ ဦးဆောင်ခဲ့သည်။သူ၏ ယာယီအစိုးရအဖွဲ့သည် သက်တမ်း၅ နှစ်အတွင်း ဝန်ကြီးချုပ် ၅ ဦးအထိ ပြောင်းထဲပစ်ခဲ့သည်။သူသည် ၂၀၁၃ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲများကျင်းပပေးပြီးနောက်၊ ဆက်ခံသူထံ ၂၀၁၄ ခုနှစ်၊ဇန်နဝါရီ ၂၅ ရက် တွင် အာဏာလွှဲပြောင်းပေးခဲ့သည်။

သမ္မတတာဝန်

[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ် နိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် သူသည် အနိုင်ရခဲ့သည်။၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက် တွင် သမ္မတအဖြစ် ရာထူးလက်ခံခဲ့သည်။၎င်း၏ရာထူးသက်တမ်းတွင် မာဒါဂတ်စကားနိုင်ငံ ၌ COVID-19 ကူးစက်ရောဂါ ကို ကောင်းစွာ ထိန်းချုပ် မကုသနိုင်ခြင်း၊၀၂၁ ခုနှစ်အတွင်း စားနပ်ရိက္ခာ မလုံလောက်မှု အကျပ်အ တည်းနှင့် ဆိုင်ကလုန်း Batsirai ၏ သက်ရောက်မှုအား ကိုင်တွယ်ဖြေရှင်းမှုမပြုနိုင်ခဲ့ခြင်း စသည့် နိုင်ငံရေးစိန်ခေါ်မှုများအား ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်၊

သို့သော် အန်ဒရီ လာဂျိုလီနာသည် စိန်ခေါ်မှုများကြားမှပင် ၂၀၂၃ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။

အကျပ်အတည်းများနှင့် နိုင်ငံမှထွက်ပြေးခြင်း

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်ကစပြီး သူသည် နိုင်ငံအတွင်း ရေနှင့် ဓာတ်အား မကြာခဏ ပြတ်တောက်မှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ရေမီးပြတ်လပ်မှုများကြောင့် ပေါ်ပေါက်လာသည့် ဆန္ဒပြအုံကြွမှုများသည် နောက်ပိုင်းတွင် အဂတိလိုက်စားမှုနှင့်အတူ ညံ့ဖျင်းသည့်အုပ်ချုပ်မှုတို့ကိုပါ ဆန္ဒပြလာကြသည်။ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခြင်းကို ခံခဲ့ရသည်။[][]

ထိုဆန္ဒပြမှုများကို Gen Z တို့က ဦးဆောင်ခဲ့ကြပြီး၊နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာခဲ့သည်။အစိုးရက ဆန္ဒပြမှုကို ပြင်းပြင်းထန်ထန်တုန့်ပြန်ဖြေရှင်းခဲ့သည်။ လူ ၂၀ ကျော်အထိ သေဆုံးခဲ့သည်။

တစ်ဖက်တွင်လည်း သမ္မတ အန်ဒရီ လာဂျိုလီနာသည် ဆန္ဒပြမှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် ဝန်ကြီးချုပ် Christian Ntsay ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပယ်ခဲ့သည်။

သမ္မတ အန်ဒရီ လာဂျိုလီနာသည် ၎င်းအား အချို့သော နိုင်ငံရေးသမားများသည် ဆန္ဒပြပွဲများကို အခွင့်ကောင်းယူပြီး၊ အာဏာသိမ်းရန်စဥ်းစားနေကြသည့်အကြောင်း ကုလသမဂ္ဂတွင် မိန့်ခွန်းစဉ် ထည့်သွင်း ပြောကြားခဲ့သည်။[]

နိုင်ငံအဝှမ်းဆန္ဒပြမှုကို ရင်ဆိုင်နေရသည့် သမ္မတ ရာဂျိုလီနာသည် ၂၀၀၉ အာဏာသိမ်းမှု၌ ၎င်းအား အာဏာရအောင်ကူညီပေးခဲ့သည့် စစ်တပ်အထူးတပ်ဖွဲ့ CAPSAT ၏ ထောက်ခံမှုကိုပါ ဆုံးရှုံးခဲ့သည်။ယင်းတပ်ဖွဲ့သည် ဆန္ဒပြသူများနှင့်ပူးပေါင်းလိုက်ပြီး စစ်တပ်ကို တာဝန်ယူကွပ်ကဲ၍ စစ်ဦးစီးချုပ်သစ်တစ်ဦးအား ခန့်အပ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် သမ္မတ အန်ဒရီ လာဂျိုလီနာသည် ၎င်း၏အစိုးရကိုဖြုတ်ချကြရန်ကြိုးပမ်းမှုအခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။[]ထိုနေ့မှာပင် သူသည် ပြင်သစ်စစ်လေယာဥ်ဖြင့် နိုင်ငံမှ လူမသိသူမသိ ထွက်ပြေးသွားခဲ့သည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အတိုက်အခံလွှတ်တော်အမတ်တစ်ဦးမှ သမ္မတ အန်ဒရီ လာဂျိုလီနာသည် နိုင်ငံမှ ထွက်ပြေးသွားကြောင်း လူထုကို ထုတ်ဖော် အစီရင်ခံခဲ့သည်။[]သမ္မတ အန်ဒရီ လာဂျိုလီနာသည် ထိုနေ့နှောင်းပိုင်းတွင် နိုင်ငံကို မိန့်ခွန်းပြောကြားခဲ့ပြီး၊ သူသည် အသက်အန္တရာယ်ကြောင့် နိုင်ငံမှ ထွက်ပြေးခဲ့သည်ဟု ပြောဆိုကာ၊ ရာထူးမှ ဆင်းရန် ငြင်းဆန်ခဲ့သည်။ထို့နောက် သူသည် အောက်လွှတ်တော်ကို အမိန့်ဒီကရီဖြင့် ဖျက်သိမ်းရန် ကြိုးပမ်းခဲ့သည်။ ထိုဆောင်ရွက်ချက်သည် အောင်မြင်မှုမရခဲ့ဘဲ လွှတ်တော်အမတ်များသည် သမ္မတကို စွပ်စွဲပြစ်တင်ပြီး မဲခွဲဆုံးဖြတ်ကာ ဖြုတ်ချခဲ့ကြသည်။[]

၂၀၂၅ ခုနှစ်၊အောက်တိုဘာ ၁၄ ရက်တွင် လူထုအုံကြွမှု၏ပစ်မှတ်ဖြစ်လာပြန်သည့် အထက်လွှတ်တော်သည် ဥက္ကဋ္ဌ ကို ရာထူးမှ ချက်ချင်း ဖယ်ရှားလိုက်ပြီး အသစ်တစ်ဦးနှင့် အစားထိုး ခန့်အပ်ခဲ့သည်။ရွေးကောက်ပွဲပြုလုပ်ချိန်အထိ ထို အထက်လွှတ်တော်ဥက္ကဋ္ဌ အသစ် Jean André Ndremanjary သည် သမ္မတနေရာကို တာဝန်ယူခဲ့သည်။၇နာရီအကြာတွင် စစ်တပ်သည် နိုင်ငံ၏အာဏာကို သိမ်းယူခဲ့သည်။ စစ်တပ်အကြီးအကဲ Michael Randrianirina သည် မာဒါဂတ်စကားနိုင်ငံ၏ အာဏာကို ထိန်းချုပ်ကာ နိုင်ငံအကြီးအကဲတာဝန်ကို ရယူခဲ့သည်။[၁၀] [၁၁]

စစ်တပ်အကြီးအကဲ Michael Randrianirina သည် နိုင်ငံပိုင်ရေဒီယိုမှတဆင့် စစ်အာဏာသိမ်းလိုက်သည့်အကြောင်း၊ အောက်လွှတ်တော် မှလွဲ၍ မဏ္ဍိုင်အားလုံး ရပ်ဆိုင်းထားကြောင်း ကြေညာခြင်းဖြင့် သမ္မတ အန်ဒရီ လာဂျိုလီနာအစိုးရအဖွဲ့သည် ပြုတ်ကျသွားခဲ့ရသည်။ [၁၂]

ကိုးကား

[ပြင်ဆင်ရန်]
  1. From prison to presidential palace: Who is Madagascar's new military ruler? BBC (15 Oct 2025)။ 16 Oct 2025 တွင် ပြန်စစ်ပြီး။
  2. Francis Kpatindé။ "Andry Rajoelina a-t-il dit son dernier mot? – RFI" (in fr)၊ RFI Afrique
  3. How do you say ANDRY RAJOELINA? 2 July 2023 တွင် ပြန်စစ်ပြီး။
  4. "Madagascar president sacks government over deadly protests" (in en)၊ Le Monde၊ 29 September 2025။
  5. "Deadly youth-led protests force Madagascar's president to fire the prime minister and his government" (in en)၊ Face2Face Africa၊ 30 September 2025။
  6. "Madagascar president refuses to step down as antigov't protests continue" (in en)၊ Al Jazeera၊ 5 August 2025။
  7. "Madagascar presidency says attempt to seize power under way"၊ BBC News၊ October 12, 2025။
  8. "Madagascar's president says he fled the country in fear for his life after military rebellion"၊ AP NEWS၊ 13 October 2025။
  9. မာဒါဂါစကာနိုင်ငံတွင် Gen Z ဆန္ဒပြမှုများ ဖြစ်ပွားလာပြီးနောက် တိုင်းပြည်မှ သမ္မတထွက်ပြေး Eleven Media Group (၁၄ အောက်တိုဘာ ၂၀၂၅)။ ၁၆ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  10. "Madagascar's National Assembly votes to impeach president"၊ Channel News Asia၊ 14 October 2025။
  11. "Madagascar's military takes power, says colonel"၊ Reuters၊ 14 October 2025။
  12. မာဒါဂတ်စကာတွင် စစ်တပ် အာဏာသိမ်း၊ ၂ နှစ်အတွင်း ရွေးကောက်ပွဲလုပ်မည်ဟုဆို DVB (၁၅ အောက်တိုဘာ ၂၀၂၅)။ ၁၆ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။